SJ WorldNews - шаблон joomla Авто

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့်ဥပဒေမူကြမ်း ယနေ့ စတင်ဆွေးနွေး

Wednesday, 26 February 2020 12:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၅၊

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေကို   ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် အမည်စာရင်းတင်သွင်းထား ကြသော လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းမပြုမီ တပ်မတော် သားလွှတ် တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်စန်းချစ်က မိမိအပါအ၀င်  လွှတ်တော်ကိုယ်စားလှယ် ၁၄၄ ဦးက လက်မှတ် ရေး ထိုးပြီး ၁၇-၉-၂၀၁၉  ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို  ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော် နာယကထံ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့တင်ပြခဲ့ရာတွင် ပြင်ဆင်ချက်ကိုးချက် ပါဝင်ခဲ့ ကြောင်း၊ အဆိုပါကိစ်္စ နှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်နာယကအနေဖြင့် စိစစ်ရန်အတွက်  ဥပဒေ လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီကိုလည်းဖွဲ့စည်းခဲ့ကြောင်း၊ သို့သော်လည်း ၁၀-၂-၂၀၂၀ ရက်၌ဖြန့်ဝေသော ပြင်ဆင်ချက် ဇယားတွင်  မှားယွင်းပြီးဖော်ပြခဲ့ကြောင်း၊ တင်ပြချက်ပါ စာသားအချို့ကို ပယ်ဖျက်ပြီး တင်ပြလာကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၅ အရ ဥပဒေမူကြမ်းနှင့်ပတ်သက်ပြီး အသေးစိတ် လေ့လာ စိစစ်ရန်သာရှိပြီး ပယ်ဖျက်ခြင်းပြုလုပ်ထားခြင်းအပေါ် ကန့်ကွက်ကြောင်း၊ ထိုသို့သေချာစွာ မစိစစ်ဘဲပြုလုပ် ထားခြင်း အပေါ်ကန့်ကွက်ကြောင်း၊ ဤဥပဒေမူကြမ်းများကို မှန်ကန်မှု ရှိ၊ မရှိ သေချာစွာပြန်လည် စိစစ်သင့်ကြောင်း ရှင်းလင်း တင်ပြသည်။

၎င်းအကြောင်းအရာနှင့် ပတ်သက်ပြီး ဥပဒေမူကြမ်းများ လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြန်လည် ရှင်းလင်းရာ မိမိတို့အနေဖြင့်ပြင်ဆင်ထားခြင်းမရှိကြောင်း၊ ရေးထုံးပိုင်းဆိုင်ရာ ပြင်ဆင်ခြင်း များက လွဲ၍ပြင်ဆင်ခွင့်လည်း မရှိကြောင်း၊ ဥပဒေစာသားများကိုပြင်ဆင်၍ မရကြောင်း ရှင်းလင်း တင်ပြသည်။ အဆိုပါ ကိစများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ် တော်နာယကက ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်ပြ သွားသည့် ကိစများအတွက် ရုံး၏ လိုအပ်ချက် ရှိသွားကြောင်း၊ ပြန်လည် ဖြည့်စွက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးကြမည်ဆိုပါက ဗိုလ်မှူးချုပ် အောင်စန်းချစ် တင်သွင်းသွားသည့် အချက်ပေါ်တွင် မူတည်ပြီး ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးအစီအစဉ် အတိုင်းပြန်လည်ကျင်းပပြီး   ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး ဆွေးနွေးကြရာ ကရင်ပြည်နယ်မဲဆန်္ဒနယ် အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က  ဥပဒေမူကြမ်းကို လေ့လာကြည့်သည့်အခါ ဦးဆောင် တင်သွင်းသူ (မိမိအပါအ၀င်) ခြောက်ဦး၊ မူလဥပဒေမူကြမ်းက ခုနစ်ခု၊ ပြင်ဆင်ရန် အချက်ပေါင်းက ၁၄၂ ချက်၊ တစ်ဦးချင်း ဆွေးနွေးခွင့်ရသည့်အချိန်က ၈ မိနစ်၊ ဥပဒေ ပြဋ္ဌာန်းချက်တစ်ခုချင်းကိုဖတ်ပြရင်တောင်  အချိန်ကမလောက်ပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းနှင့် စပ်လျဉ်းပြီး  အခန်း (၁၂)မှာ အတိအကျ ပြဋ္ဌာန်းထားသော်လည်း ယခုလို တစ်ကြိမ် တည်း၊ တစ်ပြိုင်တည်း အပြိုင်တင်သွင်းလာ ခြင်းသည် စစ်မှန်သော ဒီမိုကရေစီလိုလားသူများ၏  ထူးခြား ပြောင်မြောက်သည့် ဆောင်ရွက်ချက်တွေ အဖြစ် သမိုင်းမှတ်တမ်း တင်ကျန်ခဲ့မှာသေချာကြောင်း၊ ဥပဒေ မူကြမ်း စတင်တင် သွင်းသူ ဦးသိန်းထွန်းနှင့် နောက်ဆုံး တင်သွင်းသူ ဦးထွန်းထွန်းဟိန်တို့ အကြား ကြားကာလမှာ   တစ်နှစ် နီးပါး (တစ်နှစ်ပြည့်ဖို့ (၁၅)ရက်ခန့်သာ)လိုကြောင်း၊ ဦးသိန်းထွန်း(ကျောင်းကုန်း)ပါအဖွဲ့၏ ပုဒ်မ(၂၆၁)နှင့် စပ်လျဉ်းပြီး ပြင်ဆင်ချက် ဥပဒေမူကြမ်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေမှ ဆန်္ဒမဲစနစ်နှင့် ရွေးချယ်ဖို့ပြင်ဆင်ထား တာတွေ့ရကြောင်း၊ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းနှင့် ပြည်နယ်တွေကို လုပ်ပိုင်ခွင့် တိုးပေးသည့် Decentralization ဆောင်ရွက်လိုခြင်း ဖြစ်ကြောင်း၊ စစ်မှန်သော ဒီမိုကရေစီဖက် ဒရယ် ပြည်ထောင်စုကြီး ထူထောင်ဖို့ ကြွေးကြော်နေကြသူတွေ၏ ပြင်ဆင်ချက်ထဲ မှာတော့ ဒီအချက်ပါဝင် လာခြင်း မရှိကြောင်း၊  ထိုအရာဟာ ဘာကို ပြောတာလဲဆိုတော့  စ်ခါတစ်ရံမှာ အရှိန်အ၀ါကြီး၊ အသိုင်းအ၀ိုင်းကြီးကဆို ပေမယ့် အပြောနှင့် အလုပ်ဟာ ထပ်တူမကျတတ်ဘူး ဆိုသည့် သင်ခန်းစာကို ပြည်သူတွေ ရလိုက်မယ်လို့ ထင်ကြောင်း။

နိုင်ငံတော် သမတ ၊ ဒုတိယ သမတ များ၏ အရည်အချင်း သတ်မှတ်ပြဋ္ဌာန်းချက် ဖြစ်သည့် ပုဒ်မ(၅၉)(စ)ကိုတော့ ဦးထွန်းထွန်းဟိန်(ပါ)အဖွဲ့က ပယ်ဖျက်ထားကြောင်း၊ ထိုပြဋ္ဌာန်းချက်ကိုပဲ တပ်မတော်သား လွှတ်တော်ကိုယ်  စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်(ပါ) အဖွဲ့ က ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်ရာမှာ လည်းကောင်း၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များခန့်အပ်ရာမှာလည်းကောင်း ထပ်မံဖြည့်စွက်ပြင်ဆင် ထားတာတွေ့ရှိရကြောင်း၊ ၁၉၄၇ ခုနှစ်   ဇွန် ၁၆ ရက်တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ လမ်းမတော်လွှတ်တော်အမတ်ဖြစ်သည့်  ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပုဒ်မ(၅၉) (စ)ကဲ့သို့ ပြဋ္ဌာန်းချက်ကိုအဆိုပြုတင်သွင်းခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေမှာ ဒီလိုပြဋ္ဌာန်းချက်ပါဝင်လာကြောင်း၊   ““အမျိုးစစ်မှ   အမျိုးချစ်မယ်””ဆို သည့်  သဘောတရားကို ဗိုလ်ချုပ် အောင်ဆန်းက လေးလေးနက်နက် ယုံကြည်ထားလို့ဖြစ်ကြောင်း၊ ထို့ကြောင့် လူတစ်စု လူတစ်ဖွဲ့က စွပ်စွဲသမုတ်ပြောဆို နေကြသလို လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်  ကိုရည်ရွယ်ပြီး ပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ကြောင်း ထင်ရှားနေပြီးဖြစ်ကြောင်း၊ ကမာ့စူပါပါဝါ နိုင်ငံကြီးတွေ၏ ၀ါဒချင်းအားပြိုင်မှု၊ အကျိုး စီးပွားချင်း အားပြိုင်မှု တွေကြားမှာ မိမိတို့လို နည်းပညာရော ဓနအင်အားပါအားနည်း ချို့တဲ့နေသည့်နိုင်ငံမျိုး အနေနှင့် နောင်ရေး အတွက်မျှော်တွေးပြီး အဘက်ဘက်က ကြိုတင်ကာကွယ်ထားနိုင်မှတော်ကာ ကျလိမ့်မည်ဖြစ်ကြောင်း။

အင်အားကြီးနိုင်ငံ တချို့ဟာ  မိမိတို့ အကျိုးစီးပွားအတွက်၊ မိမိတို့ယုံကြည်လက်ခံထားသည့် အယူဝါဒကျယ်ပြန့်လာဖို့ အတွက် နိုင်ငံငယ်များ အပေါ်နည်းမျိုးစုံနှင့် ဖိအားပေး ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ဒီလို ဆောင်ရွက်ရာမှာ ဘိုးဘွား အစဉ်အဆက် မြတ်နိုးတန်ဖိုးထားသည့်   စံနှုန်းတွေ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်တွေကိုယုတ်လျော့ သွားအောင် ဖန်တီး ကြံဆောင်ခြင်းနည်းလည်း ပါဝင်ကြောင်း၊ ဇာတိသွေး၊ ဇာတိမာန်နှင့်မျိုးချစ်စိတ်သာမရှိခဲ့လျှင် မိမိတို့နိုင်ငံသည်  ယခုအချိန်ထိ တိုင်းတစ်ပါးလက်အောက်က လွတ်မြောက်ဦးမည်ဟု မထင်ကြောင်း၊ ဗီယက်နမ် စစ်ပွဲမှာ အမေရိကန် ဘာကြောင့် စစ်ရှုံးခဲ့ ရတာလဲ၊ ခေတ်မီလက်နက်ထက် မျိုးချစ်စိတ်က အစွမ်းထက်ကြောင်း သမိုင်း သက်သေပြသ သွားခြင်းဖြစ်ကြောင်း။

တိုင်းတစ်ပါးသားနှင့်  လက်ဆက်မိလို့ ၀န်ကြီးချုပ်ရာထူး ၀င်ပြိုင်ခွင့်ဆုံးရှုံးခဲ့ရသည့် အမျိုးသမီး၊ တစ်နိုင်ငံတည်းသား သာမန်အရပ် သားကိုလက်ဆက်နိုင်ဖို့ ရာထူးနှင့်အဆောငအယောင်ကိုစွန့်ခဲ့ရသည့် တော်ဝင်မင်းသမီး၊ ထိုဖြစ်စဉ် တွေဟာ မိမိတို့နိုင်ငံထက် ဒီမို ကရေစီရင့်ကျက်သည့်  နိုင်ငံတွေမှာ ရှိနေကြောင်း၊ ထို့ထက်မက တချို့သော ဒီမို ကရေစီ ဦးဆောင်နိုင်ငံတွေမှာပင်လျှင် ဘာသာရေး အရကန့်သတ်မှုတွေ ရှိနေဆဲဖြစ်ကြောင်း၊  ထိုအရာတွေ ကိုကြည့် ခြင်း အားဖြင့် မိမိတို့ လိုဒီမိုကရေစီလေ့ကျင့်ပျိုးထောင်ဆဲနိုင်ငံတွေမှာ ပုဒ်မ(၅၉)(စ)တို့လို  ပြဋ္ဌာန်းချက် တွေကိုပယ် ဖျက်ခြင်း သည် လုံးဝ မသင့်တော်ကြောင်း ဆွေးနွေးလိုကြောင်း။

ဦးထွန်းထွန်းဟိန်(ပါ) အဖွဲ့၏ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ချက်ဥပဒေမူကြမ်းပါပြင်ဆင်ချက်အတော်များများမှာ (အဓိက အားဖြင့်) တပ်မတော်၏ နိုင်ငံရေးမှာပါဝင်မှု  အချိုးအစားကိုလျှော့ချပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေက အပ်နှင်းသည့် တပ်မတော်၏ အခန်း ကဏ္ဍကိုကန့်သတ် လျှော့ချပိတ်ပင်လိုသည့် သဘောထားကိုမြင်တွေ့ရကြောင်း၊ ယနေ့ကာလ   နိုင်ငံတော်၏အခြေအနေသည် အပြန်အလှန် လေးစား အသိအမှတ်ပြုမှုနှင့် ယုံကြည်မှုတည်ဆောက် နေသည့် ကာလ ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်လက်ခံနိုင်အောင် လက်ခံလာနိုင်သည့်   အခြေအနေရောက် အောင် တဖြည်းဖြည်းချင်း ရွေ့ရမည့်အစား ကျန်ရှိသည့်  သက်တမ်းကာလအတွင်းမှာ လွန်ထားသည့်ကတိကို တည်ချင် လွန်းလို့ (ကသောကမျော)နှင့်  အရွေ့ကြမ်းကြမ်းရွှေ့သည်ဟုမြင်မိကြောင်း၊ ထိုအရွေ့အပေါ် တစ်ဖက်လူက မလိုက်နိုင်ခဲ့ရင်  တည်ငြိမ်မှု အနေအထားပျက်ယွင်းပြီး တိုင်းပြည်၏ အခြေအနေသည် ကောင်းကျိုးထက် ဆိုးကျိုး ဘက်ကို တွန်းပို့သလိုဖြစ်သွားနိုင်ကြောင်း။

