SJ WorldNews - шаблон joomla Авто

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၂၀ ရက်မှ စတင်၍ ထုတ်ယူနိုင်

Friday, 14 February 2020 10:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၁၃

၂၀၂၀ ပြည့်နှစ် မတ် ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုခွင့် လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား ထုတ်ယူခြင်းနှင့် စပ်လျဉ်း၍ ပညာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါကြေညာချက်တွင် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity  Card)များကို ဖေဖော်ဝါရီ ၂၀ ရက် ကြာသပတေးနေ့မှ စတင်၍ ထုတ်ယူကြရမည်ဖြစ်ကြောင်း။

အခြေခံပညာ အထက်တန်းကျောင်း၊ (ကျောင်းခွဲ)နှင့် (တွဲဖက်)အခြေခံပညာ အထက်တန်းကျောင်း၊ ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည်   မိမိတို့၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်ကြောင်း။

ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီး ဌာနထံ တိုက်ရိုက် စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားသည်။

Read 68 times Last modified on Friday, 14 February 2020 10:23