SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

Wednesday, 26 February 2020 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဖေဖော်ဝါရီ ၂၅

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရောက်ရှိနေသည့်   နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ယနေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နယ်နှင့် လှိုင်းဘွဲ့မြို့နယ်တို့မှ  ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊    ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သူရဦးအောင်ကို၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဒေါက်တာမြင့်ထွေးနှင့် ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်  ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့မှ ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ကရင်ပြည်နယ် ကော့ကရိတ်မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများက   ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည်  ကရင်ပြည်နယ်ဝန်ကြီး ချုပ်နှင့်အတူ   မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာကြပြီး   မြဝတီမြို့သို့ ရောက်ရှိရာ မြို့တွင်းလမ်းမ တစ်လျှောက်၌ ဒေသခံတိုင်းရင်းသား ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြဝတီမြို့နယ်  မြစန္ဒီပန်းခြံ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မြဝတီမြို့မှ မော်တော်ယာဉ်များဖြင့် ထွက်ခွာကြရာ ကော့ကရိတ်မြို့သို့ ပြန်လည်ရောက်ရှိပြီး ထိုမှတစ်ဆင့် ရဟတ်ယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြရာ လှိုင်းဘွဲ့မြို့သို့ ရောက်ရှိကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်စာရင်းစစ်ချုပ်၊  ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက်   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လှိုင်းဘွဲ့မြို့နယ် အောင်ဆန်းခန်းမ၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ သည်။

ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် လှိုင်းဘွဲ့မြို့မှ ပြန်လည်ထွက်ခွာပြီး ရဟတ်ယာဉ်ကွင်း၌ စောင့်ဆိုင်းနေသည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

ထို့နောက်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် လှိုင်းဘွဲ့မြို့မှ ရဟတ်ယာဉ်များဖြင့်  ပြန်လည် ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည်   ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊  ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ ဝန်ကြီးချုပ်များနှင့် ဝန်ကြီးများအား မော်လမြိုင်လေဆိပ် အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာမြေနှင့် လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် လူထုတွေ့ဆုံပွဲများတွင် ပြည်သူများ၏ တင်ပြချက်များကို အထူးဦးစားပေး ဆောင်ရွက်ပေးရန်၊    ပြည်နယ် အစိုးရများအနေဖြင့် စီမံကိန်းများ ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိရှိ၊  လူထုပါဝင်ပြီး နားလည်မှုရှိစွာ ဆောင်ရွက်သွားရန်၊ မူးယစ်ဆေးဝါး ပြဿနာများကို ပြည်ထဲရေးအနေဖြင့် အထူးအလေးထား ဆောင်ရွက်ရန်နှင့်  ပြည်နယ်အစိုးရများ အနေဖြင့်လည်း ကျောင်းသား၊ ဆရာ၊ မိဘပူးပေါင်းပြီး  ဘက်စုံပညာပေး လျှော့ချသွားရန်နှင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊   ကျူးကျော်ပြဿနာများကို အချိန်မဆိုင်းဘဲ ဥပဒေနှင့်အညီ ချက်ချင်းကိုင်တွယ် ဆောင်ရွက်သွားရန် မှာကြားပြီး ပြည်နယ်အစိုးရများ၏ လိုအပ်ချက်တင်ပြမှုများကို မှာကြား ဖြည့်ဆည်းပေးသည်။

ထို့နောက်   နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် မော်လမြိုင်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည် ထွက်ခွာခဲ့ကြရာ  ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။

Read 68 times Last modified on Wednesday, 26 February 2020 08:40