SJ WorldNews - шаблон joomla Авто

မကွေးတိုင်း ဒေသကြီး၊ မင်းတုန်းမြို့နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား တပ်မတော်နယ်လှည့် အထူးဆေးကုသရေး အဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

Saturday, 22 February 2020 08:46 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

မကွေးတိုင်းဒေသကြီးအတွင်းရောက်ရှိနေသော တပ်မတော်နယ်လှည့်အထူးဆေး ကုသရေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မင်းတုန်းမြို့တွင် အခြေပြု၍ လည်းကောင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့သည် စပါးတန်းကျေးရွာ၌ လည်းကောင်း ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၂၇၃၅ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၇၇၆ ဦး၊ ခွဲစိတ်ရောဂါ ၁၃၄ ဦး၊ ကလေးရောဂါ ၁၃၄ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၇၃ ဦး၊ အရိုးရောဂါ ၄၈၄ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၉၈ဦး၊ မျက်စိရောဂါ ၅၅၈ ဦး၊ သွားရောဂါ ၁၃၉ ဦးနှင့် အထွေထွေရောဂါ ၂၃၉ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ် လူနာ ခြောက်ဦးနှင့် အထွေထွေခွဲစိတ်လူနာရှစ်ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန် ရိုက်လူနာ ၃၀ ဦး၊ Ultrasound  ရိုက်လူနာ ၄၀ ဦး၊ ECG  စက်ဖြင့် နှလုံးစမ်းသပ် လူနာ၂၉ ဦးနှင့် ဓာတ်ခွဲစမ်းသပ် လူနာ ၅၄ ဦး တို့ကို ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်နှင့် ရွေ့လျား ဓာတ်ခွဲခန်း ယာဉ်တို့ဖြင့် ရောဂါ ရှာဖွေစမ်း သပ်စစ်ဆေး ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Read 93 times Last modified on Saturday, 22 February 2020 08:48