လက်ရှိအသုံးပြုနေသည့် နိုင်ငံတော်အလံမှာ အလျားလိုက် အချိုးညီစွာဖြင့် (၀ါ၊ စိမ်း၊ နီ)အရောင်သုံးမျိုး    ပါဝင်နေ ကြောင်း၊  အ၀ါရောင်က မင်္ဂလာရှိသော   တော်ဝင်အရောင်  ကျက်သရေမင်္ဂလာပြည့်ဝခြင်းသဘောဆောင်ကြောင်း၊  ထိုအရောင်ကို တခြားနိုင်ငံများတွင် တော်ဝင်အရောင်အဖြစ် သတ်မှတ်ထားကြောင်း၊ အစိမ်းရောင်က  စိုက်ပျိုးရေးကို အခြေခံပြီး အေးချမ်းသာယာ စိမ်းလန်းစိုပြည်သောနိုင်ငံအဖြစ် ဖော်ညွှန်းလိုခြင်းဖြစ်ကြောင်း၊ အနီရောင်က ရဲရင့်ခြင်း၊ ပြတ်သားခြင်းသဘောကို ဆောင်ကြောင်း၊

တစ်ပွင့်တည်းသော   ကြယ်ဖြူပွင့်သည် မကွဲမပြား၊ တစ်သားတည်းရှိခြင်း၊ ပြန်လည်စုစည်းခြင်း၊   ပြည်ထောင်စုသား အားလုံး ဥမကွဲသိုက်မပျက်    တစုတစည်းတည်း တည်ရှိနေခြင်းသဘောအဓိပ္ပာယ်ကိုဆောင်ကြောင်း။

ဦးထွန်းထွန်းဟိန်နှင့်အဖွဲ့က ပြင်ဆင် တင်ပြထားသည့် နိုင်ငံတော်အလံပုံစံကို လေ့လာကြည့်သည့်အခါ  ကြယ်ဖြူ ပွင့်ကြီး အပြင် ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံပြီး အေးချမ်းသာယာ စိမ်းလန်းစိုပြည်မှု ကိုဖော်ညွှန်းသည့် အ၀ါရောင်နှင့် အစိမ်းရောင် ပါဝင်လာခြင်း မရှိတော့ကြောင်း၊ ကြယ်ဖြူပွင့် ၁၄ပွင့် ပါဝင်နေခြင်းတွေ့ရကြောင်း၊ တိုင်းနှင့် ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုဖော်ပြ လိုခြင်းဖြစ်မည်ဟု  ယူဆရကြောင်း၊ လက်ရှိကာလ   ပြည်နယ်ကြီး တစ်ခု အတွင်းက လူမျိုးစုတချို့က ကိုယ်ပိုင် ပြည်နယ်ပြဋ္ဌာန်း ပေးရန် တောင်းဆို ကြံဆောင်နေကြသည့် အချိန်မျိုးမှာ ယခုလို ပြင်ဆင်ခြင်းသည်  မသင့်တော်ဘူးဟု ပြောချင်ကြောင်း၊  ဘူးလေးရာဖရုံဆင့်  ပြဿနာကိုအစ ဖော်ပေးသလို ပြဿ နာကို လက်ယပ်ခေါ်သလို ဖြစ်သွားနိုင်ကြောင်း။

ထို့ပြင်  အစိုးရတစ်ရပ်တက်လာတိုင်း ကျင့်သုံးသည့်   နိုင်ငံရေးစနစ်မပြောင်းလဲကြောင်း၊ အကျိုး၊ အပြစ်မဆင်ခြင်ဘဲ အလံ ပုံစံကိုတစ်မျိုးပြီးတစ်မျိုး မကြာခဏပြောင်းလဲနေခြင်းသည် မိမိတို့ နိုင်ငံကို တည်ငြိမ်မှုမရှိသော  ညီညွတ်မှု အားနည်း သောနိုင်ငံအဖြစ် ကမာကို ထုတ်ဖော်ပြသသလို ဖြစ်သွားနိုင်ကြောင်း၊ နိုင်ငံ့ပုံရိပ်ကို ထိခိုက်ကျဆင်း စေနိုင်ကြောင်း၊ ထို့ကြောင့် ဒီလိုနိုင်ငံတော် အလံ ပုံစံပြောင်းလဲခြင်းကို မိမိအနေဖြင့်  သဘောမတူနိုင်ကြောင်း၊

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဖြင့် တိုင်းရင်းသားများ၏ ဆနနှင့်အညီ ဖြစ်သောဗဟိုချုပ်ကိုင်မှု လျှော့ချပြီး တိုင်းနှင့် ပြည်နယ်များ၏ စီမံပိုင်ခွင့် အခွင့်အရေးကို မြှင့်တင်ပေးလိုကြောင်း၊ တိုင်းပြည်လည်းမနာ၊ လူထုအကျိုး ကိုလည်း မထိခိုက်သည့် တစ်ဆင့်ပြီး တစ်ဆင့်တိုးတက်ပြောင်းလဲ ပြင်ဆင်မှုမျိုးကိုသာ လိုလားကြောင်း၊ အနာဂတ် နိုင်ငံတော်အတွက် အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲမှုကိုအာမခံချက် ပေးနိုင်သည့် ပြင်ဆင်ချက် မျိုးကိုသာ ပြင်ဆင်သင့်ကြောင်း။

ယခု  ပြည်သူအများ စိုးရိမ် ပူပန်နေကြ သလို မိမိအပါအ၀င်  လွှတ်တော် ကိုယ်စားလှယ်များ၏  ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးကြိုးပမ်းမှုများသည်  ဒီတစ်ခါတော့  ငါတို့အလှည့်ရောက်ပြီဟေ့ ဆိုပြီး Emotion နှင့် လာမည့် Election အတွက်  ရည်ရွယ်ဆောင်ရွက်ခြင်းမျိုး မဟုတ်ဘဲ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ ရေရှည် အကျိုး စီးပွားကို ရှေးရှုသော၊ စေတနာမှန်သော ဆောင်ရွက်ချက်များသာ ဖြစ်သင့်ကြောင်း တိုက်တွန်း ဆွေးနွေးသည်။ တပ်မတော် သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးချုပ်အောင်ဇော်ဦးက ရရှိတဲ့ အချိန်အတွင်း ပြင်ဆင်ချက် အားလုံးကို  ဆွေးနွေးနိုင်ခြင်း မရှိသော်လည်း   နိုင်ငံတော်၏   အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်၏ အမျိုးသား အကျိုးစီးပွား၊ နိုင်ငံတော်၏ လုံခြုံရေး၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအလို့ငှာ ဥပဒေမူကြမ်းများ အနက်မှ ကရင်ပြည်နယ် မဲဆန်္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင် အပါအ၀င် ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ် ၁၄၅ ဦး တင်သွင်းသည့် ပုဒ်မ ၅ ကို ပြင်ဆင်ဖြည့်စွက်ချက်အပေါ် မူတည်၍ ထောက်ခံ ဆွေးနွေး သွားမည်ဖြစ်ပြီး  ပုဒ်မ ၆ ပုဒ်မခွဲ (ဃ)၊ ပုဒ်မ ၆ ပုဒ်မခွဲ(စ)၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၄၊ ပုဒ်မ ၁၇ ပုဒ်မခွဲ(ခ)တို့အား မူလ အတိုင်း ထားရှိရန် ဆွေးနွေး သွားမည်ဖြစ်ကြောင်း။

ပုဒ်မ ၅ ကိုဖော်ပြပါအတိုင်း ““နိုင်ငံတော် ၏မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သောနယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင်တည်ရှိသည့် အတိုင်းဖြစ်သည့်အပြင် ရရှိလာသည့်အခြား နယ်မြေများ ရှိလျှင် ထိုအခြားနယ်မြေများ လည်းပါဝင်သည်””ဟု အစားထိုးပြင်ဆင် ထားသည်ကို တွေ့ရကြောင်းအစားထိုး ပြင်ဆင်ရသည့် အကျိုးအကြောင်းဖော်ပြချက်အနေဖြင့် ““ပြည်ထောင်စု သမတမြန်မာ နိုင်ငံတော်၏ နယ်နိမိတ် တည်ရှိမှုနှင့် ပတ်သက်၍ ရှိရင်းစွဲ နယ်နိမိတ်အပြင်   နိုင်ငံတကာခုံရုံးက  အဆုံးအဖြတ်ပေးမှုကြောင့် ရရှိလာသော နယ်နိမိတ်များ အကျုံးဝင်လာစေရန်အတွက် လည်းကောင်း၊ ဥပဒေပြဋ္ဌာန်း ချက်တိကျစေရန်အတွက်လည်းကောင်းမူလပြဋ္ဌာန်းချက်ကို   ပြင်ဆင်ဖြည့်စွက်ရာ တွင်လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများ အတိုင်း ခေတ်စနစ်နှင့် လျော်ညီစွာ ပြင်ဆင် ပေးလိုခြင်းဖြစ်နေသည်”” ဟု တွေ့ရမည်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံသည် ပထ၀ီနိုင်ငံရေး အခြေအနေအရ ကမာ့အင်အားကြီး နိုင်ငံများ၏ အကျိုးစီးပွားအတွက်  မျက်စိကျ စရာ ပစ်မှတ် ထားရာအခြေအနေမှာ တည်ရှိနေသည်ကို သုံးသပ်တတ်ရင် လေ့လာတွေ့ရှိရမည်ဖြစ် ကြောင်း၊ အိမ်နီးချင်း နိုင်ငံများကိုလေ့လာရင် ကမာ့လူဦးရေ အများဆုံးဖြစ်သည့်အပြင် စူပါပါဝါနိုင်ငံများဖြစ်သော တရုတ် နိုင်ငံနှင့် အိန်္ဒိယနိုင်ငံ၊ လက်ရှိမိမိတို့နှင့်အငြင်းပွားမှု ဖြစ်ပွားနေပြီး ကမ္ဘာ့ လူဦးရေပေါက်ကွဲမှု အများဆုံးနိုင်ငံများ အနက်မှ တစ်နိုင်ငံဖြစ် သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နယ်နိမိတ်ထိစပ်မှု ဒုတိယ အများဆုံးဖြစ်ပြီး နယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုမကြာ ခဏဖြစ်ပွားလေ့ရှိသည့် ထိုင်းနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် ထိုပုဒ်မ ၅ သည် အရေးကြီးသည့် ပြင်ဆင်ဖြည့်စွက် ချက်ဖြစ်သည်ကို တွေ့ရှိရကြောင်း။

မြန်မာနိုင်ငံအနေဖြင့် မြေထုနှင့်  ရေထု ပိုင်နက်နယ်နိမိတ်များမှာ အထက်ကတင်ပြခဲ့သော အိမ်နီးချင်းနိုင်ငံများနှင့် အငြင်းပွားမှု များရှိခဲ့ပြီး လက်ရှိအချိန်အထိ ပြီးဆုံးခြင်း မရှိသေးသော ကိစရပ်များ၊ နိုင်ငံတကာခုံရုံးက အဆုံး အဖြတ်ပေး ရမည့် ကိစရပ်များရှိနေ သေးသည်ကိုတွေ့ရှိရကြောင်း၊ လက်ရှိကာလအချိန်အထိ  နယ်နိမိတ် တိုင်းတာ သတ်မှတ်ပြီးစီးမှုအနေဖြင့် ဘင်္ဂလားဒေ့ရှ် နှင့် ၁၆၉ မိုင်၊ အိန်္ဒိယနှင့် ၉၀၇ မိုင်၊ တရုတ်နှင့် ၁၃၈၄ မိုင်၊ လာအိုနှင့် ၁၄၉ မိုင်၊ ထိုင်း နှင့် ၃၆ မိုင်ခန့် အသီးသီး တိုင်းတာသတ်မှတ်ခဲ့ပြီး  ရာနှုန်းပြည့် တိုင်းတာပြီးစီးမှုမှာ ဘင်္ဂလား ဒေ့ရှ်၊ လာအိုတို့နှင့်ထိစပ်နေသော နယ်နိမိတ်များသာ   တိုင်းတာပြီးစီးခဲ့သေးကြောင်းကို သိရှိရကြောင်း၊ အိနိ္ဒယနိုင်ငံနှင့် နယ်နိမိတ် တိုင်းတာမှုမပြီးပြတ်သေးသည့် ကဘော်ချိုင့်ဝှမ်းဒေသ ၂၉ မိုင်၊ မြန်မာ-တရုတ်-အိနိ္ဒယသုံးနိုင်ငံ ဆုံသည့်နေရာ ၇၉ မိုင်၊၂၀၁၉ ခုနှစ် လောက်ကိုင်နှင့်  ချင်းရွှေဟော်မြို့နယ်တို့အတွင်းဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာနယ်နိမိတ်ဆိုင်ရာ အငြင်းပွား မှုများ၊၂၀၁၆ ခုနှစ်ဘုရားသုံးဆူမှာဖြစ်ပွားခဲ့သော ထိုင်း-မြန်မာနယ်နိမိတ်ဆိုင်ရာ အငြင်းပွားမှုများ၊ အို ၇ တောင်ကုန်း က္စိ၊ လွယ်လန်း ဒေသ ကိစ္စ၊ သောင်ရင်းမြစ်ကြောင်းနယ် နိမိတ် ကိစ္စ၊ ပါချန်မြစ်ကြောင်း နယ်နိမိတ် ကိစ္စ တို့အပြင် ရေထုပိုင်နက် အနေဖြင့်လည်း ဂင်္ဂါကျွန်း၊ ဂါတ်တိုင်ကျွန်း၊ ရေခွဲတောင် ကျွန်း ကျွန်းသုံးကျွန်း ပိုင်ဆိုင်မှုကို မြန်မာနိုင်ငံနှင့်  ထိုင်းနိုင်ငံအကြား  အငြင်းပွားနေရဆဲ ဖြစ်ကြောင်းကို တွေ့ရှိရ ကြောင်း၊နယ်နိမိတ် တိုင်းတာခြင်းများ ပြီးစီးသွားပါက ရရှိလာမည့် ရလဒ်အပေါ် မူတည်ပြီး မြေပြင်နှင့် ရေပြင် ဧရိယာများ ထပ်မံရရှိကာ ဧရိယာ အပြောင်း အလဲဖြစ်ပေါ် လာနိုင်ကြောင်း။

ထို့ကြောင့်  လက်ရှိပိုင်ဆိုင်ထားသည့်  ဧရိယာအပြင် နိုင်ငံတကာဥပဒေများနှင့်နိုင်ငံ တကာခုံရုံး အဆုံးအဖြတ်များ၊ နယ်နိမိတ် ဆိုင်ရာတိုင်းတာမှုများ ပြီးစီးပါက ထပ်မံရရှိ နိုင်မည့် အလားအလာများ ရှိနေခြင်းကြောင့် ဥပဒေကြောင်း အရ တရားဝင်ပြင်ဆင် သတ်မှတ်နိုင်ရေးအတွက် ထိုပုဒ်မ ၅ ဟာမဖြစ် မနေပြင်ဆင်သင့်သည့်  ပြဋ္ဌာန်းချက်ဖြစ် ကြောင်း၊  ပုဒ်မ ၅ ကိုအစားထိုးပြင်ဆင် ဖြည့်စွက်ချက်သည် တစ်မျိုးသားလုံးနှင့် သက်ဆိုင်ပြီး နိုင်ငံတော်နယ်နိမိတ် ပိုင်ဆိုင်မှု အတွက် အရေးကြီးသော ပြင်ဆင်ချက်ဖြစ်သည့်အတွက်   နိုင်ငံ၏ရေရှည်အကျိုးကို ရှေးရှုပြီး ပုဒ်မ ၅ ပြင်ဆင်မှုကို   ထောက်ခံကြောင်း။

မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဖြစ်စဉ်များကို လ့လာကြည့်မယ်ဆိုရငလွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်တွင်း သောင်း ကျန်းမှုများ၊ ပြည်ပ ပယောဂ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံရေး မတည်ငြိမ်မှုများ၊ စီးပွားရေး ကျဆင်း မှုများနှင့်အတူ အချုပ်အခြာအာဏာ ဆုံးရှုံးပြီး   ပြည်ထောင်စုပြိုကွဲမည့် အခြေအနေများ စသည်တို့နှင့်   ရင်ဆိုင်ရ တိုင်း တပ်မတော်က ၀င်ရောက်ထိန်းသိမ်းတာဝန်ယူခဲ့ရခြင်းကို အားလုံးအသိပဲဖြစ်ကြောင်း၊ တပ်မတော်ဟာ ပြည်သူတို့၏ အကျိုးစီးပွား၊ တိုင်းရင်းသား အားလုံး၏ အသက်အိုးအိမ် စည်းစိမ်များကို အစဉ်အမြဲကာကွယ်စောင့် ရှောက်ခဲ့သည့် အဓိကအကျဆုံး အမျိုးသားရေး အင်အားစုကြီးဖြစ်သည့်အပြင် မြန်မာ့အရေးနှင့်ပတ်သက်ပြီး    အတွေ့ အကြုံ ရင့်ကျက်သော အဖွဲ့အစည်းကြီး တစ်ခုလည်း ဖြစ်ကြောင်း၊ ၁၉၅၈ ခုနှစ်မှာ နိုင်ငံရေးပါတီများ၊ အမျိုးသမီး အဖွဲ့ အစည်းများအတွင်း သဘောထားကွဲလွဲမှု၊   ၁၉၆၂ ခုနှစ်တွင် အာဏာရအစိုးရကို  အတိုက်အခံ များက ထိုးနှက်မှု၊ ဦး၊ ဗိုလ်၊ သခင်အုပ်စုများ ကွဲပြီး အုပ်စုချင်း အားပြိုင်မှု၊  ပြည်နယ်တစ်ခုက သီးခြားပြည်နယ်အဖြစ် ပြည်ထောင်စုထဲက ခွဲထွက်ခွင့်ပေးရန်ကြံစည်မှု၊ ၁၉၈၈ ခုနှစ် တွင် မင်းမဲ့စရိုက်ဆန်သည့်လုပ်ကြံသတ်ဖြတ်မှု များ၊ အမေရိကန် ရေတပ်၏ ကျူးကျော် ၀င်ရောက်မှု စတာတွေဖြစ်ပေါ်ခဲ့သလို ထပ်မံ မဖြစ်ပေါ်စေရေးအတွက်  တပ်မတော်က အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍမှာပါဝင်နေရခြင်းဖြစ်တယ်ဆိုသည်ကို နားလည်ပြီးဖြစ် လိမ့်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နေရခြင်းသည်လည်း  ပြည်သူများ လိုလားနေသော ဒီမိုကရေစီ လမ်းကြောင်း ပေါ်က သွေဖည်မသွားစေရန် ထိန်းသိမ်း ဆောင်ရွက်နေရခြင်းသာဖြစ်ကြောင်းလည်း တင်ပြလိုကြောင်း၊ လက်ရှိ အချိန်မှာ မိမိတို့ နိုင်ငံအနေနှင့် ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းမှုကာလ  နုနယ်သေးသော အချိန် ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး စသည့်စိန်ခေါ်မှု ပေါင်းများစွာ ရှိနေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊  ထို့ကြောင့်   တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍကို ဥပဒေပြုရေး၊ အုပ်ချုပ်ရေးကဏ္ဍများမှာ  အမျိုးသားနိုင်ငံ ရေးတာဝန် များကို ဆက်လက် ထမ်းဆောင် ရန်လိုအပ်နေသေးသည့်အတွက် ပုဒ်မ ၆ပုဒ်မခွဲ(စ)၊ ပုဒ်မ ၁၄ နဲ့ ပုဒ်မ ၁၇ ပုဒ်မခွဲ(ခ) တို့ကို  မူလပြဋ္ဌာန်းချက်များ အတိုင်းသာ  ထားရှိရန် လိုအပ်ကြောင်း။

မြန်မာနိုင်ငံသည်   ရှေးပဒေသရာဇ် ကာလမှစပြီး ယနေ့အထိ တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်လာခဲ့ကြသည့်အားလျော်စွာ တိုင်းရင်းသားလူမျိုး အားလုံးနှင့် ပြည်ထောင်စုကြီး၏ဘုံအကျိုး စီးပွားအတွက် မိမိနိုင်ငံနှင့် ကိုက်ညီမည့် ပြည်ထောင်စု စနစ်ကို ရွေးချယ်ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈ တွင် ပြဋ္ဌာန်း ထားခြင်းဖြစ် ကြောင်း၊  လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်  ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို  ဇယား(၁)(၂)(၃) တို့နှင့်  ဥပဒေပြုပိုင်ခွင့်အာဏာများ၊ လွှတ်တော်များနှင့် ဥပဒေပြု အာဏာများကို  ခွဲဝေကျင့်သုံး လျက်ရှိကြောင်း၊ အခွင့်အာဏာများကိုသာ တိတိကျကျ ထိထိမိမိ ဆောင်ရွက် မည်ဆိုလျှင် ဖက်ဒရယ်စနစ်၏ ၀ိသေသလကဏာများ၊  အနှစ်သာရများ ပိုမိုပေါ်လွင်လာမည်ဖြစ် ၍ ပုဒ်မ ၈ ကို ပြင်ဆင်ရန်လုံးဝမသင့်ဘဲ  မူလအတိုင်းထားရှိသင့်ကြောင်း ဆွေးနွေးသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးထက်လင်းက ပုဒ်မ ၆ ပုဒ်မခွဲ(ဃ) နှင့်  ပုဒ်မ ၇ တို့၏   မူလပြဋ္ဌာန်း ချက်များကို ပြင်ဆင်ရန် ဥပဒေမူကြမ်းမှာ  ““စည်းကမ်းပြည့်ဝ”” ဆိုသည့် စကားရပ်ကိုပယ်ဖျက်ပြီး အစားထိုး ပြင်ဆင် ထား သည်ကိုတွေ့ရကြောင်း၊ပြည်ထောင်စု သမတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏  အဓိကအနှစ်သာရဖြစ်ပြီး အခြေခံမူ (၆)ချက်မှာအပါအ၀င်ဖြစ်သည့် ““စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်ထွန်းကားရေး”” ဟုဆိုရာတွင်  နိုင်ငံသားများအားလုံး  လိုလားတောင့်တသည့် ဒီမိုက ရေစီစနစ် ကျင့်စဉ်ကို မိမိတို့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းနှင့် ဆီလျော်အောင် ကျင့်သုံးနိုင်ရေးပြဋ္ဌာန်းထား သည်ဖြစ်ကြောင်း။

ဒီမိုကရေစီ၏ အနှစ်သာရသည် စည်း ကမ်းတကျဖြင့်  ကျင့်ကြံနေထိုင်ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်တွင် ဒီမို ကရေစီအသွင်ကူးပြောင်းရေးကာလဖြစ် ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို လေ့လာကြည့်မည်ဆိုပါက ဒီမိုက ရေစီစနစ်ကို ခုတုံးလုပ်ပြီး ဥပဒေများကို လိုသလို အဓိပ္ပါယ်ဖွင့်ဆို နေကြသည်ကို  တွေ့ရှိရ ကြောင်း၊  စင်စစ်အားဖြင့် စည်းကမ်းနှင့် ဒီမိုကရေစီသည် ခွဲခြား၍မရကြောင်း၊ စည်းကမ်းပြည့်ဝဆိုသည့် စကားရပ်သည် ccording to Law, Rule of Law ကို ဆိုလိုခြင်းဖြစ်ကြောင်း၊ ရုံးစည်းကမ်း၊ ကျောင်းစည်းကမ်းကဲ့သို့ အဓိပာယ်ကျဉ်းကျဉ်းဖြင့် ကန့်သတ်ခြင်း မျိုး မဟုတ်ဘဲ ဥပဒေနှင့်အညီ လိုက်နာကျင့်သုံးရသည့် ဒီမိုကရေစီကိုသာ ဆိုလိုခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီ ကျင့်စဉ်ကို စောင့်ထိန်းလိုက်နာကျင့်သုံးကြရာတွင် ဒီမိုကရေစီဆိုင်ရာ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို နိုင်ငံသား အားလုံးက မှန်မှန်ကန်ကန်နှင့် လိုက်နာ ကျင့်သုံးကြရန်လည်း လိုအပ်ကြောင်း။

ဒီမိုကရေစီကိုဖော်ဆောင်ရာတွင် အဓိကနှောင့်ယှက်ဟန့်တားမှုက   စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေကို လေး စားလိုက်နာမှု အားနည်းခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာအားကောင်းလာစေရေး အတွက် ဒီမိုကရေစီ စနစ်နှင့်ထိုက်တန်သော   စည်းကမ်းရှိမှု၊ ဥပဒေကို လေးစားလိုက်နာမှုတို့   အထူးပဲ လိုအပ် ကြောင်း၊ နိုင်ငံတော်တွင် မည်သည့် စနစ်ကိုကျင့်သုံးသည်ဖြစ်စေ ပြဋ္ဌာန်းထား သည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ ရှိနေမည်ဖြစ်ပြီး စည်းကမ်းသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော လမ်းညွှန်ပဲဖြစ်ကြောင်း၊ စည်းကမ်း မရှိသည့် ဒီမိုကရေစီကျင့်သုံးမှုမျိုးကို မိမိတို့ နိုင်ငံတွင် မဖြစ်ထွန်းစေရန် ပြဋ္ဌာန်းထား ခြင်းဖြစ်သည့်အတွက် ပုဒ်မ ၆ ပုဒ်မခွဲ (ဃ)နှင့် ပုဒ်မ ၇ တို့ကို   မူလအတိုင်း ထားရှိရန် ဆွေးနွေးလိုကြောင်း။

ပုဒ်မ ၁၄ ၏ မူလ ပြဋ္ဌာန်းချက်များတွင် ဥပဒေပြု လွှတ်တော်များမှာ တပ်မတော်သား ကိုယ်စားလှယ်များ ပါဝင်ရန် ပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး ပြင်ဆင်ရန်တင်ပြသည့် ဥပဒေမူကြမ်းတွင် တပ်မတော်သား ကိုယ်စားလှယ်များကို   လွှတ်တော် သက်တမ်းအလိုက် ရာခိုင်နှုန်း လျှော့ချသွားရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း၊  ပုဒ်မ ၁၄  ကို ပြဋ္ဌာန်း ရသည့် အကြောင်းရင်းများ ကိုလည်း လေ့လာသုံးသပ်ကြည့်ရန် လိုကြောင်း၊ မြန်မာနိုင်ငံသည် ကိုလိုနီနယ်ချဲ့အင်္ဂလိပ် တို့၏ မတရားကျူးကျော်သိမ်းပိုက်မှုကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးခဲ့ရကြောင်း၊   တိုင်းရင်းသား လူမျိုးပေါင်းစုံ၏ စည်းလုံးညီညွတ်မှု၊ တပ်မတော်၏ အသက်စွန့်ကြိုးပမ်းမှုများကြောင့် လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံအဖြစ်ကို ပြန်လည်ရရှိခဲ့သော်လည်း နယ်ချဲ့တို့၏ သွေးထိုးသပ်လျှိုမှု၊   ကျဉ်းမြောင်း သည့်  လူမျိုးစွဲ၊ ၀ါဒစွဲ၊ ဘာသာစွဲ၊ ပါတီစွဲ၊ ဒေသစွဲ များနှင့် နိုင်ငံရေးအယူအဆအတွေးအခေါ် အလွဲများကြောင့် နိုင်ငံတော် တည်ငြိမ်အေး ချမ်းမှုမရှိဘဲ လွတ်လပ်ရေးနှင့်အချုပ်အခြာအာဏာကို ဆုံးရှုံးရမည့်အခြေအနေများ  အကြိမ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုအခြေအနေများ ကြုံတွေ့တိုင်းတွင် တပ်မတော်ကပဲ ပြည်ထောင်စုပြိုကွဲမည့် အနရာယ်၊ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးရမည့် အနရာယ်တို့မှ  ကာကွယ် ထိန်းသိမ်းခဲ့ရ ကြောင်း။

လက်ရှိနိုင်ငံရေးအခြေအနေကို လေ့လာ ကြည့်မည်ဆိုပါက    ဒီမိုကရေစီအသွင် ကူးပြောင်းမှုဆောင်ရွက်ခဲ့ရာတွင် သက်တမ်း အားဖြင့် ကိုးနှစ်ခန့်သာရှိသေးပြီး ပြည်တွင်းငြိမ်းချမ်းမှုရရှိအောင် ဆောင်ရွက်နေဆဲ ကာလဖြစ်ကြောင်း၊ ထိုအချိန်တွင် ပြည်တွင်း လက်နက်ကိုင်သောင်းကျန်းမှုများ၊ ပြည်ပ ပယောဂနှင့် ၀င်ရောက်စွက်ဖက်မှုများ ကြောင့်ဖြစ် ပေါ်လာသော  အကြမ်းဖက် သောင်းကျန်းမှုများ၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ ရှိနေပြီး  နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးစော်ကားရန် ကြံရွယ်လုပ်ဆောင်မှုများ လည်းရှိနေကြောင်း ထင်ထင် ရှားရှား တွေ့မြင် ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏နောက်ခံသမိုင်းအရ ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ နှင့် ၁၉၈၈  ခုနှစ်တို့လို နိုင်ငံတော်ပြိုကွဲလုနီးပါး အခြေ အနေဆိုးများမကျရောက်ရန် ဒီမိုကရေစီ သက်တမ်းနုစဉ် ကာလတွင်   ထိန်းသိမ်း ဆောင်ရွက် နိုင်ရေးသည် လွန်စွာအရေးကြီးကြောင်း၊ ယခုလိအသွင်ကူးပြောင်းရေး ကာလတွင် နိုင်ငံတော် ၏ အမျိုးသား အကျိုး စီးပွားအတွက်ရည်ရွယ်ပြီးဥပဒေပြုလွှတ်တော်များတွင် တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ် များကို အချိုးကျ ပါဝင်စေရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း။

