SJ WorldNews - шаблон joomla Авто

(၇၅)နှစ်မြောက် စိန်ရတု တပ်မတော်နေ့ အကြို ဖျော်ဖြေပွဲမှ စကားသံများ

Saturday, 22 February 2020 11:53 font size decrease font size decrease font size increase font size increase font size

မြန်မာ-လာအို  တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့်ပြီး ယဉ်ကျေးမှု အနုပညာများ ဖလှယ်နိုင်ရန်ရည်ရွယ်၍ ရောက်ရှိနေသည့် လာအိုပြည်သူ့ တပ်မတော်ယဉ်ကျေးမှု အဖွဲ့သည် (၇၅)နှစ် မြောက် စိန်ရတု တပ်မတော်နေ့အကြို ဖျော်ဖြေပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန်သဘင်ဆောင်၌ကျင်းပခဲ့သည်။ အဆိုပါဖျော်ဖြေပွဲတွင် ပါဝင်ဖျော်ဖြေခဲ့သည့် လာအို ပြည်သူ့တပ်မတော် ယဉ်ကျေးမှု အဖွဲ့နှင့် မြန်မာ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ တို့မှ တာဝန်ရှိသူများ၊  စစ်သည်၊ စစ်သမီးများနှင့် ပရိသတ်များ၏ စကားသံများကို ဖော်ပြလိုက်ပါသည်-

Colonel Khamkheun LEUTSAVAY

(လာအိုပြည်သူ့တပ်မတော်ယဉ်ကျေးမှု  ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်)

ကျွန်တော်တို့ လာအိုယဉ်ကျေးမှုအဖွဲ့ အနေနဲ့ ဒီနေ့ဖျော်ဖြေရတာ အရမ်းအဆင် ပြေပါတယ်။ မြန်မာ့တပ်မတော်နဲ့ လာအို ပြည်သူ့တပ်မတော်တို့ တပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှု တော်တော်များများ တိုးတက် လာပါတယ်။   လာအို အနုပညာအဖွဲ့အနေနဲ့ သရုပ်ဆောင် ၁၀ ယောက်ခန့် ပါရှိပါတယ်။ ဖျော်ဖြေရေးအစီ အစဉ်က ၁၄ ခုရှိပါတယ်။ မြန်မာသီချင်း ခုနစ်ပုဒ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီကိုမလာခင်  ကျွန်တော်တို့ စီစဉ်ထားတဲ့အစီ အစဉ်တွေက များပါတယ်။ မြန်မာသီချင်း တွေလည်းတိုက်ထားပါတယ်။ အကတွေလည်း တိုက်ထားပါတယ်။ သင်ပြပေးမယ့် သူတော့မရှိပါဘူး။ အခက်အခဲရှိပါတယ်။ ကျွန်တော်တို့ ကိုယ့်ဘာသာကိုကြိုးစားပြီး လေ့ကျင့်ခဲ့တာ အဆင်ပြေအောင်ကြိုးစား ခဲ့ရပါတယ်။ ခုတော့အောင်မြင်ပါတယ်။

မြန်မာနဲ့လာအိုဟာ    အိမ်နီးချင်းနိုင်ငံ နှစ်နိုင်ငံဖြစ်ပါတယ်။ ရိုးရာယဉ်ကျေးမှု လည်းတူပါတယ်။ မြန်မာ့တပ်မတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အတွက် ကျွန်တော်တို့က ဆုတောင်းစကားပြောချင်ပါတယ်။ မြန်မာ့ တပ်မတော်  အင်အား ပိုမိုတောင့်တင်း ခိုင်မာပြီး အောင် မြင်ပါစေလို့ဆုတောင်းပါတယ်။  လာအို ယဉ်ကျေးမှုအဖွဲ့ အနေနဲ့ မြန်မာ့တပ်မတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် အကြိုဖျော်ဖြေဖို့ ဖိတ်ကြား ခံရတဲ့ အတွက် အခုလိုဖျော်ဖြေ ခွင့်ရတဲ့အတွက်  အရမ်းဝမ်းသာပါတယ်။

Major Xengkham MINGSAVAYH

ကျွန်တော်က အဆိုတော်ဖြစ်ပါတယ်။ ကျွန်တော်ဆိုမယ့် သီချင်းကတော့ အချစ်သီချင်းဖြစ်ပါတယ်။ မြန်မာသီချင်း လတ်တီး သီချင်း ပါပါတယ်။ ကျွန်တော့်အနေနဲ့ လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကို ကြီးကြပ်ညွှန်ကြားသူ တစ်ဦး ဖြစ်ပါတယ်။

ကျွန်တော်က သရုပ်ဆောင်အနေနဲ့ လာပြီး ဖျော်ဖြေခွင့်ရတဲ့ အတွက် အရမ်းဝမ်းသာပါတယ်။ မြန်မာ့တပ်မတော်ရဲ့ အခုနှစ်မှာကျရောက်တဲ့   (၇၅)နှစ်မြောက်စိန်ရတုတပ်မ တော်နေ့အတွက် ဆုတောင်းစကားအနေ နဲ့ပြောရမယ်ဆိုရင်     မြန်မာ့တပ်မတော် အင်အားပိုမိုတိုးတက်အောင်မြင်ကြပါစေလို့ ဆုတောင်းပါတယ်။

