SJ WorldNews - шаблон joomla Авто

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကျီရီးယန်းတောင် အမျိုးသားဥယျာဉ် တည်ထောင်မည့် နေရာနှင့် ထန်တလန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Sunday, 16 February 2020 11:26 font size decrease font size decrease font size increase font size increase font size

ထန်တလန်  ဖေဖော်ဝါရီ  ၁၅

မြန်မာနိုင်ငံခရီးသွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ဦးအုန်းမောင်၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဦးကျော်မျိုးနှင့် ဦးမြင့်ကြိုင်၊ ပြည်နယ်ဝန်ကြီးများ၊  တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ထန်တလန်မြို့ သိကီးရ်ကျေးရွာ View Pointလ သို့ရောက်ရှိပြီး သိကီးရ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယသမ္မတသည် သိကီးရ်- ကျီရီးယန်းတောင် အရှည် ၁၃ မိုင် ၄ ဖာလုံ မြေသားလမ်း ဖောက်လုပ်နေမှုကို မော်တော်ယာဉ်ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျီရီးယန်းတောင်   အမျိုးသားဥယျာဉ် တည်ထောင်မည့်နေရာသို့ ရောက်ရှိရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းက သဘာဝပေါက်ပင် အမျိုးအစားများ၊ ကျီရီးယန်းတောင်၌ ကျက်စားလျက်ရှိသည့် နို့တိုက်သတ္တ၀ါနှင့် ငှက်အမျိုးအစားများ၊  ကျီရီးယန်း အမျိုးသား ဥယျာဉ်သတ်မှတ် ဖွဲ့စည်းမည့်   အကျယ်အ၀န်း၊  တောအမျိုးအစားနှင့် ဥယျာဉ်ဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ဒုတိယသမ္မတက ကျီရီးယန်းတောင်ခြေမှ တောင်ပေါ်သို့ ခြေကျင်ခရီးသွား အစီအစဉ်အား ဆောင်ရွက်သွားရန်၊ ဥယျာဉ်နှင့် ပတ်သက်သည့် အချက်အလက်များကို  စနစ်တကျ အသေးစိတ် လေ့လာဆန်းစစ်မှုများ  ပြုလုပ်သွားရန် နှင့် ကျီရီးယန်းတောင် ပတ်ဝန်းကျင်သည် နွားနောက် စားကျက်ပေါများသည့် အတွက် စီးပွားဖြစ်မွေးမြူရေး ဆောင်ရွက်သွားရန် မှာကြားသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် ကျီရီးယန်းတောင်အား နောက်ခံထား၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ကျီရီးယန်းအမျိုးသား ဥယျာဉ်သည် ချင်းပြည်နယ် ထန်တလန်မြို့ သိကီးရ်ကျေးရွာ အနီးတွင် တည်ရှိပြီး အကျယ်အ၀န်း ၇၄၅၈  ဒသမ ၅ ဧက၊တောအမျိုးအစားမှာ တောင်ပေါ်အမြဲစိမ်းတော၊ ထင်းရှူးတော၊ မြက်ခင်းတောဖြစ်ပြီး   ဥယျာဉ်အတွင်း သစ်မျိုးစိတ် ၉၂ မျိုး၊ တောရိုင်းတိရစ္ဆာန် နို့တိုက်သတ္တ၀ါ ၃၇ မျိုးနှင့် ငှက်မျိုးစိတ် ၆၄ မျိုး ကျက်စားနေထိုင်လျက်ရှိကြောင်းကို ပထမအကြိမ် ကွင်းဆင်းလေ့လာ ဆန်းစစ် ချက်အရ သိရသည်။

ထို့နောက် ဒုတိယသမ္မတသည် သိကီးရ်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် ကွန်ပျူတာခန်း၌ လက်တွေ့သင်ကြား လေ့ကျင့်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ဆရာ၊ ဆရာမများနှင့် အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ သည် ရဟတ်ယာဉ်များဖြင့် သိကီးရ်ကျေးရွာမှ ထွက်ခွာကြရာ ထန်တလန်မြို့သို့ ရောက်ရှိကြပြီး  (၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန် ပြင်ဆင်ဆောင်ရွက် ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြင်ဆင် ထားရှိမှုများအား လိုက်လံကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတသည် အစိုးရနည်းပညာ အထက်တန်းကျောင်း(ထန်တလန်) တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိရာ    အစိုးရစက်မှုလက်မှု သိပ္ပံ(ဟားခါး) ကျောင်းအုပ်ကြီးက စာသင်ဆောင်နှင့် အလုပ်ရုံ၊  ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်နှင့် ၀န်ထမ်းအိမ်ရာ တည်ဆောက်နေမှု၊ ဘဏ္ဍာငွေရရှိမှု၊ ကျောင်းမြေနေရာ တိုးချဲ့ရရှိရေးနှင့် အစိုးရစက်မှုလက်မှု သိပ္ပံ(ဟားခါး)မှ ကျောင်းဆင်းဒေသခံများ အလုပ်အကိုင် ရရှိရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက်   ဒုတိယသမ္မတသည် ထန်တလန်မြို့   အမှတ်(၃)ရပ်ကွက်ရှိ ရေစုကန် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ထန်တလန်မြို့ သောက်သုံးရေ ဖူလုံစွာပေးဝေနိုင်ရေးအတွက် ရေစုကန်တည်ဆောက်နေမှုနှင့်   ရေထွက်ရှိမှုကို ကြည့်ရှုသည်။

ထန်တလန်မြို့နေ လူဦးရေ ၁၀၀၀၀ ကျော်အတွက် လူတစ်ဦးလျှင် တစ်ရက် ၂၅ ဂါလန်နှုန်းဖြင့် တွက်ချက်ပါက နေ့စဉ် ရေဂါလန် ၂၆၀၀၀၀ ကျော် လိုအပ်လျက်ရှိရာ လက်ရှိတွင် ရေထွက် ၁၁ ခုမှ နေ့စဉ် ရေဂါလန် တစ်သိန်းကျော်အား ရေစုကန်များတွင် သိုလှောင်၍ မြို့နေပြည်သူများအား ဖြန့်ဖြူးပေးလျက်ရှိသည်။ ယခုအခါ ခွေဗားရေထွက်မှ နေ့စဉ် ထွက်ရှိနေသည့် ရေဂါလန် ၂၁၆၀၀၀ ကိုပိုက်လိုင်းဖြင့် သွယ်ယူပြီး ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ရာ နေ့စဉ် ရေဂါလန် ၃၂၀၀၀၀ ကျော်ကို လုံလောက် စွာ ဖြန့်ဖြူးပေးနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ်္မတနှင့်အဖွဲ့သည် ထန်တလန်မြို့ရှုခင်းသာ View Point သို့ ရောက်ရှိကာ   ထန်တလန်မြို့ရှုခင်းအား ကြည့်ရှု၍ မှတ်တမ်း ဓာတ်ပုံရိုက်သည်။

ယင်းနောက်   ဒုတိယသမ်္မတသည် ထန်တလန် ခုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံဝင်းအတွင်း အသစ်တည်ဆောက်နေသည့် ခွဲစိတ်ခန်းပါ တိုးချဲ့နှစ်ထပ်ဆောင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆေးဝါးကုသမှု ခံယူနေသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးသည်။           

Read 107 times Last modified on Sunday, 16 February 2020 11:27