စတင်သနေ်္ဓတည်ပေါက်ဖွားခဲ့သည့်အချိန် ကစ၍ တပ်မတော်သည် အမျိုးသားနိုင်ငံရေး ကိုပဲရှေးရှုဆောင်ရွက်ခဲ့ ကြောင်း၊ တပ်မတော်သည်  ဒီမိုကရေစီ တည်ဆောက်ခြင်းကို လိုလားသော အဖွဲ့အစည်းဖြစ်ပြီး ပြည်သူများ လျှောက်လှမ်း လိုသည့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်းကို ၀ိုင်းဝန်းဖော်ဆောင်ပေးနိုင်ရေးအတွက် တပ်မတော် သားများက ပါဝင် ဆောင်ရွက်ပေးနေရခြင်းဖြစ်ကြောင်း၊ တပ်မ တော်သားလွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် လွှတ်တော်အတွင်း ဆောင်ရွက် သောကိစရပ်များမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် ဥပဒေနှင့်အညီ မှန်ကန် သည့်ဘက်ကရပ်တည်ကာ ဆောင်ရွက်နေကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ကြောင်း၊ အနာဂတ် နိုင်ငံတော် အတွက် အမျိုး သားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍမှာ တပ်မတော်၏ ရင့်ကျက်သော အကြံဉာဏ်နှင့်  ကြွယ်ဝသောအတွေ့အကြုံများကိုပါ ထပ်ဆောင်းဖြည့်ဆည်း ပေးခြင်းဖြင့် စစ်မှန်၍ စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမို ကရေစီ စနစ်ကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ပိုမိုထိရောက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ ရေးစနစ်ဟောင်း တစ်ခုမှ ဒီမိုကရေစီစနစ် သစ်ကို ညင်သာစွာကူးပြောင်းနိုင်ရေးဆောင်ရွက်နေဆဲကာလတွင် နိုင်ငံရေးလိုအပ်ချက် အရ ယိမ်းယိုင်မှု မရှိစေရေးအတွက် တပ်မ တော်က ထိန်းကျောင်းကူညီနေခြင်းသာဖြစ် သည့်အတွက် ထိုအချိန် မျိုးတွင် ပုဒ်မ ၁၄ ကို  ပြင်ဆင်ရန် မလိုအပ်သေးကြောင်း။

နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက် ဥပဒေပြုလွှတ်တော်များတွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကိုယ်စားလှယ် များကို တိုက်ရိုက်ပါဝင်ဆောင်ရွက်စေသည့် နိုင်ငံများလည်း   ကမာပေါ်တွင် ရှိနေခဲ့၊ ရှိနေဆဲဖြစ် ကြောင်း၊   ဗြိတိန်၊ ကနေဒါ၊ ဘာရိန်း၊ ဘူတန်၊ အိနိ္ဒယ၊ ဖီဂျီ၊ အိုင်ယာလန်၊ ဂျော်ဒန်၊ ပါရာဂွေး၊ ထိုင်း စသည့်နိုင်ငံ များစွာ ရှိသည့်အနက် အင်ဒိုနီးရှားနိုင်ငံတွင် နိုင်ငံ၏လိုအပ်ချက်များအရ တပ်မတော်သား လွှတ်တော် ကိုယ်စား လှယ်များကို ၁၉၆၇ ခုနှစ် မှ ၂၀၀၄ ခုနှစ်အထိ ဥပဒေပြုလွှတ်တော်များတွင် အချိုးကျပါဝင်ဆောင်ရွက်စေခဲ့မှု ကိုတွေ့ ရကြောင်း၊ ထိုသို့ပါဝင်ခဲ့ခြင်းသည်လည်း နိုင်ငံရေးမတည်ငြိမ်မှုများ၊ လက်နက် ကိုင်ပဋိပကဖြစ်ပွားမှု များကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအထိ ပါဝင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးစနစ် တည်ငြိမ်လာပြီး လက်နက်ကိုင် ပဋိပကများ ချုပ်ငြိမ်းသွားချိန်တွင် ပါဝင်ခြင်းမရှိတော့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊   ထိုနေရာတွင် သတိပြုစရာ အချက်မှာ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အရှေ့တီမောနှင့် အာချေပြည်နယ်တို့တွင်ပဲ လက်နက်ကိုင် ပဋိပက်္ခများ ဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း မြောက်မြားစွာ ရှိနေသည့် မိမိတို့ နိုင်ငံ အခြေအနေနှင့် များစွာကွာခြားသည်ကို သတိပြုရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏   ဒီမိုကရေစီအသွင် ကူးပြောင်းမှုစတင်ခဲ့သည့် ပထမအကြိမ်လွှတ်တော်သက်တမ်းကာလမှ   လက်ရှိ အချိန် အထိ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ပါတီတစ်ပါတီ၊ လူမျိုးတစ်မျိုးတည်း အရေး ကိုသာ ဆောင် ရွက်နေခြင်းမျိုးမဟုတ်ဘဲ အမျိုးသားအကျိုးစီးပွားအတွက် အမျိုးသားနိုင်ငံရေး ကိုသာ ဥပဒေနှင့် အညီ ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်း ငြိမ်းချမ်း ရေးကို တည်ဆောက်နေချိန်ဖြစ်ပြီး ပြည်သူများလိုလားတောင့်တနေသည့် ဒီမိုကရေစီနှင့်     ဖက်ဒရယ် စနစ်ကို အခြေခံ သည့် ပြည်ထောင်စု စနစ်ကို တည်ဆောက်ရန် ကြိုးစားနေသလို   တစ်ဖက်တွင်လည်း ပြည်တွင်း ရေးကို  ၀င်ရောက် စွက်ဖက် ခြယ်လှယ်လိုသည့် ခေတ်သစ်ကိုလိုနီများနှင့် ၎င်းတို့၏ လက်ဝေခံ ပြည်တွင်းပြည်ပ ပုဆိန်ရိုး များကြောင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပြန်လည် မဆုံးရှုံးရအောင် ဆောင်ရွက်နေရသည့် အခြေ အနေဖြစ်ကြောင်း၊ ထိုအခြေအနေမျိုးတွင် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို  လျှော့ချလိုက် မည် ဆိုပါက မလိုလားအပ်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် ပဋိပကများ ချုပ်ငြိမ်းပြီး   ထာဝရငြိမ်းချမ်း သာယာရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ တိုင်းရင်းသား ပြည်သူများ အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ဂရုပြုဦးတည် ဆောင်ရွက်ရမည့်အချိန်သာ ဖြစ်သည့်အတွက် ပုဒ်မ ၁၄ အား ပြင်ဆင် ရန်မသင့်ကြောင်းနှင့်   မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်း ဆွေးနွေး သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးသန်းထိုက်က ပုဒ်မ ၆ (စ)ရဲ့ မူလပြဋ္ဌာန်းချက်မှာ ““နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင် နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်”” ဟု ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေမူကြမ်းပါ ပြင်ဆင်ဖြည့်စွက်ချက်မှာ ““နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် ပြည်သူ့ဆန်္ဒနှင့်အညီ တပ်မတော်က  ပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို ဦးတည်သည်””ဟု ပြင်ဆင်ထားကြောင်း၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုဆိုတာ နိုင်ငံ တော် အတွက် အဓိကကျသော ဒို့တာဝန် အရေးသုံးပါး အောင်မြင်မှုနဲ့အတူ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးလည်း ပါဝင်ကြောင်း၊ နိုင်ငံ့သမိုင်းကြောင်းကို   လေ့လာပါက အစဉ်အလာကောင်းတွေနဲ့ ပြည့်စုံနေတဲ့ တပ်မတော်အနေနဲ့ ပြည်သူလူထုနဲ့အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး စစ်ပွဲဆင်နွှဲပြီး နိုင်ငံရဲ့လွတ်လပ်ရေးကို  အရယူပေး ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှလည်း နိုင်ငံတော်ရဲ့ပိုင်နက်နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အချုပ်အခြာ အာဏာတည်ရှိမှုကို အမျိုးသားအကျိုး စီးပွားနဲ့ယှဉ်ပြီး ကာကွယ်စောင့်ရှောက်ခဲ့ ကြောင်း၊ ထို့အတူ နိုင်ငံတော်ပြိုကွဲ ပျက်စီး စေမည့်အခြေအနေများက ကာကွယ် ထိန်းသိမ်းပေးခဲ့ပြီး အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်း ရေးရရှိစေရေး အတွက် အခါအခွင့် သင့်တိုင်း ကြိုးပမ်းအားထုတ် ပေးခြင်းသည် သမိုင်းမှာ အထင်အရှား ဖြစ်ကြောင်း။

ထို့ပြင် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ကျင့်သုံးနိုင်ရေး လိုအပ်သည့် အခြေခံကောင်းများ တည်ဆောက်ပေးခဲ့ပြီး    နိုင်ငံရေး အုပ်ချုပ်ရေး စနစ်  အသွင်ကူးပြောင်းမှု ညင်သာချောမွေ့စေရေးအတွက် ကမကထပြု ဆောင်ရွက်ပေး နိုင်ခဲ့ခြင်းတွေ့ရကြောင်း၊ နိုင်ငံ၏ သမိုင်းကြောင်း တစ်လျှောက်မှာ တပ်မတော်၏ အခန်းကဏ္ဍနှင့် ရပ်တည် ဆောင်ရွက် ချက်များသည်  အလွန်အရေးပါခဲ့ခြင်းကို  တွေ့ရှိ ရမှာဖြစ်ကြောင်း၊   နိုင်ငံရေးသမိုင်းကြောင်း ဖြစ်စဉ်များ အရ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှုများနှင့်အတူ ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး နိုင်ငံတော်ပြိုကွဲမည့် အခြေ အနေများနှင့် ရင်ဆိုင်ရတိုင်း တပ်တော်က ၀င်ရောက်ထိန်းသိမ်း တာဝန်ယူခဲ့ရကြောင်း၊ ဥပမာအားဖြင့် ၁၉၅၈ ခုနှစ် နိုင်ငံရေး ပဋိပကဖြစ်ပေါ်စဉ် အိမ်စောင့် အစိုးရအနေဖြင့် လည်းကောင်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့် အခြေအနေ ဖြစ်ပေါ်စဉ် တော်လှန်ရေး ကောင်စီအစိုးရအနေဖြင့် လည်းကောင်း၊ ၁၉၈၈ ခုနှစ် အထွေထွေ မကျေနပ် မှုများကြောင့် ရိုးသားစွာဆနပြ လှုပ်ရှားမှုများ အပေါ် နိုင်ငံရေး အမြတ်ထုတ် လိုသူများနှင့် တိုင်းပြည်ပျက်စီးရေး ကြံဆောင်သူများကြောင့် မင်းမဲ့စရိုက်များ ဖြစ်ပေါ်ခဲ့သည့် အရေးအခင်း ဖြစ်စဉ်များနှင့် တစ်ဆက်တည်း အခွင့် ကောင်းယူကာ တိုက်ကွက်ဖော်လာသည့်အတွက် နယ်စပ် ဒေသ မတည်မငြိမ်ဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အနေနှင့်လည်းကောင်း၊ နိုင်ငံတော် တာဝန်ကို    အမျိုးသား နိုင်ငံရေး အရ တာဝန်ယူဆောင်ရွက်ခဲ့ ရကြောင်း။

လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလမှ ယနေ့အထိ ဖြတ်သန်းလာခဲ့ရသည့် နိုင်ငံရေးအခြေအနေများ၊ လွတ်လပ်ရေးနှင့် အတူ ပေါ်ပေါက်လာသည့် လက်နက်ကိုင်အဖွဲ့ အစည်းများ၏ အခြေအနေများ၊ တရားဥပဒေ စိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှု အပြည့်အ၀ မရရှိသေးသည့် အခြေအနေများကြောင့် ပြည်သူများလိုလားနေသည့် ဒီမိုကရေစီ လမ်းကြောင်း ပျောက်ပျက်မသွားစေရေး အစဉ်အလာရှိသည့် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ်တစိုက်ဦးတည်နေခြင်းဖြစ်တယ်ဆိုတာ တွေ့ရ ကြောင်း၊  ပါတီနိုင်ငံရေး အနေဖြင့် ပါဝင်နေခြင်းမဟုတ်ဘဲ  ဒို့တာဝန်အရေး သုံးပါးကို    ကာကွယ်စောင့်ရှောက်ရန်နှင့် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန် အမျိုးသား နိုင်ငံရေးအနေဖြင့် ပါဝင်နေခြင်းသာဖြစ်သည့် အတွက် ပုဒ်မ ၆(စ) ““နိုင်ငံတော်၏ အမျိုး သားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင်  တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို  အစဉ်တစိုက်ဦးတည်သည်”” ဟု ပြဋ္ဌာန်း ချက်အား မူလအတိုင်းသာ ထားရှိသင့် ကြောင်း။

ပုဒ်မ ၈ ၏ မူလပြဋ္ဌာန်းချက်သည် ““နိုင်ငံတော်ကို  ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်””ဟု  ရိုးရှင်း တိကျစွာ ပြဋ္ဌာန်းထားကြောင်း၊ ဥပဒေမူကြမ်းမှာ  ““နိုင်ငံတော်ကို  ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်း တည်ဆောက် သည်”” ဟု ဖြည့်စွက်ပြင်ဆင်ထားခြင်းကို  တွေ့ရှိရကြောင်း၊   ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို  စတင်ရေးဆွဲကတည်းက  မိမိ နိုင်ငံ၏သမိုင်းကြောင်း၊ တိုင်းရင်းသားများ ပျံ့နှံ့နေထိုင်မှု၊ ပထ၀ီအနေအထား၊ လက်ရှိ အရှိတရား၊   နိုင်ငံတကာအတွေ့အကြုံ သင်ခန်းစာ စသည်တို့ကို ခြုံငုံသုံးသပ်ပြီး အသင့်တော်ဆုံးစနစ်ဖြစ်သည့် ပြည်ထောင်စု စနစ်နှင့် ဖွဲ့စည်းတည်ဆောက်ရန် ထိုပုဒ်မ ၈ ကို အခြေခံမူချမှတ်ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဒီမိုက ရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံထားပြီး ထိုစနစ်ကိုရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ထိုအခြေခံဥပဒေမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်၏ ၀ိသေသများ  ပါဝင်နေခြင်းကို လေ့လာတွေ့ရှိကြောင်း၊ အခန်း(၁)အခြေခံမူမှ ပုဒ်မ(၈)၊ (၉)၊ (၁၁)  များနှင့်   အခန်း(၂)နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံအခန်းမှာ ပုဒ်မ ၄၉  တိုင်း ဒေသကြီးခုနစ်ခု၊ ပြည်နယ် ခုနစ်ပြည်နယ်၊ ပြည်ထောင်စုနယ်မြေများဖြင့် ပိုင်းခြားသတ်မှတ်ထားပြီး ပုဒ်မ ၅၆ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရနယ်မြေများကို သတ်မှတ်ထားခြင်းဟု ဖက်ဒရယ်စနစ်ကို  အခြေခံတည်ဆောက် ထားခြင်းဖြစ်ကြောင်း။