မြန်မာ့တပ်မတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အကြိုဖျော်ဖြေပွဲမှာ    ထူးထူးခြားခြားအစီအစဉ်အနေနဲ့ အဓိကကတော့ မြန်မာသီချင်းပါပါတယ်။ လာအိုရိုးရာ အကလည်းပါပါတယ်။ လာအိုပလွေမှုတ် အကလည်းပါပါတယ်။   ကျေးဇူးတင်ပါတယ်။

Captain Vadsana DENECHANPA

ကျွန်မကအက ညွှန်ကြားတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ အစီအစဉ်ညွှန်ကြားတဲ့သူလည်း ဖြစ်ပါတယ်။ အခုလို မြန်မာ့ တပ်မတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အကြိုဖျော်ဖြေပွဲမှာ တင်ဆက်နိုင်ဖို့အတွက် ကျွန်မတို့ လာအို ပြည်သူ့ တပ်မတော်ယဉ်ကျေး မှုအဖွဲ့အနေနဲ့ ကြိုတင်ပြင်ဆင်မှု အပိုင်းကတော့ အက၊ အဆို၊ ဂီတအနုပညာ၊  ရိုးရာအနုပညာဂီတတို့ကို ကြိုတင်ပြင်ဆင်ခဲ့ ပါတယ်။ ကျွန်မတို့ လာအိုပြည်သူ့ တပ်မတော် ယဉ်ကျေးမှု အဖွဲ့က (၇၅) နှစ်မြောက် စိန်ရတု တပ်မတော်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ လာရောက်ဖျော်ဖြေပေးတာပါ။ ကျွန်မအနေနဲ့ မြန်မာ နိုင်ငံကို ပထမဆုံးအကြိမ် လာရောက် တာဖြစ်ပါတယ်။ အထူးသဖြင့် ရွှေတိဂုံဘုရား၊ ဗိုလ်တထောင်ဘုရားတွေကို သွားရောက် ဖူးမြော်ချင်ပါတယ်။ ကျွန်မကလည်း ဒီစာ ကိုရကတည်းက သွားလည်ချင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥ တုက ကျွန်မတို့နိုင်ငံ  နဲ့ သိပ်မကွာပါဘူး။ မြန်မာအစားအစာတွေ ကလည်း စားလို့ကောင်းပါတယ်။ မြန်မာ လူမျိုးတွေ ကလည်း ကျွန်မတို့ကို နွေးနွေး ထွေးထွေးကြိုဆိုပါတယ်။

ဒုတိယ အရာခံဗိုလ်(အစားခန့်) နိန်ရှင်းလင်း

(မြန်မာ့တပ်မတော်ယဉ်ကျေးမှုအဖွဲ့)

ကျွန်မအနေနဲ့ကတော့     ဒီကနေ့ ဖျော်ဖြေရေးအခမ်းအနားမှာ လာအိုတေး သီချင်းဖြစ်တဲ့ ခုလတ်ပန်ဆဲ၊ ပန်ဆဲမြို့ရဲ့ သာယာလှပမှု အကြောင်းကို ဖော်ပြဖွဲ့ဆိုထားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီသီချင်းကို လာအိုတပ်မတော် ယဉ်ကျေးမှုအဖွဲ့က တေးသံရှင် တစ်ယောက်နဲ့ တွဲဖက်သီဆိုပြီး နောက်ဆုံး အဖွဲ့လိုက် လတ်တီးဆိုတဲ့ သီချင်း ကို သူတို့နိုင်ငံက ယဉ်ကျေးမှုအဖွဲ့နဲ့ ကိုယ့်နိုင်ငံက ယဉ်ကျေးမှုအဖွဲ့ပေါင်းပြီး  သီဆိုမှာဖြစ်ပါတယ်။ မြန်မာ့တပ်မတော် ယဉ်ကျေး မှုအဖွဲ့ကလည်း သူတို့နိုင်ငံကို သုံးကြိမ်တိုင်အောင် သွားခဲ့ဖူးပါတယ်။ ၂၀၁၁ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၈ ခုနှစ် စုစုပေါင်းသုံးကြိမ်  သွားဖူးခဲ့တာဆိုတော့ သူတို့နိုင်ငံဆိုလည်း ကိုယ်တွေနဲ့က တစ်သားတည်းဖြစ်နေပြီဖြစ် ပါတယ်။ အမြဲတမ်းသွားလိုက်၊ လာလိုက်ဆိုတော့ သူတို့အနေနဲ့ ဒီကိုလာတဲ့ အခါမှာလည်း သူတို့ကိုလည်း နွေးနွေး ထွေးထွေးနဲ့ ဖြစ်အောင်  ဒီဘက်မြန်မာနိုင်ငံက ကြိုဆိုပါ တယ်။ သူတို့နိုင်ငံမှာသွားတုန်းကလည်း  အရမ်းကို ပျော်ပါ တယ်။ သွားရေးလာရေးက အစအဆုံး နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။

