SJ WorldNews - шаблон joomla Авто

မြန်မာ အမျိုးသမီးအသင်း ဒုတိယ ခြေစမ်းပွဲတွင် ထိုင်းနှင့်သရေကျ

Wednesday, 29 January 2020 08:09 font size decrease font size decrease font size increase font size increase font size

မနလေး  ဇန်န၀ါရီ  ၂၈

၂၀၂၀ အိုလံပစ် တတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင် နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဒုတိယ ခြေစမ်း ပွဲအဖြစ် ထိုင်းလက်ရွေးစင်အမျိုးသမီးအသင်းနှင့် ယနေ့ညနေပိုင်းတွငမနလေးမြို့ရှိ မနလာသီရိကွင်း၌ ယှဉ်ပြိုင် ကစားရာ တစ်ဂိုးစီသရေကျ ခဲ့သည်။

မြန်မာအမျိုးသမီးအသင်းသည် အမာခံ ကစားသမားအများစုဖြင့် ပွဲထွက်ခဲ့သော်လည်း ခြေစွမ်းတည်ငြိမ်ခြင်း မရှိသေးဘဲ ပထမ ပိုင်းတွင်သာ ကစားပုံကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းတွင် အမှားများကာထိုင်းအသင်း၏  ဖိအားပေးခြင်းကိုခံခဲ့ရသည်။ ထိုင်းအသင်းသည် ဒုတိယပိုင်းတွင် ဂိုးသွင်းခွင့်များစွာရခဲ့ပြီး အသုံးမချနိုင်ခဲ့၍သာ သရေရလဒ်ဖြင့် ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး မြဖူးငုံ(ဂိုး)အိရတနာဖြိုး၊ ချစ်ချစ်၊ ခင်မျိုးဝင်း၊ ဖြူဖြူဝင်း၊ ခင်မာလာထွန်း၊ခင်မိုမိုထွန်း၊ ခင်မိုးဝေ၊ နုနု၊ ၀င်းသိင်္ဂီထွန်း၊ ရီရီဦးတို့ဖြင့် ပွဲထွက်ခဲ့ပြီး ထိုင်းအသင်း မှာလည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့သည်။ 

မြန်မာအမျိုးသမီးအသင်းသည် ပွဲအစတွင် တိုက်စစ်အားပြုကစားခဲ့ပြီး ၁၈ မိနစ်တွင် မြန်မာအသင်းဦးဆောင်ဂိုးရခဲ့ကာ  ခင်မိုးဝေ ဖြတ်ပို့သည့် ဘောလုံးကို နုနုက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးရရန် ကြိုးစား

လာပြီး ပထမပိုင်းထက် ကစားပုံပိုကောင်း လာသောကြောင့် မြန်မာအသင်း ခံစစ်အားပြုကစားခဲ့ရသည်။ ၅၁ မိနစ်တွင် ထိုင်း အသင်း ချေပဂိုးပြန်ရခဲ့ပြီး  ပန်အမ်ဂန်က   ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက  ပိုဖိကစားနိုင်သလို ဂိုးရနိုင်သည့် အခွင့်အရေးများစွာ ရရှိခဲ့သော်လည်း တိုင်ထိထွက်ခြင်း ဘားထိ ထွက်ခြင်း၊ မြန်မာဂိုးသမား မြဖူးငုံ ကာကွယ်နိုင်ခဲ့ခြင်းတို့ကြောင့် မြန်မာအသင်းဂိုးထပ်မပေးရခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် ထိုင်းအသင်းသည် ဇန်န၀ါရီ ၂၅ ရက်၊ ၂၈ ရက်တွင် မနလေးမြို့၌ ခြေစမ်းပွဲနှစ်ပွဲ ကစားခဲ့ရာ မြန်မာအသင်းသည် ပထမပွဲတွင် ၂ ဂိုး ၁ ဂိုးဖြင့် အရေး နိမ့်ခဲ့ပြီး ဒုတိယပွဲတွင် တစ်ဂိုးစီသရေကျခဲ့သည်။

Read 72 times Last modified on Wednesday, 29 January 2020 08:10