SJ WorldNews - шаблон joomla Авто

လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး သွားရောက်သည့်ရဟတ်ယာဉ်အား AA လက်နက်ကိုင် အဖွဲ့ က စက်သေနတ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့

Saturday, 22 February 2020 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ   ၂၁

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်  ဦးညီပုတို့ လိုက်ပါလာသည့် လူသားချင်းစာနာထောက် ထားမှု အကူအညီပေးအပ်ရေး သွားရောက်ခဲ့သည့် ရဟတ် ယာဉ်သည် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီ  ၄၅ မိနစ်ခန့် တွင် AA လက်နက်ကိုင်အဖွဲ့က မြေပြင်မှ  စက်သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော်လည်း လူသားချင်း စာနာထောက် ထားမှု အကူအညီပေးအပ်ရေး လုပ်ငန်း များအား မူလအစီအစဉ်အတိုင်းဆောင်ရွက်နိုင်ခဲ့သည်။

ဒဏ်ရာအပြင်းအထန်ရရှိထားသဖြင့် စစ်တွေဆေးရုံ၌  ကုသမှုခံယူနေသူကျောင်းသူ မခင်မေဦးအား ရန်ကုန် မြို့သို့ စနစ်တကျ ဆေးကုသမှုခံယူနိုင်ရန် လေယာဉ်ဖြင့်ပို့ဆောင်ပေးခဲ့ရာ မခင်မေဦးသည် ရန်ကုန်တွင်  ဆေးကုသမှုခံယူ နေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၃ ရက်တွင် ဘူးသီးတောင်မြို့နယ်  ခမွေချောင်းကျေးရွာ မူလတန်းလွန်ကျောင်းသို့ AA လက်နက်ကိုင် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် စာသင်ကျောင်းပေါ်  လက်နက်ကြီး ကျည် ကျရောက်ခဲ့ပြီး စာသင်ကြား နေသော မူလတန်းလွန် ကျောင်းသား၊ ကျောင်းသူ ၁၇ ဦးဒဏ်ရာရရှိခဲ့သည်။  

ယင်းဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ချင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီး ဌာနနှင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင် သောအဖွဲ့သည် ခမွေချောင်းကျေးရွာသို့ အမြန်ဆုံး သွားရောက်ခဲ့ပြီး လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကူညီထောက်ပံ့မှုများ ထောက်ပံ့ခြင်း၊ ဒဏ်ရာရ ကျောင်းသား၊ ကျောင်းသူ များ နှင့် ၎င်းတို့၏မိသားစု ၀င်များအား စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် အားပေးမှုများ ဆောင်ရွက်ပေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး  ဦးဆောင်သည့်အဖွဲ့သည် AA လက်နက်ကိုင်အဖွဲ့က ပစ်ခတ်ခဲ့သည့်  လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်းကြောင့်   ထိခိုက်ဒဏ်ရာရရှိခဲ့သည့်  ကျောင်းသား၊  ကျောင်းသူကလေး သူငယ်များ ကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများပေးအပ်ရန်  ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ရာတွင် ရာသီဥတုဆိုးရွား နေသဖြင့်  အနိမ့်ပျံ၍ပျံသန်းလာစဉ် မြေပြင်မှ AA လက်နက်ကိုင်အဖွဲ့က စက်သေ နတ်ဖြင့် ပစ်ခတ်မှုကြောင့်  ရဟတ်ယာဉ်၏ရှေ့ဦးပိုင်း   လေယာဉ်မောင်းထိုင်ခုံ နောက်ဘက် ရဟတ်ယာဉ် ၀မ်းဗိုက်ကြမ်းပြင်မှဖောက် ၀င်ပြီး လေယာဉ်မောင်းအခန်းနှင့် ခရီးသည်အခန်း တို့ကို ကန့်ထားသော နံရံကို ကျည်ထိ မှန်ခဲ့သည်။ ထိုသို့ ကျည်ဖောက်ဝင်မှုကြောင့် ရဟတ်ယာဉ်ဝမ်းဗိုက် သတ္တုပြားသည် ၁လက်မကျော်ခန့် ပေါက်ပြဲ သွားပြီး  ၀ိုင်ယာရိန်းအချို့ပျက်စီး သွားခဲ့သော်လည်း ဆက်လက် ပျံသန်းခဲ့ရာ ဘူးသီးတောင်မြို့သို့ ဆင်းသက် နိုင်ခဲ့သည်။

ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ အားလုံး ထိခိုက်ဒဏ်ရာ ရရှိမှုတစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ရဟတ်ယာဉ်ကို  သုံးနာရီ ခန့် အချိန်ယူ၍   ပြန်လည်ပြုပြင်ခဲ့ရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိကြပြီး ဒဏ်ရာရရှိ၍  အတွင်း လူနာ အဖြစ် ကုသမှုခံ ယူနေရသည့် မူလတန်း လွန်ကျောင်းသူတစ်ဦးနှင့်မိသားစုဝင်များအားတွေ့ဆုံ ပြီး ထောက်ပံ့ ကူညီမှုများ ပေးအပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများဆောင်ရွက်ခြင်း၊ ဆေးရုံခန်းမဆောင်၌  ဒဏ်ရာရ မူလတန်း လွန်  ကျောင်းသား၊ ကျောင်းသူ ကလေးငယ် ၁၅ ဦးနှင့် ၎င်းင်းတို့၏မိဘများအားတွေ့ဆုံပြီး ထောက်ပံ့ ကူညီမှုများ ပေးအပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုများ ဆောင်ရွက်ခြင်းများ  ဆောင်ရွက်ခဲ့သည်။

AA လက်နက်ကိုင် အဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ် မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မူလတန်းလွန် ကျောင်း သား၊ ကျောင်းသူများကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုများပေးအပ်ရန်  သွားရောက်ခဲ့သည့် ရဟတ်ယာဉ်ကို ဗဗ လက်နက် ကိုင်အဖွဲ့ကပင် မြေပြင်မှ စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ ခြင်းဖြစ် သည်။ AA လက်နက်ကိုင်အဖွဲ့သည် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာနေရာများ၊ အထူးသဖြင့်  စာသင် ကျောင်းနှင့် ကျောင်းသား၊  ကျောင်းသူများကို  ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ   မပြုလုပ်သင့်သလို  လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ ကူညီမှုများပေးအပ်ရန် သွားလာနေသည့် ရဟတ်ယာဉ် အပါအ၀င် အခြား သော ယာဉ်များအား ပစ်မှတ်ထား၍  တိုက်ခိုက်ခြင်းများအား ရှောင်ကြဉ်ရန် လိုအပ်ကြောင်း သိရသည်။

(သတင်းစဉ်)                                    

 

Read 108 times Last modified on Saturday, 22 February 2020 10:26