SJ WorldNews - шаблон joomla Авто

၂၀၁၉-၂၀၂၀ ခုနှစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) ရိုးရာဝိုင်းဖွဲ့ ခြင်းလုံးခတ်ပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

Tuesday, 28 January 2020 07:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၇

၂၀၁၉-၂၀၂၀ ခုနှစ်၊  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲ   ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊  အားကစားခန်းမ၌ပြုလုပ်ရာ နယ်မြေခံတပ်မှ တပ်မတော် အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာနိုင်ငံခြင်းလုံး အဖွဲ့ချုပ်နှင့် ရိုးရာခြင်းလုံး အဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား  ဗိုလ်မှူးချုပ် ရဲကျော်ကျော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  တက်ရောက်လာကြသူများက ရိုးရာခြင်း အလှသရုပ်ပြကစားနေမှုများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ၏ ပထမနေ့ပွဲစဉ် ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။

အဆိုပါ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဒိုင်း   တပ်မတော် (ကြည်း၊ ရေ၊ လေ) ရိုးရာဝိုင်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲကို တပ်မတော် (ကြည်း၊ ရေ၊ လေ)၊ တိုင်း၊ တပ်မဌာနချုပ်များမှ ပြိုင်ပွဲဝင်ကိုးသင်းဖြင့် ဇန်န၀ါရီ ၃၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တင်းရရှိ သည်။                                                

 

Read 78 times Last modified on Tuesday, 28 January 2020 08:02