SJ WorldNews - шаблон joomla Авто

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးဆောင်သော စစ်တွေမြို့ ရပ်မိရပ်ဖများအား လက်ခံတွေ့ဆုံ

Thursday, 13 February 2020 22:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် ဦးဆောင်သော ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရပ်မိရပ်ဖများ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တပ်မတော်အရာရှိကြီးများ တက်ရောက် ကြပြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီးနှင့် အတူ စစ်တွေမြို့မှ ရပ်မိရပ်ဖများဖြစ်ကြသည့် ဦးရွှေမောင်၊ ဦးသန်းရွှေ၊ ဦးရွှေကျော်သာ၊ ဦးသာနို့ အောင်၊ ဦးမြင့်ကျော်နှင့် ဦးစိန်သာဦးတို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများနှင့် စေတနာ ရှင်ပြည်သူများ၏စုပေါင်းလှူဒါန်းမှုဖြင့် မြို့ကျက်သရေဆောင် သာသနာ့ ဗိမာန်တော်ကြီး တည်ဆောက်ပြီး စီးခဲ့ခြင်းကြောင့် ရခိုင်ပြည်နယ်ရှိ စာဖြေသံဃာတော်ျားအတွက် ကိုယ်စိတ်ချမ်းမြေ့စွာဖြင့် ပရိယတ္တိစာမေးပွဲများ ကျင်းပနိုင်ခြင်း၊ ဓမ္မသဘင်များ ကျင်းပနိုင်ခြင်းစသည့် သာသနာရေးဆိုင်ရာအခမ်းအနားများ ကျင်းပနိုင်ပြီဖြစ်၍ ရဟန်းရှင်လူ ပြည်သူများက ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရသည့်အခြေအနေများ၊ အိန္ဒိယနိုင်ငံနှင့် နီပေါ နိုင်ငံတို့တွင် ဗုဒ္ဓဘာသာထွန်းကား ပြန့်ပွားရေးအတွက် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်ခဲ့ သော ကမ္ဘာ့သာ သနာပြုဆရာတော်ကြီး ဥူးစန္ဒြမဏိ၏ ကြေးရုပ်တုတည်ထားရန် တပ်မတော်၏လှူဒါန်းမြေတွင် ဆောင်ရွက် လျက်ရှိသည့် အခြေအနေများနှင့် အခြားသော သာသနိက အဆောက်အဦများဆောက်လုပ် လှူဒါန်းမှုပြုလုပ် လျက်ရှိသည့် အခြေအနေများ၊ စစ်တွေမြို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဒေသတည်ငြိမ်အေးချမ်းမှု ရှိရန်လိုအပ်သည့် အခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။