SJ WorldNews - шаблон joomla Авто

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါကာကွယ်ရေး ပြည်တွင်း၌ကြို တင်ပြင်ဆင်ထား

Tuesday, 28 January 2020 08:45 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၇

2019 Novel  Coronavirus ကြောင့်ဖြစ်ပွားသော   အဆုတ်ရောင်ရောဂါ ကာကွယ်ကုသရေးအတွက် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ထားရှိမှု လုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်ရေး ညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ရှိ ဆေးတကသိုလ်(၁) ရန်ကုန်၌ ကျင်းပသည်။

အစည်းအဝေး၌ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက  နိုင်ငံတကာမှ ပြည်တွင်းသို့ ၀င်ရောက်လာသည့် ခရီးသည် များကို  ရောဂါစောင့်ကြပ် ကြည့်ရှုမှုနှင့် ပြည်တွင်းသို့ ၀င်ရောက်စဉ်က သံသယ လကဏာများ မရှိသော်လည်း ရောဂါပျိုးချိန် အတွင်း သံသယ လကဏာများ ပေါ်ပေါက်ပါက  စောစီးစွာတုံ့ပြန်ဆောင် ရွက်မှုတို့တွင် အထူးအရေးကြီးပါကြောင်း၊  သံသယ လူနာများ တွေ့ရှိပါက လူနာလွှဲပြောင်းမှု၊ သီးခြားခန်းတွင် ထားရှိကုသမှုများကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ  တင်းကျပ်စွာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊  ၀န်ကြီးဌာနအတွင်းသာမက နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့်ပါ ချိန်သားကိုက် ချိတ်ဆက် ဆောင်ရွက်မှုများ ကောင်းမွန်ရေးသည်  အထူးအရေးကြီးပါကြောင်း။

