SJ WorldNews - шаблон joomla Авто

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာ့တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ

Friday, 14 February 2020 23:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဖေဖော်ဝါရီ - ၁၄

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ကာ ကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် အရာ ရှိကြီးများ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်တို့ လိုက်ပါပြီး ယနေ့မွန်းလွဲပိုင်း တွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့၊ အမှတ်(၃) ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းရှိ မြန်မာ့ တပ်မတော်၏ ပထမဦးဆုံး စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း၏ နေအိမ်ဝင်းသို့ သွားရောက်၍ သမီး ဖြစ်သူ ဒေါ်ခင်စောမူ(ခေါ်) ဒေါ်အဲဗလင်းဒွန်း နှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကား ပြောကြားခဲ့ပြီး စားသောက် ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။ 

ထို့နောက် ဗိုလ်ချုပ် စမစ်ဒွန်းနှင့် ဇနီးတို့၏ အုတ်ဂူသို့ သွားရောက်၍ လွမ်းသူ့ပန်းစည်း ချကာ ဂါရ၀ ပြုခဲ့ကြသည်။ ဗိုလ်ချုပ် စမစ်ဒွန်းသည် မြန်မာ့တပ်မတော်တွင် ၄-၁-၁၉၄၈ ရက်နေ့မှ ၃၁-၁-၁၉၄၉ ရက်နေ့အထိ စစ်ဦးစီးချုပ် (တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်) တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ် ပြီး နိုင်ငံတော်မှ သတိုးမဟာ သရေစည်သူဘွဲ့ ချီးမြှင့် အပ်နှင်းခြင်း ခံရသူဖြစ်ကြောင်းလည်း သိရှိ ရ သည်။ 

Read 71 times Last modified on Friday, 14 February 2020 23:31