ဖက်ဒရယ်စနစ်၏ ၀ိသေသလကဏာ ဖြစ်သည့်  နိုင်ငံတော်၏ အချုပ်အခြာ အာဏာများဖြစ်သည့် ဥပဒေပြုရေး အာဏာ၊ အုပ်ချုပ် ရေးအာဏာ၊ တရားစီရင်ရေးအာဏာများကို ခွဲဝေကျင့်သုံးခြင်းဆိုင်ရာများကို  လေ့လာ  ကြည့်မည် ဆိုလျှင် အခန်း(၁) အခြေခံမူတွေကို ဒေါက်တိုင်ထားပြီး အခန်း(၄)ဥပဒေပြုရေး၊ အခန်း(၅) အုပ်ချုပ်ရေးနှင့် အခန်း(၆) တရား စီရင်ရေးအခန်းများတွင် ဗဟို(ပြည်ထောင်စု)အစိုးရနှင့် (တိုင်းဒေသကြီး/ပြည်နယ်) ဒေသ အစိုးရများပိုင်းခြား ခွဲဝေကျင့်သုံးနိုင်အောင် အသေးစိတ်စနစ်တကျ ရှေ့နောက်ညီညွတ်စွာ ဇယား (၁)၊ (၂)၊ (၃) နှင့် (၅) များတွင် တိတိကျကျပြဋ္ဌာန်းထားခြင်းကို တွေ့ရှိနိုင်ကြောင်း၊  ထို့ကြောင့်  လက်တွေ့ကျပြီး လေးနက်မှုရှိသော အနှစ်သာ ရပြည့်ဝသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်မူကို အခြေခံထားသည့်  မူလပြဋ္ဌာန်းချက်မှာ  ဒီမိုကရေစီ ဖက်ဒရယ်ဆိုသည့် စကားရပ်အဖြစ်မပါ သော်လည်း လက်တွေ့တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်မူဆိုင်ရာများကိုအခြေခံထားသည့်  အနှစ်သာရများ ပါဝင်နေခြင်းကြောင့် ထပ်မံဖြည့်စွက်ရန်မလိုဘဲ  ပုဒ်မ    ကို  မူလ အတိုင်းသာထားရှိရန် လိုအပ်ကြောင်း။

ပုဒ်မ ၁၇ (ခ)   ပြဋ္ဌာန်းချက်သည် ““ ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့်ပြည်နယ်၊ ပြည်ထောင်စု နယ်မြေ၊ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရစီရင်စုနှင့် ခရိုင်အုပ်ချုပ်ရေးများတွင် ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်အုပ်ချုပ်ရေး စသည့် တာဝန်များ ထမ်းဆောင်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က  အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများ ပါဝင် သည်”” ဟု ပြဋ္ဌာန်းထားပြီး ဥပဒေမူကြမ်းတွင် ပယ်ဖျက်ထားကြောင်း၊ ထိုပြဋ္ဌာန်းချက်သည် အခန်း(၁) နိုင်ငံတော် အခြေခံ မူဖြစ်ကြောင်း၊ အခြေခံမူသည် ဒေါက်တိုင်ဖြစ်သည့်အတွက် ပယ်ဖျက်ရန်မသင့်ဘဲ အထက်မှာဆွေးနွေး ခဲ့ပြီးသည့် တပ်မတော်သမိုင်း၊ နိုင်ငံတော်၏ ဖြစ်တည်မှုများအရ ကျရောက်လာသည့် အနရာယ်မျိုးစုံကို ထိန်းသိမ်း ကာကွယ်နိုင်မှု၊ အမျိုးသားရေးသမိုင်းအစဉ်အလာကြီးမြတ်မှု၊  နိုင်ငံအတွက် အရေးကြုံလာတိုင်း ပြည်တွင်း ပြည်ပ အဖျက်အမှောင့် အနရာယ်များကို ကာကွယ်စောင့်ရှောက်နိုင်သည့် စွမ်းဆောင်ရည်၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝမှု၊ အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဦးဆောင်မှု စသည့် အရည်အချင်းများနှင့် ပြည့်စုံနေသည့်  တပ်မတော်သည်    တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုင်းခြားသတ်မှတ်ထားသည့် နယ်မြေဒေသများ၏ကာကွယ်ရေး၊ လုံခြုံရေးနှင့် ဒေသအုပ်ချုပ်ရေးတာဝန်များ အတွက် ဒေသဆိုင်ရာအစိုးရအဖွဲ့များကို ၀န်းရံအားဖြည့်ပူးပေါင်းတာဝန်ထမ်းဆောင် နိုင်ရေးအတွက်  ပြဋ္ဌာန်းထားခြင်းဖြစ်သည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၁၇(ခ)ကို လုံးဝပယ်ဖျက်ရန် မသင့်ကြောင်း။

ထို့ကြောင့် နိုင်ငံ့အတိတ် သမိုင်းကြောင်း ဆိုးရွားခဲ့သည့်  ဖြစ်စဉ်များကဲ့သို့   ထပ်မံမဖြစ်ပွားစေရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်  ညှိနှိုင်းဖော်ဆောင်ဆဲကာလဖြစ်ခြင်းနှင့် ဒီမိုကရေစီသက်တမ်း နုနယ်သေးသည့်  ကာလဖြစ်နေခြင်းကြောင့် ပုဒ်မ ၆(စ)၊ ပုဒ်မ  ၈ နှင့် ပုဒ်မ ၁၇ (ခ) တို့ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း မပြုလုပ်ဘဲ မူလပြဋ္ဌာန်းချက်များ အတိုင်းသာထားရှိသင့်ကြောင်း  ဆွေးနွေး ပြောကြား သည်။

ကရင်ပြည်နယ် မဲဆန်္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးက ဖွဲ့စည်းပုံအခြေခံဥပဒေ  ပြင်ဆင်ရန်လိုအပ်တယ်ဆို သည်မှာ အငြင်း ပွားဖွယ်မဟုတ်ကြောင်း၊ လိုအပ်တာတွေကို ပြင်ကြမယ်၊ မလိုအပ်သေးရင်တော့မပြင် ကြသေးကြောင်း၊ ဘာအတွက်ပြင်ကြသလဲ ဆိုတာ စဉ်းစားချင့်ချိန်ဖို့လိုအပ်ကြောင်း၊  မိမိတို့တွေဟာ နယ်မြေအသီး သီးက ရောက်ရှိကြသည့် ဥပဒေပြုအမတ်တွေဖြစ်သောကြောင့်  ဥပဒေပြုတာဝန်ကို  ပီပီပြင်ပြင် ကျေပွန်ဖို့လိုအပ် ကြောင်း၊ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ၏နောက်ဆက်တွဲ အကြောင်းအရာ များပေါ်မူတည်ကြောင်း၊ ပြင်ဆင်ရေးအနေ အထားကိုတည်ငြိမ်မှုရှိစေဖို့အတွက်ဆိုလျှင်  ပြင်ဆင်ချက်အခန်းပါ ဥပဒေနှင့် ညီညွတ် သင့်လျော်သည့်  လုပ်ဆောင်ချက်တွေကို လုပ်ဆောင်သွားရမှာဖြစ်ကြောင်း။

ပုဒ်မ(၂၆)(က)မှာ နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်လို့ ပြဋ္ဌာန်းထားချက်ကို  ပယ်ဖျက်ထားတာ   တွေ့ရ ကြောင်း၊ ၀န်ထမ်းတွေ ပါတီနိုင်ငံရေးလုပ်ခွင့် ပြုလို့မရသေးကြောင်း၊  ပြဋ္ဌာန်းထားသည့် ရည်ရွယ်ချက်က လွတ်လပ်ရေးရပြီး ၁၉၆၀ ၀န်းကျင်လောက်က မြန်မာ့နိုင်ငံရေးသမိုင်းကိုသင်ခန်းစာယူဖို့လိုကြောင်း၊ အစိုးရဌာန တွေမှာ မတူညီသော ပါတီများကြောင့် စိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေကြောင်း၊ အစိုးရ၏ လုပ်ငန်းဆောင်တာတွေကို  ထိခိုက် စေမည့် တပ်မတော်၊ ရဲတပ်ဖွဲ့ စသည့်လက်နက်ကိုင်အဖွဲ့အစည်းအတွင်းမှာ စိတ်ဝမ်းကွဲပြားမှုတွေ၊ ပုန်ကန်ခြား နားမှုတွေ ကြုံတွေ့ရနိုင်ကြောင်း၊ ပုဒ်မတစ်ခုစီမှာလည်း သူ့သမိုင်းကြောင်းနှင့်သူရှိလို့ ပုဒ်မ ၂၆(က) ကိုတော့ မူလအတိုင်းသာထားရှိသင့်ကြောင်းနှင့် ပယ်ဖျက်ထားခြင်းကို ကန့်ကွက်ကြောင်း ဆွေးနွေး လိုကြောင်း၊ ဆက်လက်ပြီး ပုဒ်မ (၅၉)(စ)ကို ဆွေးနွေးလိုကြောင်း။

ပုဒ်မ ၇၄(၁-က)  နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ခံတွေ၊ နိုင်ငံခြားအစိုးရ လက်အောက်ခံတွေ၊  ထို့ပြင်  နိုင်ငံ ခြား အစိုးရဆီကခံစားခွင့်ရနေသည့်သူတွေက  ပါလီမန်အမတ်တောင်ဖြစ်လို့မရပါဘူးဆိုပြီး  ပြဋ္ဌာန်းထားတာ ဖြစ်ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပုဒ်မ ၅၉ (စ) အဖြစ် ပုံစံအနည်းငယ်ပြောင်းပြီးပါလာ တာဖြစ်ကြောင်း၊ နိုင်ငံတော်သမတဟာ နိုင်ငံ၏ အမျိုးသားခေါင်းဆောင်ဖြစ်သည့်အားလျော်စွာ နိုင်ငံ၏အမျိုးသား အကျိုး စီးပွား၊ ဒို့တာဝန်အရေးသုံးပါးနှင့် နိုင်ငံတော် တိုးတက်ကြီးပွားရေးတွေကို   ကျွမ်းကျင် ထိရောက်ပြတ်သားစွာ စွမ်းစွမ်းတမံ ဆောင် ရွက်နိုင်မည့်ပုဂ္ဂိုလ်ဖြစ်ရမည့်အပြင် နိုင်ငံတော်နှင့်   နိုင်ငံသားများအပေါ်  သစ္စာ စောင့်သိရို သေသူဖြစ်ရမည်၊ ထို့ပြင် သူ့ကျွန် မဖြစ်ရေး၊ ပြည်ပသြဇာခံမဖြစ်ရေး၊ ပြည်သူများယုံကြည်အားထားနိုင်ပြီး သံသယ မပွား စေနိုင်ရေးအတွက် သမ်္မတ၏မိသားစုများကပါ နိုင်ငံတော်နှင့် နိုင်ငံသားအပေါ်သစ်္စာ စောင့်သိရိုသေသူဖြစ်ရန်နှင့် တိုင်းရင်းသား စစ်စစ်တွေကသာ သမ်္မတဖြစ်ရေးအတွက် ကန့်သတ်   ပြဋ္ဌာန်းထားတာဖြစ်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၅၉(စ) ပယ်ဖျက်ထားခြင်းကို  လုံးဝကန့်ကွက်ကြောင်း ဆွေးနွေးလိုသည်။

ဖက်ဒရယ်စနစ်ကိုသွားမည်ဟု အားလုံးကလက်ခံထားတာဖြစ်သည့်အတွက် ပုဒ်မ ၂၆၁ ကိုပြင်ဆင်ရမှာဖြစ်ကြောင်း၊ တင်သွင်းထား သည့်အတိုင်းပြင်ဆင်မှသာလျှင်  မိမိတို့သက်ဆိုင်ရာ  တိုင်းရင်းသားများအတွက် ၀န်ဆောင်မှုတွေကို ထိရောက်စွာ ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားများ နှင့်အတူမျှဝေခံစားပြီး နီးကပ်စွာတာဝန်ခံ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကွဲပြား ခြားနားသည့်  တိုင်းရင်းသားလူမျိုးစုများကြားမှာ   ပိုပြီး သဟဇာတ ဖြစ်လာစေနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်၍ ပုဒ်မ၂၆၁  ပြင်ဆင်တာ ကိုထောက်ခံကြောင်း၊

တကယ်ပြင်ချင်သည့် ဆနရှိလျှင် တင်လာသည့် ဥပဒေကြမ်းခုနစ်ခုလုံးကိုစုပေါင်းပြီး မဟုတ်သည့်ပြင်ဆင်ခြင်း၊  အခန်း(၁၂)ပါအတိုင်း    ပုဒ်မတစ်ခုချင်းဆွေးနွေးပြီး ပြင်မယ်ဆိုလျှင် ပုဒ်မတစ်ခုလည်း ပြင်နိုင်မယ်၊ ပုဒ်မ ၁၀ ခုလည်း  ပြင်ဖို့ ဖြစ်နိုင်ကြောင်း၊ အချို့ပုဒ်မတွေက မူသဘော အရမှန်ကန်ပေမယ့် အချိန်အခါအခြေအနေအရ မဖြစ် နိုင်သေးဘူး ဆိုတာ အထူးသတိပြုရမှာဖြစ်ကြောင်း။

ပြင်ဆင်လိုသည့်  နိုင်ငံရေးပါတီအသီးသီးရဲ့ ပြင်ဆင်ချက်များကို အလေးထား ဆောင်ရွက်ပေးမှု မရှိဘဲ လုပ်ပိုင်ခွင့် အာဏာ တောင့်တင်းခိုင်မာဖို့ အလေးပေးနေမယ်၊ လိမ္မာပါးနပ်စွာ ကန့်ကွက်နေမယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခြေခံမူဘောင် ကို ပုံပျက်စေပြီး ဒီမိုကရေစီစနစ်၏ တည်ငြိမ်မှုကို     ထိခိုက်ပျက်စီးစေပါလိမ့်မည်ဖြစ်ကြောင်း ဆွေး နွေးသည်။

တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီးအောင်ကျော်မိုးက နိုင်ငံတိုင်း၏  ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်သည် သက်ဆိုင်ရာ နိုင်ငံအနေနှင့် ဖြတ်သန်းလာခဲ့ရသည့်သမိုင်းကြောင်းအခြေအနေ၊ လူမှုဘ၀ များနှင့် စနစ်များကို ရောင်ပြန် ဟပ်လျက်ရှိပြီး နိုင်ငံအတွင်းမှာရှိသည့် အခြားဥပဒေများ၏ ကျောရိုးမဏ္ဍိုင်ဥပဒေလည်း ဖြစ်သည် ကို သိပြီးဖြစ်ကြကြောင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)သည် မြန်မာနိုင်ငံမှာ ကျင့်သုံးခဲ့သည့်  ၁၉၄၇  ခုနှစ်  ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေနှင့် ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေများ၏  အားနည်းချက်၊ အားသား ချက်များအပေါ် သုံးသပ်ပြီး ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့်   မိမိတို့နိုင်ငံတွင်   လွှတ်တော်အဆင့်ဆင့်နှင့် အစိုးရအဖွဲ့များ ဖွဲ့နိုင်ခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်း ပေါ်ကို   စတင်လျှောက်လှမ်းနိုင်ခဲ့ကြခြင်းကို အားလုံး လက်ခံကြရမည် ဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယား နောက် ဆက်တွဲ (ဈ-၂)ပါ ပုဒ်မ ၁၇၂ ပုဒ်မခွဲ(က)နှင့် ပုဒ်မခွဲ  (ခ)ကို မူလပြဋ္ဌာန်းချက်အတိုင်းသာထား ရှိသင့်ကြောင်း၊ ပုဒ်မ ၁၈၈ နှင့်ပတ်သက်ပြီး  အခြေခံဥပဒေ မူလပြဋ္ဌာန်းချက်၊ ပြင်ဆင် ချက်များအနေနှင့်  ဖော်ပြထားသည့်အတိုင်း ဖြစ်ကြောင်း၊ ပုဒ်မ ၁၈၈ ၏ မူလပြဋ္ဌာန်းချက်မှာ ဇယား(၂)တစ်မျိုးတည်းသာပါရှိပြီး ယခုပြင်ဆင်ချက်တွင် ဇယား (၃)နှင့် ဇယား(၅)ကိုပါ ဖြည့်စွက်ထားခြင်း တွေ့ရကြောင်း၊ မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ်ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး ပြည်ထောင်စုစနစ်ဆိုသည် မှာ  ဥပဒေပြုရေးအာဏာ၊  အုပ်ချုပ်ရေး  အာဏာ၊  တရားစီရင်ရေး အာဏာများကို ပြည်ထောင်စုတွင် ပါဝင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များက ခွဲဝေကျင့်သုံးသည့်စနစ်  ဖြစ်ကြောင်း၊ တစ်နည်းဆိုရလျှင် ဥပဒေပြုရေးအာဏာကို ဗဟိုကကျင့်သုံးသကဲ့သို့ ပြည်ထောင်စုမှာပါဝင်သည့် တိုင်းဒေသကြီး/ ပြည်နယ်များကို သက်ဆိုင်ရာဒေသနှင့် သက်ဆိုင်သည့် ဥပဒေပြုရေးအာဏာကို အပ်နှင်းကျင့်သုံး စေသည့် စနစ်ဖြစ်ကြောင်း၊

အုပ်ချုပ်ရေးအာဏာနှင့်  တရားစီရင်ရေး အာဏာများကိုလည်း  တိုင်းဒေသကြီး/ ပြည်နယ်များက သတ်မှတ်ထား သည့် အတိုင်း ကျင့်သုံးခွင့်ရှိကြကြောင်း၊  ထိုသို့ ကျင့်သုံး နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၉အရ တိုင်းဒေသ ကြီး ခုနစ်ခု၊ ပြည်နယ်ခုနစ် ပြည်နယ်၊  ပြည်ထောင်စုနယ်မြေများ သတ်မှတ်ထားရှိရန် ပြဋ္ဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ ဥပဒေပြုအာဏာကို  ခွဲဝေကျင့်သုံးနိုင်ရန် ပုဒ်မ ၁၂ ပုဒ်မခွဲ (က)တွင် ““ နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စု လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုမျာအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေက သတ်မှတ်သော ဥပဒေပြုအာဏာကို ခွဲဝေအပ်နှင်း သည်”” ဟု  တိကျစွာပြဋ္ဌာန်း ထားခြင်းဖြစ်ကြောင်း။

ကမ်္ဘာပေါ်တွင် ပြည်ထောင်စုစနစ်ကို လက်ခံကျင့်သုံးနေသည့်  နိုင်ငံအချို့ကို တင်ပြရရင်  အမေရိကန်ပြည်ထောင်စု၊ သြစတြေးလျ၊ ဂျာမနီ၊ ဘရာဇီး၊ နိုင်ဂျီးရီးယား၊ အိန်္ဒိယနှင့်  မလေးရှားနိုင်ငံများ ဖြစ်ကြောင်း၊ သြစတြေးလျနှင့် အမေရိ ကန် နိုင်ငံများ၏ အခြေခံဥပဒေများတွင် ပြည်ထောင်စုက ကျင့်သုံးနိုင်သည့်အာဏာများကိုသာ    သတ်မှတ်ဖော်ပြ ပေးထားပြီး  သတ်မှတ်ဖော်ပြ ပေးထားခြင်းမရှိသည့် ချွင်းချန် အာဏာများကို ပြည်နယ်များက ကျင့်သုံးနိုင်ခွင့် ရှိကြောင်း လေ့လာတွေ့ရှိရကြောင်း၊  မိမိတို့နိုင်ငံအနေဖြင့် ပြည်ထောင်စု အဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ ဦးစီးအဖွဲ့ အဆင့်တို့၏ လုပ်ပိုင် ခွင့်အာဏာများကို သီးသန့်သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ကြောင်း၊ မူလပြဋ္ဌာန်းချက်ပါ ဇယား(၂)သည်““ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေ ပြုစာရင်း””  ဖြစ်ပြီး  ဇယား(၃)သည်  ““ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်း/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့   ဥပဒေပြု စာရင်း”” ဖြစ်ကြောင်း၊  ဇယား(၅)သည် ““တိုင်းဒေသကြီး/ပြည်နယ်များက ကောက်ခံ ရမည့်အခွန်အခများ””  ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုပုဒ်မ ၁၈၈ ပြင်ဆင်ချက်တွင် ဇယား(၃)ဖြည့်စွက်ခြင်း သည် တိုင်းဒေသ ကြီးနှင့် ပြည်နယ်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့များ၏ ဥပဒေပြုစာရင်းကို ၀င်ရောက်ချုပ်ကိုင်သည့် သဘော သက်ရောက်စေမည်ဖြစ်ပြီး သက်ဆိုင်ရာဒေသ အတွင်း အာဏာခွဲဝေသည့် နေရာမှာ လွဲမှားရှုပ်ထွေး မှုများဖြစ်ပေါ်လာနိုင်ကြောင်း၊ ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ပါတယ် ဆေးအတွက်ပါ လေးနေသလိုဖြစ်နေမှာကို သတိပြုရမှာ ဖြစ်ကြောင်း၊ ထို့ပြင် ပုဒ်မ ၂၅၄ ပုဒ်မခွဲ(က) အရ ““တိုင်းဒေသကြီး/ ပြည်နယ်များက ဇယား(၅)ပါ အခွန်အခများကို ဥပဒေများ နှင့်အညီကောက်ခံပြီး တိုင်းဒေသကြီး/ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းရမည်””ဟု    တိကျစွာ ပြဋ္ဌာန်းထားပြီးဖြစ်သည့် အတွက် အခုပုဒ်မ ၁၈၈ ပြင်ဆင် ချက်အရ ဇယား(၅)ကို ထည့်သွင်းရန်မလိုကြောင်း။

ပြင်ဆင်ချက်ဇယား  နောက်ဆက်တွဲ (ဈ-၂)ပါ ပုဒ်မ ၁၉၆  နှင့်ပတ်သက်ပြီး အခြေခံဥပဒေမူလပြဋ္ဌာန်းချက်၊ ပြင်ဆင် ချက်များကိုဖော်ပြထားကြောင်း၊ သက်ဆိုင် ရာမြို့နယ်များအတွင်း တိုင်းရင်းသား လူဦးရေအများဆုံးနေထိုင်ပြီး  နယ်မြေ တစ်ဆက်တစ်စပ်တည်းရှိမှုအပေါ်မူတည် ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများ အဖြစ် ဖွဲ့စည်းပေး ထားခြင်းဖြစ်ကြောင်း၊ တချို့တိုင်းရင်းသား လူမျိုးများအနေနှင့် လျော်ကန်သင့်မြတ် သည့်လူဦးရေ ရှိပြီး နယ်မြေတစ်ဆက် တစ်စပ်တည်းမှာ စုစည်းနေထိုင်လျက်ရှိခြင်း ကိုတွေ့ရှိရမှာဖြစ်ကြောင်း၊ ထိုတိုင်းရင်း သားများ၏ လူဦးရေနှင့် နယ်မြေအကျယ် အ၀န်းကိုအခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၆ အရ ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရတိုင်း တစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသငါးခု သတ်မှတ်ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊  မူလပြ ဋ္ဌာန်းချက်တွင် ဇယား(၃)တစ်မျိုး တည်းသာပါရှိပြီးအခုပြင်ဆင်ချက်မှာ ဇယား(၅)ကို ဖြည့်စွက်ထားခြင်း ဖြစ် ကြောင်း၊ အထက်မှာ တင်ပြခဲ့သည့် အတိုင်း ပုဒ်မ ၂၅၄ပုဒ်မခွဲ (က)အရ  ဇယား(၅)သည် တိုင်းဒေသကြီး/ ပြည်နယ်များက ကောက်ခံ ရမည့် အခွန်အခများစာရင်းသာဖြစ်သည့်အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ၏   လုပ်ပိုင်ခွင့် အာဏာနှင့် ရောထွေး သွားစေနိုင်ကြောင်း။

ထို့ပြင်   ပထမအကြိမ်လွှတ်တော် သက်တမ်း ကာလတွင်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၉၈ အရ ပြည်ထောင်စု၏ လုပ်ပိုင်ခွင့် အာဏာအဖြစ် သတ်မှတ်ပြဋ္ဌာန်း ထားသည့် ကြွင်းကျန်အာဏာက ထပ်မံညှိနှိုင်းခွဲဝေပေးမှုအနေဖြင့် ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ်(၄၅/၂၀၁၅) နှင့် ဇယား(၂)တွင် ၃၄ ခု၊ ဇယား(၅)တွင် ၂၀ ခု စုစုပေါင်း ၅၄ ခုကို ထပ်မံဖြည့်စွက်ပြဋ္ဌာန်း ပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရ အနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာ အရင်းအမြစ်များကို ခွဲဝေပေးခြင်းသည် Decentralization အရ ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရှိသည့်  ပြည်သူလူထု၏ အကျိုးစီးပွားကို ဖြည့်ဆည်း ပေးရာရောက်သည့် အတွက် ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု စနစ်ကို ပိုမိုပီပြင် လာစေမည် ဖြစ်ကြောင်း။

ဥပဒေပြုခွင့်အာဏာနှင့်ပတ်သက်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၉၆ အရ ပြည်ထောင်စုလွှတ်တော်က  ပြဋ္ဌာန်း ခွင့်ရှိသည့် ဇယား(၁)ပါ ဥပဒေများ၊ ပုဒ်မ ၉၈ အရ ပြည်ထောင်စုလွှတ်တော်ကို  အပ်နှင်းထားသည့် ဇယား(၁)၊ ဇယား (၂)နှင့် ဇယား(၃) တို့မှာ ဖော်ပြမထားသည့်အခြားကိစရပ်များ အတွက် ဥပဒေပြုခွင့်အာဏာများ၊ ပုဒ်မ  ၁၈၈ အရ တိုင်းဒေသကြီး/ ပြည်နယ်လွှတ် တော်များကပြဋ္ဌာန်းခွင့်ရှိသည့် ဇယား(၂)ပါ ဥပဒေများ၊ ပုဒ်မ ၁၉၆ အရ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များက ပြဋ္ဌာန်းခွင့်ရှိသည့် ဇယား(၃)ပါဥပဒေများသည် ဟန်ချက်ညီညီ နှင့် မျှတညီညွတ်မှုရှိနေမှသာ  ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စု၏ပုံရိပ်နှင့် အနှစ် သာရကို ပေါ်လွင်အောင်ပုံဖော် နိုင်မည်ဖြစ်ကြောင်း။

မိမိတို့ပြည်ထောင်စုကြီးသည် တိုင်းရင်းသားလူမျိုးပေါင်းစုံပျံ့နှံ့နေထိုင်လျက်ရှိပြီး မတူညီသည့် မြေအနေအထား၊  ကွဲပြားသည့်   ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ တည်ရှိနေခြင်းဖြစ်သည့် အတွက် အဲဒီမတူညီမှုများအရ   ကွဲပြားသည့် ဥပဒေများ  ပြဋ္ဌာန်းလာကြမည်ဆိုရင် ပြည်ထောင်စုဝင်အချင်းချင်း အကျိုးစီးပွား ပွတ်တိုက်မှုများ ဖြစ်ပွားလာနိုင်သည့် အပြင်   တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ ထိခိုက်လာနိုင်ပြီး အချုပ်အခြာအာဏာဆုံးရှုံးခြင်း၊ ပြည်ထောင်စုပြို ကွဲခြင်းများ ဖြစ်လာနိုင်ကြောင်း၊  ထို့ပြင် ပုဒ်မ ၁၈၈ နှင့် ပုဒ်မ ၁၉၆ များကို ပြင်ဆင်မယ်ဆိုပါက ထိုပုဒ်မများနှင့် ဆက်စပ် နေသည့် အခန်း(၅) ပုဒ်မ ၂၅၄ ပုဒ်မခွဲ(က) ပုဒ်မ ၂၅၅၊ ပုဒ်မ ၂၇၆ ပုဒ်မခွဲ(ခ)များနှင့် ရှေ့နောက် ညီညွတ်မှု လျော့ရဲပြီး နားလည် သဘောပေါက်မှုကွဲလွဲသွားစေနိုင်ကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ကို  ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်ဇယား နောက်ဆက်တွဲ(ဈ-၂)ပါ  ပုဒ်မ  ၁၇၂ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၈၈ နှင့် ပုဒ်မ ၁၉၆ များကို မူလပြဋ္ဌာန်းချက်အတိုင်းသာ ထားရှိသင့်ကြောင်းနှင့်  ပြည်ထောင်စု၏  လုပ်ပိုင်ခွင့်ကိုလျှော့ချပြီး  တိုင်းဒေသကြီး/ပြည်နယ်များကို ထပ်မံတိုးမြှင့်ပေးလိုပါက ဇယား(၁)ပါ   ဥပဒေပြုစာရင်းများထဲက ပြည်ထောင်စုအကျိုးစီးပွားကို မထိခိုက်နိုင်သည့် ကိစရပ်အချို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ပိုင်ခွင့်ဇယား(၂)သို့ ထပ်မံ ခွဲဝေပေးပြီး ပူးတွဲဥပဒေပြုစာရင်းထားရှိလိုလျှင် သီးခြားဇယားတစ်ခုအဖြစ် ထုတ်နုတ် ပြဋ္ဌာန်းဆောင်ရွက်သင့်ကြောင်း ဆွေးနွေးပြောကြားသည်။

