SJ WorldNews - шаблон joomla Авто

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုရိုနာ ဗိုင်းရပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင် စေရန် အတွက် မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ သွားရောက်ပေးပို့ လှူဒါန်းမှုနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်း

Wednesday, 26 February 2020 09:19 font size decrease font size decrease font size increase font size increase font size

တရုတ်ပြည်သူ့ သမတ နိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်  COVID-19 ရောဂါကြောင့်ဖြစ်ပွားနေသည့် အဆုတ်ရောင်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အောင်မြင်စေရန်အတွက် မြန်မာ့တပ်မတော်မှ နှာခေါင်းစည်း၊ အကာအကွယ်မျက်မှန် စသည့် ကုသရေး ပစည်းများကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  တရုတ်ပြည်သူ့ သမတ နိုင်ငံ ကူမင်း မြို့သို့ ယနေ့နံနက်ပိုင်းတွင်   မြန်မာ့တပ်မတော် လေယာဉ်ဖြင့် ပို့ဆောင်ခဲ့သည်။ မြန်မာ့ တပ်မတော်မှ  တရုတ်ပြည် သူ့ သမတနိုင်ငံ ကူမင်းမြို့သို့ သွားရောက်လှူဒါန်းသည့် ခရီးစဉ်တွင် ပါဝင်သည့် တာဝန်ရှိ သူများအား တွေ့ဆုံ မေးမြန်း မှုများကို ဖော်ပြလိုက်ပါသည်-

ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး

တရုတ်ပြည်သူ့ သမတ နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ရောဂါ ဝေဒနာများနဲ့ ပတ်သက်ပြီး မိမိတို့ တပ်မတော် အနေနဲ့ စာနာ ထောက်ထား မှုတစ်ခုအနေဖြင့် ပစ်္စည်းများလှူဒါန်းပေး ခြင်းဖြစ်တယ်။ မိမိတို့နိုင်ငံ  နှစ်နိုင်ငံတပ်မ တော်နှစ်ရပ် အချင်းချင်း ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ကိစများနဲ့ ပတ်သက်ပြီး တရုတ်ပြည်သူ့ သမတ နိုင်ငံ အစိုးရနဲ့ တပ်မတော်က အကောင်းဆုံးဖြစ်အောင် အမြန်ဆုံးထိန်းသိမ်းဆောင်ရွက်နိုင် တာတွေ့ရတယ်။ ဒီအတွက် မိမိတို့အနေဖြင့် အသိအမှတ်ပြုသလို ဖြစ်ပေါ်နေတဲ့ဘေးကိစအားလုံး အမြန်ဆုံး ကောင်းမွန်သွားပါစေလို့ မိမိ အနေဖြင့် ဆုတောင်းပေးပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ   တရုတ်ပြည်သူ့ သမတ နိုင်ငံ သံအမတ်ကြီး H.E.Mr. Chen Hai

ယခုတရုတ်ပြည်သူ့ သမတ နိုင်ငံမှာ ဗိုင်းရပ်ခုခံတိုက်ခိုက်ရေးဟာ  အရေးကြီးတဲ့ခေတ် ကာလဖြစ်ပါတယ်။ ယခုလို ကာလမှာ မြန်မာ့ တပ်မတော် က တရုတ်ပြည်သူ့ သမတနိုင်ငံ မှာ အလိုအပ်ဆုံးဆေးဝါးနဲ့ ကာကွယ်ပစည်းများ ပို့ပေးတဲ့ အတွက် ပြည်ထောင်စု သမတ မြန်မာ နိုင်ငံတော်က တရုတ်ပြည်သူ့ သမတနိုင်ငံကို ထောက်ခံအားပေးပြီး မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည် ရေးကို ဖော်ပြ နိုင်ခဲ့ပါတယ်။ မိမိတို့တရုတ်ပြည်သူ့ သမတ နိုင်ငံက လည်း စာနာထောက်ထားမှုပစည်း များ ပေးခြင်းအတွက် ကျေးဇူး အထူးတင်ရှိကြောင်း ပြောကြားချင်ပါတယ်။ ရောဂါဖြစ်ပွားပြီးနောက် မြန်မာ-တရုတ် နှစ်နိုင်ငံက ဗိုင်းရပ်ရောဂါခုခံ တိုက်ခိုက်ရေးကို ကောင်းမွန်စွာ ဆောင်ရွက်ခဲ့ပါ တယ်။ မိမိတို့တရုတ် နိုင်ငံက မြန်မာနိုင်ငံ စတဲ့ အိမ်နီးချင်းကောင်း နိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကူအညီ အထောက်အပံ့ အောက်မှာ ဗိုင်း ရပ် ရောဂါကို မြန်နိုင်သလောက် မြန်အောင် တိုက်ဖျက်အောင်မြင်ဖို့ ယုံကြည်မှု အများကြီးရှိပါတယ်။ အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ မြန်မာ နိုင်ငံလူထု ဆိုင်ရာများ ဆက်လက်ပူးပေါင်း ဆောင်ရွက် သွားမယ်လို့ ပြောချင်ပါတယ်။