ထို့ပြင် နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်း များနှင့် သတင်းအချက်အလက်များအပြန်အလှန်ဆက်သွယ်ပေးပို့ရေးသည် အရေး ကြီးပါကြောင်း၊ ယခုအစည်းအဝေး၏ ဆွေးနွေးမှုများကို တက်ရောက်လာကြသူ များသာမက  နိုင်ငံတစ်ဝန်းလုံးရှိ  ဆေးရုံ အုပ်များသိရှိရန်  ဖြန့်ဝေသွားရမည်ဖြစ်ကြောင်း၊ ကုသရေး၊ ပြည်သူ့ကျန်းမာရေးနှင့် ဓာတ်ခွဲဆိုင်ရာကဏ္ဍများအနေဖြင့် တူညီသော သတင်းအချက်အလက်များအချိန်နှင့် တစ်ပြေးညီရရှိရန်၊ အပြန်အလှန်သတင်း ဖလှယ်ရန် ဆက်သွယ်ရေး ကွန်ရက် လမ်းကြောင်းတစ်ခု ချက်ချင်းဖော်ဆောင်ထားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်ရန် ဗဟို ကော်မတီနှင့် လုပ်ငန်း ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်သည့် ဌာန၊ တာဝန်ရှိသူများ အချိန်ကိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် (Synchronized  coordination  and  collaboration) လုပ်ကိုင် ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက 2019 Novel  Coronavirus(2019- nCoV) ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ဖြစ်ပွား ပျံ့နှံ့မှုများ၊ ကမ်္ဘာ့ကျန်းမာရေး အဖွဲ့အပါအ၀င်  နိုင်ငံတကာကျန်းမာရေး အဖွဲ့အစည်းများမှ ထုတ်ပြန် ကြေညာ ချက်များ၊  မြန်မာနိုင်ငံတွင်  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ    နိုင်ငံတကာ ၀င်ပေါက်၊ ထွက်ပေါက် လမ်းကြောင်းများ၌ ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှု၊ လုပ်ငန်းလမ်းညွှန်များ ဖြန့်ဝေထားရှိမှု၊ သံသယ လူနာ များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်းကုသမှုအတွက် စီစဉ်ထားရှိမှု၊ ဆေးရုံ များတွင် သံသယ လူနာများအတွက် သီးခြားခန်းများ ပြင်ဆင်ထားရှိမှု၊ ပြည်သူများထံ ကျန်းမာရေး အသိပေးချက်နှင့် အသိပညာများ ဖြန့်ဝေ ထားရှိမှု၊ နှီးနွှယ်ဝန်ကြီးဌာန များနှင့်  ချိတ်ဆက် ဆောင်ရွက်ထားရှိမှု၊ ရောဂါဖြစ်ပွားရာဒေသများမှ ၀င်ရောက် လာသော ခရီးသည်များသည် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်စဉ်က သံသယဖြစ်ဖွယ် လကဏာများ မရှိသော်လည်း ရောဂါ ပျိုးချိန် အတွင်း ရောဂါဖြစ်ပွားမှု သံသယရှိပါက စောစီးစွာ ထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့်  အခြားသူများထံ  ရောဂါပြန့် ပွားမှု မရှိစေရန်တို့အတွက် တုံ့ပြန်ဆောင်ရွက်မှု များပြုလုပ်ရန် ဆောင်ရွက်ထားရှိမှု၊ ဆေးနှင့် ဆေးပစည်း၊ ဘဏ္ဍာရေး ကြိုတင် ပြင်ဆင် ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ဆေးရုံအုပ်ကြီးများနှင့် ဒုတိယဆေးရုံအုပ် ကြီးများက ဆွေးနွေး အကြံပြုမှုများ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံးတွင် ကျင်းပသည့်  ဟိုတယ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းနှင့် ပုဂလိက ဆေးရုံ လုပ်ငန်းများမှ တာဝန်ရှိသူများက ရောဂါ စောင့်ကြပ်ကြည့် ရှုမှု လုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန် အသိပေး ရှင်းလင်းဆွေးနွေးပွဲ ကို တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ၀န်ကြီးဌာနအနေဖြင့် နိုင်ငံတကာ ၀င်ပေါက်၊ ထွက်ပေါက်လမ်းကြောင်းများ၌ သေချာ စွာ ရောဂါစောင့်ကြပ် ကြည့်ရှုဆောင်ရွက်နိုင်ပါက သံသယလူနာများနှင့် ရောဂါဖြစ်ပွားသူများကို စောစီးစွာသိရှိ ထောက်လှမ်း နိုင်ရေးဆောင် ရွက်လျက်ရှိကြောင်း၊ ကမာ့ ကျန်းမာရေးအဖွဲ့၏ လက်ရှိထုတ်ပြန်ချက်များအရ 2019  Novel Coronavirus ကြောင့် ဖြစ်ပွားသော  အဆုတ်ရောင်ရောဂါ၏ ရောဂါပျိုးချိန်သည် ရက်သတ်္တနှစ်ပတ်ခန့်ရှိသဖြင့် ရောဂါဖြစ်ပွား ရာဒေသများမှ  ၀င်ရောက်လာသောခရီး သည်များသည်   မြန်မာနိုင်ငံအတွင်းသို့  ၀င်ရောက်စဉ်က သံသယဖြစ်ဖွယ် လကဏာ များမရှိ၊ နာမကျန်းမှု မရှိသော်လည်း ရောဂါပျိုးချိန်အတွင်း ရောဂါဖြစ်ပွားမှုရှိနိုင်ပါကြောင်း။

ထိုသို့သော လူနာများကို စောစီးစွာ ထောက်လှမ်းသိရှိရန်၊ ကုသပေးရန်နှင့် အခြားသူများထံ ရောဂါပြန့်ပွားမှု မရှိရန်အတွက် အရေးကြီး သဖြင့် အလေးထားဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အဆိုပါရောဂါသည် လူတစ်ဦးတွင် ရောဂါရှိပါက အခြား သူများသို့ မကူးစက်နိုင်သည့် သွေးတိုး၊ ဆီးချို၊ နှလုံး ရောဂါတို့ကဲ့သို့မဟုတ်ဘဲ လူတစ်ဦးမှ တစ်ဦးထံ ကူးစက်နိုင်သည့် ရောဂါဖြစ်သဖြင့် အဖွဲ့ အစည်းများနှင့်ပြည်သူများ တစ်ဦးချင်းစီ မှ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း။

