SJ WorldNews - шаблон joomla Авто

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန် အစည်း အဝေးများ စတင်ကျင်းပ

Tuesday, 28 January 2020 09:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၇၊

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ဒုတိယအကြိမ်  ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်   ပုံမှန်အစည်းအဝေး ပထမနေ့ကို   ယနေ့မွန်းလွဲ ၁ နာရီခွဲတွင်  နေပြည်တော်ရှိ   ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမ၌   ကျင်းပသည်။

အစည်းအဝေးတွင်    ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စု သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် အပါအ၀င်    ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၃၅၁ ဦးက   လက်မှတ်ရေးထိုးပေးပို့ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၄၃၆) ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ(ခ) တို့နှင့်သက်ဆိုင်သော ပြည်ထောင်စု သမတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့် ဥပဒေ ကြမ်းနှစ်ခုအား ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော်က လက်ခံရရှိထားကြောင်း၊ အဆိုပါ ဥပဒေမူကြမ်းနှစ်ခု နှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော် နည်းဥပဒေဆိုင်ရာ နည်းဥပဒေ ၁၃၅ နှင့်အညီ      လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးခြင်း မပြုမီအသေးစိတ်လေ့လာ စိစစ်နိုင်ရန် အတွက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်ဥပဒေကြမ်း ကော်မတီဝင်အားလုံး ပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေးကော်မတီကို ပြည်ထောင်စု လွှတ်တော်ရုံး၏ ၂၇-၁-၂၀၂၀ ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၀)ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း၊ ယင်းအမိန့်ကြေညာစာနှင့်အတူ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်း ဟိန်နှင့် အဖွဲ့ တင်ပြ ထားသော ပေးပို့စာအပါအ၀င် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း နှစ်ခုနှင့် ပူးတွဲအကြောင်း အရာ မ္တိုများကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေထားကြောင်း အသိပေး တင်ပြသည်။

ဆက်လက်၍ ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံ စာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှု အခြေအနေ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥကဋ္ဌ ဦးစိုးမင်းက လွှတ်တော်သို့ရှင်းလင်းတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် များရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်သမတထံမှ ပေးပို့ ထားသော တစ်ထောင်ကျပ်တန် ပုံစံသစ်ငွေ စကူ ထုတ်ဝေခဲ့မှုအခြေအနေ နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက ဦးစိုးမင်းက ၂၀၁၇ ခုနှစ် နိုင်ဝင်ဘာလတွင် ကျင်းပခဲ့သည့် ပြည်သူ့ လွှတ်တော် အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မဲ ဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်း ၏ ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန်ရှိလာမည့် ငွေစက္ကူ များအပေါ် တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ များဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ထောက်ခံ ဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်တစ်ဦးက  အကြံပြုဆွေးနွေးခဲ့ကြောင်းအဆိုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   သဘောထားနှင့် ခံယူချက်သည် အဆိုရှင်၏အဆိုနှင့်သဘော ထားတူညီသည့်အတွက် အတည်ပြုပေးရန် ထောက်ခံဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ရာ ထောက်ခံ မဲများသည့်အတွက် အဆိုကို အတည်ပြုခဲ့ကြောင်း၊ ငွေစကူသစ်များထုတ်ဝေရာတွင် စက္ကူအရည်အသွေး ပိုမို ကောင်း မွန်ရန်၊ အတုအပပြုလုပ်ခြင်းမှကာကွယ်ရန်နှင့် လုံခြုံရေးအဆင့်အတန်းမြှင့်တင်ရန်  အခြေအနေများအရ လိုအပ်သလို ပြင်ဆင် ထုတ်ဝေရကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် တစ်ထောင်ကျပ်တန် ငွေစက္ကူပုံစံသစ်ထုတ်ဝေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်  ဥပဒေ ပုဒ်မ ၆၅ နှင့် ၆၆ ပါ ပြဋ္ဌာန်းချက်များနှင့် အညီ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခဲ့ပြီး သဘောတူညီချက်ရယူ ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တစ်ထောင်ကျပ်တန် ငွေစက်္ကူပုံစံသစ်ကို ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီ ၄ ရက်တွင် စတင်ထုတ် ဝေမည်ဖြစ်ကြောင်းကို ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ တစ်ထောင်ကျပ်တန် ပုံစံသစ် ငွေစက္ကူကို လွတ်လပ်ရေး နေ့တွင် အမှတ်တရ ဖြစ်စေရန် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် အစိုးရရုံး ပိတ်ရက်ဖြစ်နေသည့်အတွက်  ဇန်န၀ါရီ ၇ ရက်တွင် ပြည်သူများထံ ဖြန့်ဝေ ခဲ့ကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မနှင့်အညီ တစ်ထောင်ကျပ်တန် ပုံစံသစ် ငွေစကူ ပြောင်းလဲထုတ်ဝေခဲ့မှုအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုမှတ်တမ်း တင်ပေးနိုင်ရန် ရှင်းလင်းတင်ပြပြီး အတည် ပြုချက်ရယူရာ သဘောမတူသူ မရှိသည့် အတွက် လွှတ်တော်က သဘောတူအတည် ပြုကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုဥပဒေ ဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ ခြောက်လတာ ကာလလုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့အတွင်းရေးမှူး ဦးခင်ဇော်က လွှတ်တော်သို့ ရှင်းလင်း တင်ပြပြီး ၎င်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်း နိုင်ကြောင်း သိရသည်။

ဆက်လက်၍ နိုင်ငံတော် သမတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည် ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ပိုလန်နိုင် ငံ အစိုးရထံမှ ODA ချေးငွေ ယူရို ၅၀ သန်း ရယူရေး ကိစနှင့် စပ်လျဉ်းပြီး လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေး ကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇန်န၀ါရီ ၂၈ရက်တွင် ဆက်လက် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်လင်းဦး (မြ၀တီ)

.............

Read 89 times Last modified on Tuesday, 28 January 2020 09:20