အခုအချိန်ကလည်း  တခြားအချိန်နဲ့မတူဘူး။ မြန်မာ့တပ်မတော်ရဲ့ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့အကြိုကို  ဒီလိုမျိုး  အချိန်အခါသမယမှာ လာရောက်ဖျော်ဖြေ ခဲ့ရတာဆိုတော့ သူတို့အတွက် အမှတ်တရ အများကြီးဖြစ်မှာပါလို့ ပြောချင်ပါတယ်။ ကျွန်မတို့အနေနဲ့ ၂၀၁၈ ခုနှစ်သွားတုန်းက လည်းမှတ်မှတ်ရရပဲ၊ သူတို့ဆီက နှစ်(၇၀) ပြည့်တပ်မတော် နေ့ အခါသမယဖြစ်ပါတယ်။

(၇၅)နှစ်မြောက်စိန်ရတုတပ်မတော်နေ့ကို  လာပြီးဖျော်ဖြေပေးတဲ့ အတွက်လည်း အရမ်း ကျေးဇူးတင်ပါတယ်။ အမှတ် တရ  ဖြစ်တဲ့ခရီးစဉ်ဖြစ်မှာပါလို့ ပြောချင်ပါတယ်။ သူတို့နဲ့တွေ့ဆုံရတာ   အရမ်းကိုဝမ်းသာ ဂုဏ်ယူပါတယ်။  တပ်ကြပ်ကြီး(အစားခန့်) ဘိုဘို

ကျွန်တော်ကတော့ မြန်မာသီချင်းဖြစ်တဲ့ ကိုယ့်အနားရှိစေချင် သီချင်း၊ တောင်ပြာတန်းက သိစေချင်သီချင်းကို လာအို ယဉ်ကျေးမှု အဖွဲ့နှင့်အတူ   ဖျော်ဖြေမှာဖြစ်ပါတယ်။ နောက်ဆုံးပိတ် လတ်တီး သီချင်း ဖြစ်ပါတယ်။ တပ်မတော် နှစ်ရပ် အကြား အခုလိုလာရောက် ဖျော်ဖြေကြတဲ့ လာအိုပြည်သူ့တပ်မတော် ယဉ်ကျေးမှုအဖွဲ့ကို စကားလက်ဆောင် အနေ နဲ့ပြောချင်တာက  ကျွန်တော်တို့ကလည်း သူတို့ဆီကို   သုံးကြိမ် သွားရောက်တာဖြစ်ပါတယ်။ သူတို့ကလည်း ကျွန်တော်တို့ ဆီကို နှစ်ကြိမ်၊ သုံးကြိမ် ရှိပါပြီ။ မြန်မာနဲ့လာအိုက အိမ်ဦးနဲ့ကြမ်းပြင်လို ဖြစ်နေတော့ ရင်းနှီး ချစ်ကြည်နေ တာဖြစ်တဲ့ အတွက် မိတ်ဆွေ တွေလိုဖြစ်နေပါတယ်။ အခုလို တပ်မတော်နေ့ စိန်ရတုအကြိုမှာ လာရောက် ဖျော်ဖြေ တဲ့အတွက် ကျွန်တော့်အနေနဲ့ အရမ်းလည်း ၀မ်းသာဂုဏ်ယူမိပါတယ်။

ဒေါ်ဇင်မာဌေး(ပရိသတ်)

ဒီနေ့ မြန်မာ-လာအို တပ်မတော် နှစ်ရပ် ယဉ်ကျေးမှုဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုတဲ့ ပရိသတ်တစ်ယောက် အနေနဲ့ပြောရမယ် ဆိုရင် ဖျော်ဖြေတာတွေက အရမ်းကောင်းပါ တယ်။ အခုလိုတပ်မတော်နှစ်ရပ် ရင်းနှီးစွာနဲ့ လာရောက် ဖျော်ဖြေတာကြည့်ရလို့ အရမ်း ၀မ်းသာမိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံ အနေနဲ့လည်း အရမ်းဂုဏ်ယူ မိပါတယ်။ မြန်မာသီချင်းတွေ ဖျော်ဖြေသွားတာ အရမ်း ကောင်းပါတယ်။ မြန်မာသီချင်းတွေကို သူတို့က မြတ်မြတ် နိုးနိုးနဲ့ သီဆိုသွားတာတွေ့ရတော့ အရမ်းဝမ်းသာဂုဏ်ယူမိပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မြန်မာ့တပ်မတော် အနေနဲ့ နိုင်ငံပေါင်း များစွာနဲ့ ချိတ်ဆက်ပြီး အခုလို ချစ်ကြည်ရေး ဖျော်ဖြေပွဲတွေ အများကြီး ဆောင်ရွက်နိုင်ပါစေလို့ မျှော်လင့် ပါတယ်။

လဲ့ရည်လှိုင် (မြ၀တီ)

Read 103 times Last modified on Saturday, 22 February 2020 11:57