ထိုသို့ဆောင်ရွက်ရာတွင် ဟိုတယ်လုပ်ငန်း ဆောင်ရွက်သူများ၊ ဟိုတယ်နှင့် တည်းခိုခန်းဝန်ထမ်းများနှင့် ခရီးသွားကုမဏီများ နှင့် ဧည့်လမ်းညွှန်များ၏ အခန်းကဏ္ဍသည် ယခုအချိန်၌ အလွန်အရေးကြီးပါကြောင်း၊ ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော Health Declaration  Form ကို  ပြည်ပမှ  လေကြောင်းခရီးဖြင့် လာရောက်သည့် ခရီးသည်များကို စနစ်တကျ ပြည့်စုံစွာ ဖြည့် စွက်ထား မှသာ ပြည်တွင်းသို့ ၀င်ရောက်ခွင့်ပြုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တစ်ဆင့် နိုင်ငံတကာ လေကြောင်းလိုင်းများသို့ အကြောင်းကြားထားပြီး ဆောင်ရွက်နေပြီဖြစ်ကြောင်း။

နိုင်ငံတကာ ခရီးသွားများ မြန်မာနိုင်ငံသို့ ၀င်ရောက်စဉ်တွင် တည်းခိုနေထိုင်မည့်ဟိုတယ်နှင့် တည်းခိုခန်းလိပ်စာများ၊ သွား လာမည့် နေရာဒေသများကို အဆိုပါ Health Declaration Form များတွင် ဖြည့်သွင်းစေပြီး မှတ်သားထားရှိပါကြောင်း၊ သက်ဆိုင်ရာ တည်းခိုခန်းနှင့် ဟိုတယ်များမှ တာဝန်ရှိ သူများနှင့် ခရီးသွားလမ်းညွှန်များ အနေဖြင့် လာရောက်တည်းခိုသည့် နိုင်ငံ တကာခရီး သည်များတွင် ရောဂါဖြစ်ပွားမှုသံသယ လကဏာများ တွေ့ရှိရခြင်း၊ နာမကျန်းဖြစ်ခြင်း တို့ကို တွေ့ရှိပါက သတ်မှတ် ထားသော ကျန်းမာရေးဌာနသို့ ချက်ချင်း တယ်လီဖုန်းဖြင့် အကြောင်းကြားပေးကြစေ လိုပါကြောင်း၊ ဆေးရုံမှ တာဝန်ရှိ သူများ ကလည်း ချက်ချင်း တုံ့ပြန် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ရောဂါ၏ သံသယ လကဏာများကို တည်းခိုခန်းနှင့် ဟိုတယ်များမှ ၀န်ထမ်းများ၊ ခရီးသွားလမ်းညွှန်များနှင့်  ခရီးသည်များ သိရှိစေရေး ကျန်းမာရေးအသိပညာပေး  ဗွီနိုင်းပိုစတာများကို ဟိုတယ်နှင့်တည်းခိုခန်း များတွင် အမြန်ဆုံးတပ်ဆင်ထားရှိပေးကြ

စေလိုပါကြောင်း၊ ပုဂလိကဆေးရုံ၊ ဆေးခန်း များအနေဖြင့်  2019  Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ သံသယလူနာများ လာရောက်ပြသမှုရှိပါက လုပ်ထုံးလုပ်နည်းများကို စနစ်တကျလိုက်နာ ဆောင် ရွက်ခြင်း၊ သတ်မှတ်ထားသော ဆေးရုံသို့ ချက်ချင်းသတင်းပေးပို့အကြောင်းကြား ခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

ပြည်သူများအနေဖြင့်  ထိုသို့သံသယ ရောဂါ လကဏာများနှင့် လူနာများကိုတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ရှိ ကျန်းမာရေး ဌာနသို့ အကြောင်းကြားပေးနိုင်ရန် အရေး ပေါ် ၂၄ နာရီ ဆက်သွယ်ရေးလမ်းကြောင်း ထားရှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ 

အများပြည်သူသုံး  ဘတ်စကားများတွင် ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေး စတစ်ကာများ တပ်ဆင်ထား ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြစေလိုပါကြောင်း။

