SJ WorldNews - шаблон joomla Авто

ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အာဟာရ ကျွေးမွေးခြင်း အခမ်းအနား ကျင်းပ

Friday, 14 February 2020 09:41 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး တောင်ကြီးမြို့   မြို့တော်ခန်းမ၌  ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ်   အာဟာရ ကျွေးမွေးခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 နိုင်ငံတော်၏   အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ယနေ့နံနက် ၈ နာရီခွဲတွင် တောင်ကြီးဟိုတယ်၌ ရှမ်းပြည် နယ်အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေး၊ ဒေါက်တာဝင်းမြတ်အေး၊ရှမ်းပြည်နယ်အစိုးရအဖွဲ ၀န်ကြီးချုပ်  ဒေါက်တာလင်းထွဋ်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်သူနှင့် ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ““၀””ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ   ဒေသနှင့် ပလောင်  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်   ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကြီးမြို့  မြို့တော်ခန်းမ၌ ကျင်းပသည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် အာဟာရကျွေးမွေးခြင်း အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ခ၀ဲခြံမျက်မမြင်ကျောင်း (ငြိမ်းချမ်းရေးတွဲလက်များ)   ဂီတအဖွဲ့က ““ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ပြုတေး””   နှင့် ““မငြိမ်းချမ်းလို့ မဖြစ်ဘူး”” တေးသီချင်းတို့ဖြင့် ဂုဏ်ပြုနှုတ်ဆက် ဖျော်ဖြေကြသည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ် အောင်ဆန်း၏ (၁၀၅)နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အမှာစကား ပြောကြားရာတွင် ယနေ့သည် မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း၏   (၁၀၅)နှစ်မြောက် မွေးနေ့ဖြစ်သည်ကို အားလုံးသိကြပြီးဖြစ်ကြောင်း၊ မိဘမဲ့ကလေးများသည်  မိဘ၏ တန်ဖိုးကို ပို၍သိမည်ဟု ယုံကြည်ကြောင်း၊     မိမိကိုယ်တိုင်လည်း ငယ်စဉ်ကတည်းက ဖခင်မဲ့ခဲ့ရကြောင်း၊ ဖခင် မဲ့ရသည့် အခြေအနေကို   ကိုယ်တိုင်သိရှိရကြောင်း၊ ယခုကဲ့သို့ မိမိဖခင်၏ မွေးနေ့တွင် မိဘမဲ့ကလေးများကို အာဟာရ ကျွေးမွေးရသည့် အတွက် ၀မ်းသာကြောင်း၊ ကလေးငယ်များ အတွက်လည်း တန်ဖိုးရှိသည့် အခမ်းအနား တစ်ခုဖြစ်စေလိုကြောင်း၊ ခ၀ဲခြံမှ အစ်ကိုအစ်မများ သီချင်းများကို သီဆိုသွားကြသည်မှာ များစွာ ကောင်းမွန်လှကြောင်း၊ လူတိုင်းလူတိုင်းတွင်   အင်အားရှိကြောင်း၊ တစ်နေရာတွင် အားနည်းသည့်အတွက် တခြားနေရာတွင် အားနည်းမသွားကြောင်း၊ လူတိုင်းလူတိုင်းတွင် အားရှိပြီး လူတိုင်းလူတိုင်းတွင် ကြိုးစားနိုင်သည့်     အခွင့်အရေး ရှိသည်ကို မှတ်သားစေလိုကြောင်း၊  ကလေးငယ်များကို စိတ်အားမငယ်ဘဲ စိတ်ဓာတ်ခိုင်မာစေလိုကြောင်း၊  မိမိတို့၏ အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲရန်၊ ဘ၀တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်ရန်၊ တစ်ယောက်နှင့် တစ်ယောက် မိတ်ဆွေကောင်းများကဲ့သို့ ချစ်ခင်ကြရန် လိုအပ်ကြောင်း၊ အားလုံးကျန်းကျန်းမာမာ ချမ်းချမ်းသာသာဖြင့် မိမိတို့ လိုချင်သည့်အရာများ ဘ၀တစ်လျှောက်လုံး ရကြပါစေဟု   ဆုတောင်းမေတ္တာ ပို့သကြောင်း ပြောကြားသည်။

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်   ပြည်ထောင်စုဝန်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့  တက်ရောက်လာသည့် ကလေးငယ်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

 

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၅)နှစ်မြောက်  မွေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာသည့် ကလေးငယ်များက  ““အောင်ဆန်းဇာနည်”” ကဗျာကို သံပြိုင်ရွတ်ဆိုကြသည်။

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ကလေးငယ်များနှင့်အတူ နံနက်စာကို အတူတကွ သုံးဆောင်ပြီး   စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ ကလေးငယ်များအား  တစ်ဦးချင်း ရင်းနှီးနွေးထွေးစွာ နှုတ်ဆက်သည်။

 

ထို့နောက်  နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်နှင့် အဖွဲ့ဝင်များသည် အင်းလေးဒေသ၊ အင်းလေးကန် ပတ်ဝန်းကျင် အခြေအနေ၊ အင်းလေးကန်အတွင်း ရေ၀င်ရောက်မှုနှင့် ကန်ရေပြင် အခြေအနေ၊ ဇီဝအ၀န်း နယ်မြေအဖြစ် သတ်မှတ်ကာ အင်းလေးဒေသ ပတ်ဝန်းကျင်နှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားရှိမှု အခြေအနေများကို ရဟတ်ယာဉ်ဖြင့် လှည့်လည်ပျံသန်းကြည့်ရှုပြီး ဟဲဟိုးမြို့သို့ ရောက်ရှိကြသည်။

 

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဖွဲ့ဝင်များနှင့်အတူ အထူးလေယာဉ်ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟဲဟိုးမြို့မှ ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့  ပြန်လည်ရောက်ရှိကြသည်။

 

အမျိုးသားခေါင်းဆောင်ကြီး  ဗိုလ်ချုပ်အောင်ဆန်းကို (မြန်မာသက္ကရာဇ်  ၁၂၇၆ခုနှစ် တပေါင်းလဆန်း ၁ ရက်)   ခရစ်နှစ် ၁၉၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက် စနေနေ့တွင် မြန်မာပြည် အလယ်ပိုင်း  မကွေးခရိုင် နတ်မောက်မြို့၌ အဘ ဦးဖာ၊ အမိ ဒေါ်စုတို့က မွေးဖွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင်  (၁၀၅)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။         

 

 (၅၀၀)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Read 57 times Last modified on Friday, 14 February 2020 09:45