SJ WorldNews - шаблон joomla Авто

ခေါင်လန်ဖူးဒေသရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့်ဒေသခံ တိုင်းရင်းသား ပြည်သူများအတွက် စားသောက်ဖွယ်ရာ များနှင့် သက်သာ ထောက်ပံ့ပစ္စည်းများအား တပ်မတော် ရဟတ်ယာဉ်ဖြင့်ပို့ဆောင်

Thursday, 13 February 2020 07:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၂

ကချင်ပြည်နယ်အတွင်း  လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဝေးလံခေါင်းပါးသည့် ပူတာအိုခရိုင် ခေါင်လန်ဖူးဒေသရှိ ဌာန  ဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့်  သက်သာ ထောက်ပံ့ ပစည်းများကို ဖေဖော်ဝါရီ ၁၀ ရက်မှ ယနေ့အထိ ပူတာအိုမြို့မှ ခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ် ယာဉ်ဖြင့် လေးခေါက် သယ်ယူပို့ဆောင် ပေးသည်။

ခေါင်လန်ဖူးဒေသရှိ ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ  တာဝန်ရှိသူများက သွားရောက်တွေ့ဆုံပြီး စားသောက်ဖွယ်ရာများဖြစ်သည့် ကြက်သွန်နီ ၁၀၅ ပိဿာ၊ ကြက်သွန်ဖြူ ၁၆ ပိဿာ၊ ခေါက်ဆွဲ ၂၄ ဖာ၊ ကြက်ဥ ၁၅၀၀ လုံး၊ ဆား နှစ်အိတ်တို့ကို ပေးအပ်ခဲ့သည်။

ထို့ပြင် ခေါင်လန်ဖူးမြို့ဝန်းကျင်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ဒေသခံတိုင်းရင်းသားပြည်သူများ လွယ်ကူစွာဝယ်ယူ စားသုံး နိုင်ရန် အတွက် တပ်မတော်အစီအစဉ်ဖြင့် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသော သက်သာဆိုင်အတွက် ဆန် ၂၂ အိတ်၊ ဆီ ၆၂ ပိဿာ၊ အိုင်အိုဒင်းဆား ၁၂ အိတ်၊ ပဲ လေးအိတ်၊ ကြက်သွန်ဖြူ သုံးအိတ်၊ ကြက်ဥ ၂၀၀၀ လုံး၊ အာလူး နှစ်အိတ်၊ မှော်ဘီခေါက်ဆွဲ ၁၂ ဖာ၊ ဂျုံမှုန့် ငါးအိတ်၊ ရွှေဖီဦး ငါးဖာ၊ နန်းမြိုင် ငါးဖာ၊ သီးစုံဘူး ၈၇၃ ဘူး၊  တီးမစ် ၁၆ ဖာနှင့် စည်သွတ်ဘူး ၄၈၀ ဘူးတို့ကို တပ်မတော် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့သည်။

ထိုသို့ပို့ဆောင်ပေးရာတွင် ပူတာအိုမြို့မှ နယ်မြေခံ ကုန်ပစည်းများအား မော်တော်ယာဉ်များပေါ်မှ ရဟတ် ယာဉ်ပေါ်သို့ ပြောင်းရွှေ့သယ်ဆောင်ပေး ခဲ့ပြီး ခေါင်လန်ဖူးမြို့တွင် နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်(ဌာနေ)

တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ရဟတ်ယာဉ်ပေါ်မှ ပစည်းများအား ရွှေ့ပြောင်းသယ်ဆောင်ပေးသည်။ ထို့နောက် ခေါင်လန်ဖူးမြို့မှ ပူတာအိုမြို့သို့ သွားရောက်မည့် ဌာနဆိုင်ရာ ၀န်ထမ်း များ၊ ဆေးရုံပြသမည့် ဒေသခံ ပြည်သူများအား တပ်မတော်ရဟတ်ယာဉ်ဖြင့်  ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။

                            

 

Read 118 times Last modified on Thursday, 13 February 2020 07:20