တပ်မတော်သား  လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီးအောင်လွင်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင် သည့် ဥပဒေမူကြမ်းတွင် ပုဒ်မ ၁၉၈ ပုဒ်မခွဲ (ခ)ကို တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေပါပြဋ္ဌာန်းချက် တစ်ရပ်ရပ်သည် ပြည်ထောင်စု လွှတ်တော်မှပြဋ္ဌာန်း သည့် ဥပဒေပါ  ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင် ဇယား(၃)နှင့်အညီ ပြဋ္ဌာန်းထားသည့်ဥပဒေ များမှအပ    ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေပါအတိုင်း  လိုက်နာကျင့်သုံးရမည်ဆိုပြီး အစားထိုးပြင်ဆင်သည့် အချက်ကို ပြင်ဆင်ရန် မသင့်ဘဲ မူလပြဋ္ဌာန်း ချက်အတိုင်း ထားရှိသွားရန်ဖြစ်ကြောင်း၊ ပြင်ဆင်မည့်ဥပဒေမူကြမ်းတွင် အစားထိုး ဖြည့်စွက်ထားသောအချက်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်က ဥပဒေပြုနိုင်သည့် ကိစရပ်များ ဇယား(၂)နှင့် မည်သို့မျှသက်ဆိုင်ခြင်း မရှိသည်ကို ထောက်ပြ ဆွေးနွေးလိုကြောင်း၊ ဇယား(၃) သည် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့က ဥပဒေပြုရမည့် ကိစရပ်များ ဖြစ်ကြောင်း၊ မသက်ဆိုင်သည့် ပြင်ဆင်ဖြည့်စွက်ချက်ကို ပုဒ်မ ၁၉၈ ပုဒ်မခွဲ(ခ)တွင် အစားထိုးပါက မည်သို့မျှ ကိုက်ညီခြင်း မရှိသည်ကို  တွေ့ရကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၏ အခန်း(၄) ဥပဒေပြုရေး အခန်းတွင် ပုဒ်မ ၁၈၈ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်သည် ဇယား(၂)တွင် ဖော်ပြထားသည့် တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်ဥပဒေပြုစာရင်းပါ ကိစရပ်များနှင့် စပ်လျဉ်းပြီး  တိုင်းဒေသကြီး  သို့မဟုတ်  ပြည်နယ် တစ်ဝန်းလုံးအတွက် သော်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်  တစ်စိတ်တစ် ဒေသအတွက် သော်လည်းကောင်း အာဏာသက်ရောက်စေရန် ဥပဒေ ပြုခွင့်ရှိသည်ဟု   တိတိကျကျပြဋ္ဌာန်းထား ကြောင်း၊ ပုဒ်မ ၁၈၈ ကိုလည်း ဇယား(၂)၊  ဇယား(၃)နှင့် ဇယား(၅)တို့   ထည့်သွင်း  ပြင်ဆင်ရန်လုပ်ထားသည် ဆိုပါက ဆီလျော်ကိုက်ညီခြင်းမရှိသည့်အတွက် ပြင်ဆင်၍ မသင့်တော်ကြောင်း၊ ဇယား(၃)က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့အတွက် ပြဋ္ဌာန်းထားပြီး ဇယား(၅)က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များကကောက်ခံရမည့် အခွန်အခများဖြစ်နေသည့် အတွက် အကျိုးအကြောင်း ကိုက်ညီမှု မရှိသည်ကို ထောက်ပြ ဆွေးနွေးလိုကြောင်း။

ထပ်မံ၍ ဥပဒေမူကြမ်းပုဒ်မ ၁၉၈ပုဒ်မ ခွဲ(ဃ)ကိုလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသဦးစီးအဖွဲ့ကပြဋ္ဌာန်းလိုက်သည့် ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည် နယ်လွှတ်တော်ကပြဋ္ဌာန်းသည့် ဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ဆန့်ကျင်နေလျှင်  ဇယား(၅)နှင့် အညီ ပြဋ္ဌာန်းထားသည့်ဥပဒေများမှအပ  သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်က ပြဋ္ဌာန်းသည့်ဥပဒေပါအတိုင်း လိုက်နာ ကျင့်သုံးရမည်ဆိုပြီး မူလဥပဒေကို အစားထိုး ပြင်ဆင်ခြင်းကို ပြင်ဆင်ရန်မသင့်ကြောင်းနှင့် မူလအတိုင်းထားရှိရန် ဆွေးနွေးလိုကြောင်း၊ ထိုပုဒ်မခွဲကိုလည်း ပြင်ဆင်ရန်အစားထိုး ဖြည့်စွက် ထားမည်ဆိုပါက ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ဥပဒေပြုနိုင် သည့်ကိစရပ်များ ဇယား(၃)နှင့် မည်သို့မျှ ကိုက်ညီခြင်းမရှိခြင်းကို ထောက်ပြလိုကြောင်း၊ ဖြည့်စွက် လိုသည့် ဇယား(၅)သည်  တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့်  အခွန်အခများ ဇယားဖြစ် နေ၍ဖြစ်ကြောင်း၊   မည်သို့မျှသက်ဆိုင် ညီညွတ်ခြင်းမရှိကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)၏ အခန်း(၅) အုပ်ချုပ်ရေးအခန်းတွင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့်အခွန်အခ များ အတွက် ပုဒ်မ ၂၅၄ ပုဒ်မခွဲ(က)နှင့် အညီ ဇယား(၅)ပါ အခွန်အခများကို ဥပဒေ နှင့်အညီကောက်ခံ၍    တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေသို့ ပေးသွင်းရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် အုပ်ချုပ်ရေး ကဏ္ဍက ပြဋ္ဌာန်းချက်ကို  ဥပဒေပြုရေးအခန်းထဲ  ဆွဲထည့်သည်ကို မည်သို့မျှဆောင်ရွက်ရန်မသင့် ကြောင်း၊ ဥပဒေကို ပြင်ချင်ဇောနှင့် ဆောင်ရွက်လိုက်နာပြီး ရှေ့နောက်အကျိုးအကြောင်း ဆီလျော်ခြင်းမရှိသည်ကို တွေ့ရကြောင်း။

မြန်မာနိုင်ငံတွင် ရေးဆွဲကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေများကို လေ့လာကြည့်သည့်အခါ  ၁၉၄၇  ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည်  တစ်ပြည်ထောင်စနစ်နှင့် အညီရေးဆွဲပြီး ဥပဒေပြုရေး အာဏာကို ပြည်နယ် များသို့ ခွဲဝေပေးထား ခြင်းမရှိသည့်အတွက် ပြည်နယ်လွှတ်တော် ဆိုသည်မှာ မရှိခဲ့ကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ဆိုရှယ်လစ်စနစ်နှင့်အညီရေးဆွဲထားပြီး ဗဟိုဦးစီးစနစ်သာဖြစ်ခဲ့ကြောင်း၊  လက်ရှိဖွဲ့စည်းပုံ

အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ဥပဒေပြု ရေးအာဏာကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် စသည်ဖြင့် ခွဲဝေပေးထားပြီး ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ ပေါ်ပေါက်လာ ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၁၉၈ တစ်ခုလုံး လွှမ်းခြုံကြည့် ပါက လွှတ်တော်အဆင့်ဆင့်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ စီရင်စုဦးစီးအဖွဲ့များက ပြဋ္ဌာန်း ထားသော ဥပဒေအကျိုးသက်ရောက်မှုများမှာ ဖွဲ့စည်းပုံ အခြေခံဥ ပဒေနှင့် ဆန့်ကျင်၍ မရဘဲ ၎င်းအတိုင်းလိုက်နာကျင့်သုံးရမည် ဖြစ်ကြောင်း၊ ထိုအချက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပေါ် အလေးထားသည့် Respect for Constitutionality တရားဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ၏ ဘယ်လိုအဆင့်မျိုးကိုမှ အသာ စီးပေးထားခြင်းမဟုတ်ဘဲ   ပြည်ထောင်စု အဆင့်ကနေ အောက်တစ်ဆင့် Sub National Units များကို အကာအကွယ် ပေးထားခြင်း ဖြစ်ကြောင်း။

အနာဂတ်နိုင်ငံတော်အတွက် ရေရှည် အကျိုးရှိပြီး ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရန် အမျိုးသား ညီလာခံ ကိုကျင်းပခဲ့ပြီး အခြေခံမူများနှင့် အသေးစိတ် အခြေခံရမည့် မူများကို ရရှိခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ အချုပ်အခြာ အာဏာ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြု ရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာ တို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲပြီး အချင်းချင်း အပြန်အလှန် ထိန်း ကျောင်း ခြင်းကို ပြုလုပ်ထားကြောင်း၊ ဥပဒေပြုရေးအတွက် လွှတ်တော်အဆင့်ဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရစီရင်စုများကို  ခွဲဝေ အပ်နှင်းပေးထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဥပဒေကို စနစ်တကျပိုင်းခြားခွဲဝေသုံးစွဲနိုင်ရန် ဇယား(၁)က  ပြည်ထောင်စု ဥပဒေပြုစာရင်း၊ ဇယား(၂) က တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်း၊ ဇယား(၃)က  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့၏ ဥပဒေ ပြုစာရင်းဆိုပြီး ပုဒ်မ အသီးသီးနှင့် ရည်ညွှန်း ဖွင့်ဆိုထားကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်း သားများ အကျိုးစီးပွားအတွက် ညီမျှသည့်ဥပဒေကို ပြဋ္ဌာန်းဆောင်ရွက်နိုင်ရန် ဥပဒေပြုခွင့် အပ်နှင်းပေးထားခြင်းဖြစ် ကြောင်း၊ ယခုဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ရန်ဆောင်ရွက်နေကြသည်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်နိုင်ငံ တည်ဆောက်နိုင် ရန်ဖြစ်သော်လည်း ပုဒ်မ ၁၉၈(ခ)နှင့်(ဃ)ကို  ပြင်ဆင်အစားထိုးရန်ဆောင်ရွက်နေခြင်းက  ဒီမိုကရေစီနှင့် မကိုက်ညီသလို  ဖက်ဒရယ် အခွင့်အရေးဖြစ်သည့် ဥပဒေပြုခွင့်အာဏာအဆင့်ဆင့်ကို ကန့်သတ်ပေးသလို ရောက်နေသည်ကို သတိပြုမိရန်လိုကြောင်း၊ အမှန်ကတော့ ဇယား-၁၊ ဇယား-၂နှင့် ဇယား-၃  ကို ဥပဒေ ပြုနိုင်သည့် အချက်များ ခွဲဝေပေးလို့ရရှိနိုင်ကြောင်း။

ပုဒ်မ ၁၉၈ ပုဒ်မခွဲ (ခ)ကို ပြင်ဆင်ဖြည့်စွက် ခြင်းက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်၏ဥပဒေပြု ကိစရပ်များ ဇယား-၂ နှင့်လုံးဝ မသက်ဆိုင်ကြောင်း၊  ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ  တိုင်းဦးစီးအဖွဲ့  သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီး အဖွဲ့အတွက် ဥပဒေပြုရမည့် ဇယား-၃ ဖြစ်ပြီး သတ်မှတ် ချက်နှင့်မကိုက်ညီကြောင်း တွေ့ရှိရကြောင်း၊

ပုဒ်မ ၁၉၈ ပုဒ်မခွဲ(ဃ)ကို ပြင်ဆင်ဖြည့်စွက် ထားခြင်းက ဥပဒေပြုရေးအာဏာမဟုတ်သည့်  အုပ်ချုပ်ရေး အာဏာ အခန်းထဲက ကောက်ခံရမည့် အခွန်အခများ ဇယား-၅ ဖြစ်နေပြီး  ဘယ်လိုမှကိုက်ညီဆီလျော်ခြင်း မရှိကြောင်း တွေ့ရှိရကြောင်း၊  ထို့ကြောင့် ပြင်ဆင်ဖြည့်စွက်မည့် ပုဒ်မ၊ ပုဒ်မခွဲများကို မူလဆိုလိုရင်း ရည်ရွယ်ချက်နှင့် အဓိပ္ပာယ် မပျက်အောင်၊ ဥပဒေရေးထုံးလည်းမရှုပ်ထွေး အောင်ပြင်ဆင်မှုမပြုလုပ်ဘဲ မူလပြဋ္ဌာန်းချက် အတိုင်းထားရှိသင့် ကြောင်း ဆွေးနွေးသည်။

