SJ WorldNews - шаблон joomla Авто

တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ မကွေးတိုင်းဒေသကြီး အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ

Friday, 14 February 2020 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဖေဖော်ဝါရီ   ၁၃

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊  မင်းတုန်းမြို့နယ်နှင့် ကံမမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးရန် ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ စတင်ထွက်ခွာသွားသည်။

အဆိုပါ  တပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ နှင့်အတူ ရွေ့လျားခွဲစိတ် ကုသယာဉ်၊ ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်၊   ရွေ့လျားဓာတ်ခွဲခန်းယာဉ်နှင့် သွားရောဂါခွဲစိတ်ကုသရေးယာဉ်တို့ ပါဝင်ပြီး မကွေးတိုင်းဒေသကြီး၊ သရက်၊ မင်းတုန်းနှင့် ကံမမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံပြည်သူများအား   လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။  

Read 58 times Last modified on Friday, 14 February 2020 08:33