SJ WorldNews - шаблон joomla Авто

ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Wednesday, 29 January 2020 09:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဇန်န၀ါရီ  ၂၈

ဒုတိယသမ်္မတ  ဦးဟင်နရီဗန်ထီးယူ သည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမတနိုင်ငံ သံအမတ်ကြီး မစတာ လီဆန်ဟွာအား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကိုရီးယား သမတနိုင်ငံတို့အကြား  ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာ  ကိစရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုတိုးမြှင့်ရေးဆိုင်ရာကိစ်္စရပ်များ၊ နှစ်နိုင်ငံပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ်္စရပ်များ၊ ကိုရီးယာသမတ နိုင်ငံ တွင် ကျင်းပမည့်ငြိမ်းချမ်းရေး၊   လုံခြုံရေးနှင့်  လူသားဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ    ကမာ့ ထိပ်သီးအစည်းအဝေးသို့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ရေး ဆိုင်ရာကိစရပ်များကို   ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် တာဝန် ရှိသူများ  တက်ရောက်ကြကြောင်း  သိရသည်။

(သတင်းစဉ်)

Read 71 times Last modified on Wednesday, 29 January 2020 10:22