SJ WorldNews - шаблон joomla Авто

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၃၂)ကြိမ်မြောက်ပုံမှန် တွေ့ဆုံပွဲ အခမ်းအနားကျင်းပ

Sunday, 23 February 2020 10:18 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂၂

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ (၃၂)ကြိမ်မြောက်ပုံမှန် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ်္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောကြားသည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ်္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဒုတိယဥက်္ကဋ္ဌ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊  ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်ဝင်း၊ ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်းကော်မတီ(၅)ရပ်မှဥက္ကဋ္ဌများ၊ ဒုတိယ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက်္ကဋ္ဌများနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊                   အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ချင်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆေးလိပ်နှင့် ဆေးရွက်ကြီးလုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာစီးပွားရေး အင်နီရှီတစ်(UMFCCI)၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ  ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာတွင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ ယခုဆိုလျှင် သက်တမ်းအားဖြင့် သုံးနှစ်သုံးလကျော်ခဲ့ပြီးဖြစ်ပကြောင်း၊ ကော်မတီ၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင်ဆောင်ရွက် နိုင်ရန်နှင့်   ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက်  ““လုပ်ငန်းကော်မတီ (၅)ရပ်””ကို ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိတို့ကော်မတီ အနေဖြင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲများကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ရာ  ပြီးခဲ့သည့် (၃၁)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲအထိ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက် စုစုပေါင်း ၃၆၉ ချက်ကို ““ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်”” မှတစ်ဆင့် သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ အကြောင်းပြန်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။ အဆိုပါပြန်ကြားချက်များတွင် လုံးဝပြီးပြတ်အောင် ဖြေရှင်းဆောင်ရွက်ပေးနိုင်သည်များ ရှိသကဲ့သို့  အချို့အချက်များသည် အချိန်ယူ၍ ဆက်လက်ဖြေရှင်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်သည့်အတွက်““လုပ်ငန်းကော်မတီ (၅)ရပ်””မှ  တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်သည့်ဝန်ကြီးဌာနများနှင့်  ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံပြီး Public-Private Dialogue များ ပြုလုပ်၍ ပြီးပြတ်သည်အထိ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်ပေးလျက် ရှိကြောင်း။ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် အရေးကြီးသည့် ကုန်သွယ်ရေးကဏ္ဍတွင် အစိုးရနှင့်ပုဂ်္ဂလိကကဏ္ဍတို့ပူးပေါင်း၍ တက်ညီလက်ညီဆောင်ရွက်လျက်ရှိရာ““၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုပမာဏ””သည် အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၁၄၇ ဘီလီယံရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (ဇန်န၀ါရီလ)အထိ   ကုန်သွယ်မှုပမာဏ္ဍ အမေရိကန်ဒေါ်လာ   ၁၃ ဒသမ ၁၀၁ ဘီလီယံ   ဆောင်ရွက်နိုင်ခဲ့ သည်ကို တွေ့ရကြောင်း၊  ယင်းကုန်သွယ်မှုပမာဏ္ဍတွင်““ပုဂ္ဂလိကကဏ္ဍ””မှ ဆောင်ရွက်နိုင်မှုမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၂၉၅ ဘီလီယံ ပါဝင်သည့်အတွက် ပုဂ်္ဂလိကဏ္ဍအနေဖြင့် ၈၆ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်သည်ကိုတွေ့ရကြောင်း။ နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ““ကုန်သွယ်ရေးကဏ္ဍ”” သာမက ““ရင်းနှီးမြှုပ်နှံမှုကဏ္ဍ””ကိုလည်း မြှင့်တင်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များကို ကြည့်လျှင် ၂၀၂၀ ပြည့်နှစ် ဇန်န၀ါရီလအထိခွင့်ပြုပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအရေအတွက်သည် ၁၉၄၃ ခု တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၉၆၄ ဘီလီယံရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက်အနေဖြင့် ၁၆၇၆ ခုနှင့် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၅၆၃ ဘီလီယံအပါအ၀င် ငွေကျပ်၂၀၂၃၂ ဒသမ ၇၂၀ ဘီလီယံရှိသည်ကို တွေ့ရကြောင်း။ မြန်မာနိုင်ငံတွင် တရားမ၀င်ကုန်သွယ်မှု များကြောင့် ကမ်္ဘာလုံးဆိုင်ရာတရားမ၀င် ကုန်သွယ်မှု အခြေအနေ  ညွှန်းကိန်းမြင့် တက်လာမှုနှင့်စပ်လျဉ်း၍ နိုင်ငံအဆင့်၌ ဌာနအချင်းချင်းအကြား ပူးပေါင်းမှု မြှင့်တင်ရန် အတွက် ““တရားမ၀င် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ””ကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ကြောင်း၊ တရားမ၀င်ကုန်သွယ်မှုတိုက်ဖျက်ရေး အညွှန်းကိန်းများအပေါ်အခြေခံပြီး ““အစိုးရမူဝါဒဆိုင်ရာ လုပ်ငန်းကော်မတီ””၊ ““ရောင်းလိုအားနှင့် ၀ယ်လိုအားဆိုင်ရာ လုပ်ငန်းကော်မတီ”” ၊ ““ပွင့်လင်းမြင်သာမှုနှင့် ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ””နှင့် ““အကောက်ခွန်လုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ””တို့ကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင်    တရားမ၀င် ကုန်သွယ်မှုများ ထိရောက်စွာ တားဆီးထိန်းချုပ်နိုင်ရေးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် နေပြည်တော်ကောင်စီ၊  တိုင်းဒေသကြီး/ပြည်နယ်များတွင် ““တရားမ၀င် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့””များကိုလည်းဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါ အထူးအဖွဲ့များအနေဖြင့် ““၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ”” မှ   ““၂၀၂၀ ပြည့်နှစ်၊ ဇန်န၀ါရီလ””အထိဖမ်းဆီးရရှိမှုမှာ ၂၇၀၉ ကြိမ်ရှိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄ ဒသမ ၁၆၂ ဘီလီယံဖမ်းဆီးနိုင်ခဲ့ကြောင်း။ Ease of Doing Business အဆင့် တိုးတက်ရေးအတွက် ကမ္ဘာ့ဘဏ်ကထုတ်ပြန်မည့် Doing Business 2021 Report တွင် ၂၀၂၀ ပြည့်နှစ်  ဧပြီလကုန်အထိ ဆောင်ရွက်ချက်များကိုသာ ထည့်သွင်းစဉ်းစားမည် ဖြစ်သည့်အတွက် ကျန်ရှိသည့် နှစ်လကျော် ကာလအတွင်း ““သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် အဖွဲ့အစည်းများ””အနေဖြင့် စီးပွားရေး ၀န်းကျင် တိုးတက်ကောင်းမွန်ရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်သည့်အခါတွင် လက်ရှိနှုန်းထက် အဆပေါင်းများစွာ   ကြိုးစားသွားရမည် ဖြစ်ကြောင်း၊ ““ဌာနဆိုင်ရာများ””အနေဖြင့်လည်း  မိမိတို့ ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို အများပြည်သူသိရှိအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း။ ထို့ပြင် ကမ္ဘာ့ဘဏ်၏ စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုကြသည့်အခါတွင် ဌာနဆိုင်ရာက ဖြေဆိုမှုထက် ပုဂ္ဂလိကကဏ္ဍက ဖြေဆိုသည့် လက်တွေ့အခြေအနေများကို အစီရင်ခံစာတွင် ထည့်သွင်းတွက်ချက်ခြင်း ဖြစ်သည့်အတွက် ““ပုဂ္ဂလိကလုပ်ငန်းရှင်များ””အနေဖြင့် ဌာနဆိုင်ရာများက ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို သိရှိပြီး စစ်တမ်းမေးခွန်းလွှာများကို မှန်မှန်ကန်ကန် ဖြေဆိုနိုင်ရန် အတွက် ၀ိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုကြောင်း၊ ““ပြည်ထောင်စု သမ်္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်””အနေဖြင့်လည်း လိုအပ်နေသည့် ပံ့ပိုးချိတ်ဆက်မှုများကို ကူညီဆောင်ရွက် ပေးသွားရန် မေတ်္တာရပ်ခံ ပြောကြားလိုကြောင်း။ ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့များအနေဖြင့်လည်း ဆွေးနွေးမည့် ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသည့် အတွက် မိမိတို့အသင်းအဖွဲ့ များ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပြောကြားရင်း နိဂုံးချုပ်အပ်ကြောင်း ပြောကြားသည်။ ထို့နောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က Coronavirus Disease 2019(COVID-19) ကြောင့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများတွင် အကျိုးသက်ရောက်နိုင်မည့်  ကိစ်္စရပ်များအပေါ် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Ease of Doing Business အဆင့်တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍  ရှင်းလင်း ပြောကြားသည်။ ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှု အခြေအနေများ၊   ဥပဒေများ၊ နည်းဥပဒေများပြဋ္ဌာန်းနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ Project Bank တည်ထောင်ထားရှိမှု အခြေအနေများ၊ ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  ရှင်းလင်းပြောကြားသည်။ ဆက်လက်၍    ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်က   တိုင်းဒေသကြီး အတွင်း ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာ ကုန်စည် ပြပွဲများ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။ ထို့နောက် တက်ရောက်လာကြ သူများက သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် တွေ့ကြုံနေရသည့်   အခက်အခဲများနှင့် အကြံပြုချက်များကို ရှင်းလင်းဆွေးနွေး တင်ပြကြသည်။ အဆိုပါတွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြံပြုတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ်္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်၊ ဒုတိယ ၀န်ကြီးများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးသည်။ ယင်းနောက် ဒုတိယသမ္မတက နိဂုံးချုပ်အမှာစကား ပြောကြားပြီး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို   ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

Read 170 times Last modified on Sunday, 23 February 2020 10:37