SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

Thursday, 20 February 2020 12:08 font size decrease font size decrease font size increase font size increase font size

ထန်တလန်  ဖေဖော်ဝါရီ  ၁၉

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ချင်းပြည်နယ်တွန်းဇံမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနှင့် ဒေါ်ခင်ကြည်ဖောင် ဒေးရှင်းမှ လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်သည်။

နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ကျန်းမာရေးနှင့် အားကစား

ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ တိုင်းရင်းသား လူမျိုးများရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှမော်ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြရာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်နှင့် အဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကလေးလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် ကလေးမြို့မှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ချင်းပြည်နယ် တွန်းဇံမြို့သို့ရောက်ရှိ ကြရာ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့က   ရိုးရာယဉ်ကျေးမှု အကများဖြင့် လည်းကောင်း၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည်  ချင်းပြည်နယ်  တွန်းဇံမြို့ရှိ ချင်းရွှေပြည်ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်းနှင့် ဒေါက်တာမြင့်ထွေး၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ဒုတိယ၀န်ကြီး ဦးလှမော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ်ယာဉ်များဖြင့် သီကီးရ်ကျေးရွာသို့ ရောက်ရှိရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ ဇနီး ဒေါက်တာရွှေလွှမ်းနှင့် ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်အား ကြိုဆိုသော သီချင်းကို သီဆို၍ ရိုးရာယဉ်ကျေးမှု အကများဖြင့်လည်းကောင်း၊ ဒေသခံပြည်သူများ၊ တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည် နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ရပ်မိရပ်ဖ ဦးဟရမ်ဟေးတို့က သီကီးရ် ကျေးရွာ တိုက်နယ်ဆေးရုံကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက်  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ် ပေးသည်။

ယင်းနောက် Dingdi Dream Organi-zation ၊ Medi Myanmar Group Ltd.နှင့် ၀ိသာခါဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများက   ဆေးရုံသုံးပစ္စည်း ကိရိယာများ၊ ဆေးနှင့်ဆေးပစ္စည်းများကို    ပြည်နယ်ပြည်သူ့ကျန်းမာရေး၊ ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံထံ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံ မျက်နှာစာ၌ ဂျပန်ချယ်ရီပင်များကို အမှတ်တရ စိုက်ပျိုးပေးကာ ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိသူများကို   အားပေးစကား ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် သီကီးရ်ကျေးရွာသို့ ပြောင်း ရွှေ့ရောက်ရှိလာသည့် ဘောင်လူမျိုးစုများအတွက် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဆောက်လုပ် လှူဒါန်းသော နေအိမ်အလုံး ၅၀ ဖွင့်ပွဲ အခမ်းအနားနှင့်  လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည် ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ပြည် နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးတို့က နေအိမ် အလုံး ၅၀ ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အမှုဆောင် ညွှန်ကြားရေးမှူး ဦးမိုးဇော်ဦးက နေအိမ်အလုံး ၅၀ ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး နေအိမ်အလုံး ၅၀ ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်ထံ လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂိ္ဂုလ်သည် အဖွဲ့ဝင်များနှင့်အတူ ရဟတ် ယာဉ်များဖြင့် ထန်တလန်မြို့သို့ ရောက်ရှိကြရာ ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့၊ ဒေသခံပြည်သူများ၊   တိုင်းရင်းသား၊ တိုင်းရင်းသူများနှင့်ကျောင်းသား၊ ကျောင်းသူလေးများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ်သည် ထန်တလန်မြို့နယ် ခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ထန်တလန်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပသည့်(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ အကြိုညမီးပုံပွဲနှင့် ရိုးရာယဉ်ကျေးမှု အကဖျော်ဖြေပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်က မီးပုံပွဲကို မီးရှူးတိုင်ဖြင့် ထွန်းညှိဖွင့်လှစ်ပေးသည်။

ထို့နောက် အခမ်းအနားတွင် ချင်းတိုင်းရင်းသူ အဆိုတော် အက်စတာဒေါ့သ်ချင်းဆုန်က ချင်းရိုးရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ထန်တလန်၊ ပလက်ဝ၊ တီးတိန်၊ မတူပီ၊ တွန်းဇံ၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်းနှင့် ဟားခါးယဉ်ကျေးမှု အဖွဲ့များက  ချင်းတိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြကြောင်း သိရသည်။                        

Read 100 times Last modified on Thursday, 20 February 2020 12:09