SJ WorldNews - шаблон joomla Авто

ကိုရိုနာ ဗိုင်းရပ်ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်

Saturday, 22 February 2020 09:02 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၁

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သည် တရုတ်ပြည်သူ့ သမတနိုင်ငံနှင့် ကမာ့နိုင်ငံ အချို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူ လမ်းကြောင်းဆိုင်ရာ   ရောဂါဖြစ်ပွားမှု ဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှု ခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ   ၀င်ပေါက်၊ ထွက်ပေါက်ဂိတ်များ တွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊  ပြည်သူလူထုအခြေပြု  စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊  ပုဂ်္ဂလိကဆေးရုံများနှင့် ပူးပေါင်း ၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် (၂၀-၂-၂၀၂၀) ရက် ည ၈ နာရီမှ (၂၁-၂-၂၀၂၀)ရက် ည ၈ နာရီအထိ Coronavirus  Disease  2019 (COVID-19) ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်လူနာ အဖြစ် သတ်မှတ်ကုသသည့် လူနာသစ် မရှိပါ။

သို့ဖြစ်ပါ၍ ယနေ့ (၂၁-၂-၂၀၂၀) ရက် ည ၈ နာရီအထိ စောင့်ကြည့်လူနာ တစ်ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေး လျက်ရှိပြီး ၎င်း၏ ကျန်းမာရေး အခြေအနေမှာ သက်သာ ကောင်းမွန်လျက်ရှိသည်။ အဆိုပါ လူနာ၏   ဓာတ်ခွဲ အဖြေရရှိပါက အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း  ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာနက   သတင်းထုတ်ပြန်ထားသည်။

Read 111 times Last modified on Saturday, 22 February 2020 09:44