ယခုကဲ့သို့အစပိုင်းကာလတွင် ကျန်းမာရေး ၀န်ထမ်းများ၊ တည်းခိုခန်းနှင့် ဟိုတယ်များမှ ၀န်ထမ်းများ၊ ခရီးသွား လမ်းညွှန်များ၊ ပြည်သူများနှင့်  ခရီးသည်များ ကိုယ်တိုငပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့် ရောဂါ ကာကွယ်နှိမ်နင်းမှုလုပ်ငန်းများ ထိရောက် အောင်မြင်မည်ဖြစ်ကြောင်း၊ ရောဂါ၏ ရောဂါဖြစ်ပေါ်ပြောင်းလဲမှု သဘောသဘာဝ (natural history of disease)j ဖြစ်စဉ်ကို ကမာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများက ဆက်လက် လေ့လာ လျက် ရှိပါကြောင်း။

ကမာ့ကျန်းမာရေး အဖွဲ့အနေဖြင့် အဆိုပါ ရောဂါဖြစ်ပွားမှုများကို ပြည်သူ့ကျန်းမာရေး ဆိုင်ရာ နိုင်ငံတကာအရေး ပေါ် အခြေအနေ အဖြစ် သတ်မှတ်ထားခြင်းမရှိသေးသော် လည်း ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း များကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရန် အကြံပြုတိုက်တွန်းထားသည်နှင့်အညီ ၀န်ကြီးဌာနမှ ကြိုတင်ပြင်ဆင်မှုလုပ်ငန်း များ ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ပြည်သူ များအနေဖြင့်   အင်တာနက်ကွန်ရက်မှ သတင်းအချက်အလက်များကို လေ့လာ ကြည့်ရှုသည့်အခါ ကမာ့ ကျန်းမာရေး အဖွဲ့၊ US CDC၊ နိုင်ငံတကာ ကျန်းမာရေးဝန်ကြီး ဌာနများနှင့် တရုတ်ပြည်သူ့ သမတနိုင်ငံမှ  တရားဝင် အင်တာနက် စာမျက်နှာများ စသည့် ခိုင်မာသော   သတင်းအရင်းအမြစ်များမှ သတင်း အချက်အလက်များကို လေ့လာရ မည်ဖြစ်ပါကြောင်း။

အခြား ခိုင်မာမှု မရှိသော သတင်းအရင်း အမြစ်များမှ အချက်အလက်များကို စိတ်ချ ရသော သတင်းအရင်းအမြစ်များမှ အချက် အလက် များနှင့် ချိန်ထိုး တိုက်ဆိုင်စေလိုပါ ကြောင်း၊ ၀န်ကြီးဌာန အနေဖြင့် တရုတ် ပြည်သူ့ သမတနိုင်ငံ အပါအ၀င် နိုင်ငံတကာတွင် 2019 Novel Coronavirus (2019-nCoV) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင် ရောဂါဖြစ်ပွားမှု၊   ကူးစက်ပြန့် ပွားမှုနှင့် သေဆုံးမှုများကို မျက်ခြည်မပြတ်လေ့လာ၍ တုံ့ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပြည်သူများအနေဖြင့် မိမိတို့ လုပ်ဆောင်နိုင်သည့်ကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက် ပေးကြပါရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာထွန်းတင်က  ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများ အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိ မှုများနှင့်  ရောဂါနှင့် ပတ်သက်၍ ကမာ့ကျန်းမာရေး အဖွဲ့မှ နောက်ဆုံး ရရှိထားသော အချက်အလက်များကို လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေးအသိ ပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး (တာဝန်) ဒေါက်တာ သန်းနိုင်စိုးက ပြည်သူများထံ ရောဂါကာကွယ်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ကျန်းမာရေး အသိပညာများ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေ ဆောင်ရွက်နေသည့်  လုပ်ငန်း အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာကြသူများ က သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြရာ ပြည်သူ့ ကျန်းမာရေး၊ ကုသရေးနှင့် ဓာတ်ခွဲပညာ ရှင်များမှ ပြန်လည်ဖြေကြား ကြကြောင်း သိရသည်။    

(သတင်းစဉ်)

Read 76 times Last modified on Tuesday, 28 January 2020 08:47