ဒုတိယ ဗိုလ်မှူးကြီး ခိုင်ဇော်ဦး

ကိုရိုနာဗိုင်းရပ်က အသက်ရှူလမ်းကြောင်း ကတစ်ဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။ အခြားဗက်တီးရီးယားရော ဂါတွေ   အခြား နည်းဖြင့်  ကူးစက်တဲ့ ရောဂါတွေ ရှိတယ်။ ကူးစက်ရောဂါ ဗိုင်းရပ်၊ ဗက်တီးရီးယားတွေ ကစည်း မရှိဘူး။ ဘယ်နိုင်ငံ အတွင်းမှာပဲနေရမယ်။ တပ်မတော်ထဲမှာပဲ နေရမယ်။ အရပ်ဘက်မှာပဲ နေရမယ်လို့ စည်းမရှိပါဘူး။ မိမိတို့ အနေနဲ့  ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသာမက နိုင်ငံတကာနဲ့လည်း ပူးပေါင်းဆောင် ရွက်တယ်။ WHO ရဲ့ International Guide Line တွေ National Guide Line တွေနဲ့လုပ်ပါတယ်။ လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် လူထူထပ်တဲ့ နေရာများမှာ ပိုစတာကပ်တယ်။ ဟောပြောမှု တွေ ဆောင်ရွက်နေတယ်။ တပ်မတော်အနေနဲ့ လူထူထပ်တဲ့နေရာတွေမှာ ပိုစတာကပ်ခြင်း၊ ဟောပြောခြင်းနဲ့ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်လျက်ရှိပါတယ်။ အဓိက အနေဖြင့် မိမိမှ အခြားသူကို မကူးစက်အောင် လူနာနဲ့ ထိတွေ့ခဲ့ပြီဆိုရင်လည်း သတင်းပို့ရန် လိုအပ်ပါတယ်။ အခြားသူက  မိမိကို မကူးစက်အောင် မိမိကရောဂါ ရှိတဲ့ သူတွေနဲ့ နီးနီးကပ်ကပ် မနေထိုင်ရန်၊  ရောဂါရှိ၊ မရှိ မသိနိုင်တဲ့ အခြေအနေမှာ လူစုလူဝေး နေရာများကို မသွားရန်၊ ဖြစ်နိုင်ရင် လူစုလူဝေး မလုပ်ကြရန် လိုအပ်ပါတယ်။

လူစုလူဝေးရှိတဲ့ နေရာတွေကို သွားရမယ် ဆိုရင်လည်း Masks တပ်မယ်။ လက်ကို Alcohol ပါတဲ့ လက်ဆေးရည်နဲ့ ဆေးပြီး မှသာ အခြားအလုပ်များ လုပ်ရပါမယ်။ မိမိတို့ ဆေးဝန်ထမ်း တပ်ဖွဲ့များ အနေနဲ့လည်း လူနာတွေနဲ့ ထိတွေ့ မယ်ဆိုရင် သင့်တော်တဲ့ အကာအကွယ်များ လိုအပ်ပါတယ်။

တရုတ်ပြည်သူ့ သမတ နိုင်ငံက ကိုရိုနာ ဗိုင်းရပ်ရောဂါ ခံစားနေရတဲ့ ပြည်သူတွေကို ကိုယ်ချင်းစာပါတယ်။ ရောဂါပိုး များ အနရာယ်မှ အမြန်သက်သာစေပြီး လုပ်ငန်းခွင်များ လည်းအမြန်ပြန်ဝင်နိုင်ပါစေ။ ဖျားနာ သေဆုံးမှုများလည်း အမြန်ဆုံး လျော့နည်းပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်။   

ကျော်လွင်၊ ဇော်မျိုး(မြ၀တီ)

 

Read 208 times Last modified on Wednesday, 26 February 2020 09:21