မင်းကင်းမဲဆနနယ်မှ ဦးမောင်မြင့်က ပုဒ်မ၆(ဃ)၊ မူလပြဋ္ဌာန်းချက်မှာ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုက ရေစီ စနစ်ထွန်းကားရေးစာသားမှာ စည်းကမ်းပြည့်ဝသောစာသားကိုဖြုတ်ဖို့ ဦးထွန်းထွန်း ဟိန်ကတင်သွင်းကြောင်း၊   ဆိုရှယ်လစ် (၂၆) နှစ်၊ တပ်မတော်အစိုးရ (၂၂)နှစ် စုစုပေါင်း(၄၈)နှစ် ဒီမိုကရေစီနှင့် ကင်းကွာလာ သည့်နိုင်ငံကို တစ်ခါတည်းနှင့် စစ်မှန်သည့် ဒီမိုကရေစီ ထွန်းကားအောင် လုပ်နိုင်လိမ့်မယ်လို့ မိမိမယုံကြောင်း၊  ထို့ကြောင့်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံတိုင်း မအောင်မြင်ဘဲ နောက်ပြန် လှိုင်းရိုက်ပြီး ဒုံရင်းကိုပြန်သွားကြတာ နှောင့်နှေးတာကို သမိုင်းမှာလေ့လာတွေ့ရှိနိုင်ကြောင်း၊ ဥပမာအားဖြင့် အာမေးနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ဘီလာရုစ်၊ ဘူကီနာဖာဆို၊ ကွန်ဂို၊ ဂျီဘူတီ၊ ဖီဂျီ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ ဂျော်ဒန်၊ ကူဝိတ်၊ ကာဂျစတန်၊  နီပေါ၊ ပါကစတန်၊ ရုရှား၊ ကာဂျစ် ကစတန်၊ ဗင်နီဇွဲလားနှင့် ဇင်ဘာဘွေ ၁၇ နိုင်ငံတောင်ရှိကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ဗဟိုဦးစီး စနစ်မှ ဒီမို ကရေစီကို Drastic Change လုပ်ကြလို့ဖြစ်တယ်ဆိုသည့် ကောက်ချက်တစ်ခုချလို့ရကြောင်း၊   ထို့ကြောင့် သင့်လျော် သည့် အချိန်တစ်ခုကို ရောက်သည်အထိ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနှင့်  ပြည်သူတွေကိုအသားကျ အောင်ကျင့် သုံးစေသင့်ကြောင်း၊  နောက်ပိုင်းဒီမိုကရေစီ၏ တာဝန်ယူမှု၊  တာဝန်ခံမှုကို ပြည်သူတွေ Used to ဖြစ်လာသည့်အခါ ကြမှ စည်းကမ်းပြည့်ဝသောဆိုသည့် စာသားကိုဖြုတ်သင့်ကြောင်း။

ထို့ကြောင့် အချိန်တစ်ခုရယူပြီး စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီကိုဖော်ဆောင်သင့် ကြောင်း၊ Mature Stage ကိုရောက်မှ စစ်မှန် သည့်ဒီမိုကရေစီကို ဖော်ဆောင်နိုင်မည်ဖြစ်သောကြောင့် မူလပြဋ္ဌာန်းချက်က လက်ရှိ အခြေ အနေနှင့် အသင့်တော်ဆုံး ဖြစ်ကြောင်း၊ အလားတူ ပုဒ်မ(၃၉)တွင်လည်း စည်းကမ်းပြည့်ဝသော စာသားကို မဖြုတ် သင့်ကြောင်း၊ ၆(စ) မူလပြဋ္ဌာန်းချက်သည် ““နိုင်ငံတော်၏ အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဍတွင်  တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်သည်”” လို့ ဖော်ပြထားပြီး ဦးထွန်းထွန်းဟိန်က ““ဦးဆောင်မှု”” နှင့် ““အစဉ်တစိုက်””စကားလုံးတွေကိုဖြုတ် ပြီး ““ပြည်သူ့ဆနနဲ့အညီ””ဆိုတာ ထပ်ဖြည့်ကြောင်း၊  သူ၏ ပြင်ဆင်ချက်သည် ““နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး အခန်းကဏ္ဍတွင် ပြည်သူ့ဆနနှင့်အညီ  တပ်မတော်မှ ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကိုဦးတည်သည်””ဖြစ်ကြောင်း။

မိမိအနေနှင့်ကတော့ ဦးဆောင်မှုဆိုတာ ကို ဘာကြောင့်မထည့်စေချင်တာလဲဆိုတာမေးခွန်းထုတ်ချင်ကြောင်း၊ အမျိုးသားနိုင်ငံရေး ဆိုသည်မှာ ပါတီနိုင်ငံရေးထက်ပိုပြီး မွန်မြတ်သည့်ကျင့်စဉ်တစ်ခုဖြစ် ကြောင်း၊  Institution ခိုင်မာ အားကောင်းသည့် တပ်မတော်ဟာ ဦးဆောင်မှုနေရာက  ပါဝင်သင့်ကြောင်း၊ အမျိုးသားရေးကို မိမိကလည်း မလုပ်ကြောင်း၊ သူများလုပ်တာလည်း  ဖျက်တယ်ဆိုတာ မကောင်းကြောင်း၊ အစဉ်တစိုက်စကားလုံး ကိုဖြုတ်တာကို  ယေဘုယျအားဖြင့် လက်ခံကြောင်း၊  သို့ပေမယ့် ပြည်သူ့ဆနနှင့်အညီ ဆိုတာကို   ဘယ်ပေတံနှင့်တိုင်းမှာလဲလို့  မေးခွန်း ထုတ်ချင်ကြောင်း၊    လွှတ်တော် ကိုယ်စားလှယ်များ၏ဆန်္ဒသည်  ပြည်သူ့ဆနဆိုတာ လက်မခံနိုင်ကြောင်း၊ တိုင်းတာလို့မရ သည့်ဟာကို မထည့်တာဘဲကောင်းကြောင်း၊ ထို့ကြောင့် မိမိ၏အဆိုပြုချက်သည် ““နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်း ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးကို ဦးတည်သည်”” ပဲ ဖြစ်ကြောင်း။

ပုဒ်မ(၁၄)မှာ ဦးထွန်းထွန်းဟိန်၏ပြင်ဆင် ချက်မှာကောင်းကြောင်း၊ သို့ပေမယ့်လက်နက်ကိုင် တိုက်ပွဲတွေနှင့် နိုင်ငံအနှံ့ မတည်မငြိမ် မငြိမ်းမချမ်းဖြစ်နေရင်တော့ လွှတ်တော်မှာ တပ်မတော်သားတွေ၏ ပါဝင်မှုကိုလျှော့ချ မယ်ဆိုတာ မဖြစ်သင့်ကြောင်း၊ လွှတ်တော်မှာ ရွေးချယ်ခံမဟုတ်သည့် တပ်မတော်သားတွေ ပါဝင်မှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂိ္ဂုလ် ၏ မနေ့က ကရင်ပြည်နယ်ခရီးစဉ်မှာ ဝေဖန်ပြောကြားမှုတွေလည်း လေ့လာသိရှိရကြောင်း၊

အိမ်နီးချင်း  ထိုင်းနိုင်ငံကို  နမူနာယူသင့် ကြောင်း၊ အင်ဒိုနီးရှား၏ပြုပြင်ပြောင်းလဲမှုကိုနမူနာယူပါလို့ပြောချင်ကြောင်း၊  ထို့ကြောင့် မိမိ၏ ပြင်ဆင်ဖြည့်စွက် တင်ပြမှုကတော့ ““လက်နက်ကိုင်များအားလုံးနှင့် ငြိမ်းချမ်းရေးရရှိလျှင် ပြည်ထောင်စု လွှတ်တော်၊ တိုင်း ဒေသကြီး လွှတ်တော်နှင့်ပြည်နယ်လွှတ်တော်များတွင် လွှတ်တော်ကိုယ်စား လှယ်များအဖြစ်    လွှတ်တော်သက်တမ်း အလိုက်   တပ်မတော်သားများပါဝင်မှုကိုလျှော့ချပြီး  တပ်မတော်ကာကွယ် ရေး ဦးစီး ချုပ် က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သားများပါဝင်သည်””ပဲဖြစ်ကြောင်း၊ အလားတူ ပုဒ်မ  ၁၀၉(ခ)၊ ၁၄၀(ခ)၊ ၁၆၁(ဃ)တို့မှာလည်း  ““လက်နက်ကိုင်များအားလုံးနှင့် ငြိမ်းချမ်းရေးရရှိလျှင်””ကို ရှေ့ကခံပြီး လွှတ်တော်သက် တမ်းအလိုက် တပ်မတော်သားများ ပါဝင်မှုကို လျှော့ချပြီး   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းသည့်  တပ်မတော်သားများပါဝင်သည်လို့ ပြင်ဆင်ရန် တင်ပြအပ်ကြောင်း။

ပုဒ်မ ၄၀(ဂ)မှာ မူလဖော်ပြချက်ကတော့ ““နိုင်ငံတော်အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသော အဓမနည်းဖြင့်ရယူရန် ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင် စု ပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ  လက်လွှတ်ဆုံးရှုံး စေမည့်  အရေးပေါ်အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဤဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်  သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ  ရယူသုံးစွဲခွင့်ရှိသည်”” ဖြစ်ကြောင်း၊  ထိုအကြောင်းအရာကို ဦးထွန်းထွန်းဟိန်က ““ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော် သမတဦးဆောင်၍ တာဝန်ယူ ဆောင်ရွက် နိုင်မည့် အစီအစဉ်တစ်ရပ်အား အတည်ပြု ဆုံးဖြတ်ဆောင်ရွက်ရမည်””ဟု ပြင်ဆင်ချက် တင်ပြထားကြောင်း၊  မိမိ အယူအဆအရ တော့ နိုင်ငံတော်ပြိုကွဲတော့မည့်အချိန်အခါ မျိုးမှာ တပ်မတော်အာဏာ သိမ်းတာမျိုးမကြုံ စေချင်လို့ အခြေခံဥပဒေမှာ သတ်မှတ်ပြဋ္ဌာန်း ချက်များနှင့်အညီ ရယူသုံးစွဲခွင့်ရှိသည်ဟု   ပြဋ္ဌာန်း ထားတာဖြစ်ကြောင်း။

သမတက   အခြေအနေကိုမထိန်းနိုင် သည့်အခြေအနေမှာ သမတကဦးဆောင် တာဝန်ယူ ဆောင်ရွက်နိုင်မည့် အစီအစဉ် တစ်ရပ်ကို   ပြည်ထောင်စု လွှတ်တော်က အတည်ပြုရမည်ဆိုသည်မှာ ရယ်စရာကောင်း ကြောင်း၊ သမတ ကမလုပ်တတ်လို့၊ မလုပ် နိုင်လို့ အခြေအနေဆိုးသည့်ကြားက  သူဦးဆောင်ပြီးလုပ်ခိုင်းနေသည်မှာ သဘာဝ ကျရဲ့လား၊ ဖြစ်နိုင်ရဲ့လား၊ ဖြစ်သင့်ရဲ့လား၊ ဆိုသည်မှာ  စဉ်းစားကြည့်စေလိုကြောင်း၊ တကယ်အခြေအနေဆိုးရင် ပြည်ထောင်စု လွှတ်တော်ဆိုတာခေါ်လို့ရနိုင်ရဲ့လားဆိုတာကိုလည်း ၁၉၈၈ က အတွေ့အကြုံတွေကို ပြန်လေ့လာ ကြည့်ကြ စေချင်ကြောင်း၊ ထို့ကြောင့် ပုဒ်မ ၄၀(ဂ)ကို မူလအတိုင်းပဲထားရှိသင့်ကြောင်း၊ ၅၉(ဂ) မှာ ဦးထွန်းထွန်း ဟိန်က  ရွေးချယ်တင်မြှောက်ခံရသူသည် အနည်းဆုံး အသက်(၄၀)နှစ်ပြည့်ပြီးသူဖြစ်ရမည်ဆိုတာကို သဘောတူ ကြောင်း၊ ဖြည့်စွက်ချင်တာ ကတော့ အသက် ၇၀ ထက် မကျော်စေရဆို သည့်အချက်ဖြစ်ကြောင်း၊ သူငယ်ပြန်တတ်

သည့်အရွယ်တွေ တိုင်းပြည်ကိုဦးဆောင်ပြီး ကမောက်ကမ မဖြစ်စေရန်အတွက်   ဖြစ်ကြောင်း။

၅၉(စ)က နိုင်ငံရဲ့အသက်ဖြစ်ကြောင်း၊  ထို့ကြောင့် ဦးထွန်းထွန်းဟိန် ပယ်ဖျက်ဖို့ပြောသည်မှာ   အင်မတန်စိတ်ပျက် စရာ ကောင်းကြောင်း၊   မူလပြဋ္ဌာန်းချက်နှင့် တောင်မလုံလောက်လို့  မိမိ၏ပြင်ဆင်ရန် တင်ပြချက်ကတော့ ““မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊ မိမိ၏ တရားဝင်သား သမီးတစ်ဦးသော်လည်းကောင်း ထိုတရားဝင် သားသမီးတစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်း သော်လည်းကောင်း၊   နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ်္စာတော်ကို  ခံယူစောင့်ရှောက် ရိုသေခဲ့ဖူးသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏  လက်အောက်ခံခဲ့ဖူးသူ  သို့မဟုတ် တိုင်းတစ်ပါး၏နိုင်ငံသားဖြစ်ခဲ့ဖူးသူများမဖြစ် စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ သြဇာကိုမလွန်ဆန်လိုသူသော်လည်းကောင်း၊ လက်အောက်ခံဖြစ်သူသော် လည်း ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင် ခွင့်ရှိသူများမဖြစ် စေရ””ဟုဖြစ်ကြောင်း၊ ပုဒ်မ ၄၃၆(က)ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ   အဓိကကျ

သည့်ပုဒ်မဖြစ်ကြောင်း၊  မူလပြဋ္ဌာန်းချက်မှာ ကိုယ်စားလှယ်  ၇၅ ရာခိုင်နှုန်းကျော်က  ပြင်ဆင်ရန်သဘောတူလျှင် ပြည်လုံး ကျွတ် ဆနခံယူပွဲကျင်းပပြီး   မဲပေးခွင့်ရှိသူ၏  ထက်ဝက်ကျော်ဆန်္ဒမဲဖြင့် ပြင်ဆင်ရမည် ဖြစ်ကြောင်း။

ဦးထွန်းထွန်းဟိန်က   ရွေးကောက် တင်မြှောက်ခံ ကိုယ်စားလှယ် ၃ ပုံ ၂ ပုံကထောက်ခံလျှင်   ပြည်လုံးကျွတ် ဆနခံယူပွဲ ကျင်းပရန်ဆိုပြီး  ပြင်ဆင်တင်ပြကြောင်း၊  

ထိုနေရာမှာ All Inclusive ဆိုတာကို ဦးထွန်းထွန်းဟိန်က မေ့သွားတယ်ထင်ကြောင်း၊ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် တွေကို ချန်လှပ်ထား လို့ရသည်မှာ ရွေးချယ်ခံတွေ အနက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် တို့မှာ ဒုတိယ သမတလောင်း ရွေးချယ်ရာမှာ မဲမပေးရသည်နှင့် လစာကို လွှတ်တော်က မပေးဘဲနေ လို့ရတာ နှစ်ခုပဲရှိကြောင်း၊ ကျန်တာကို ချန်ထားလို့ မရကြောင်း။

ထို့ကြောင့် မိမိ၏ အဆိုပြုတင်ပြချက် ကတော့ ““ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)ပုဒ်မ ၁ မှ ၄၈ အထိ၊ အခန်း (၂) ပုဒ်မ ၄၉ မှ  ၅၆ အထိ၊ အခန်း(၃) ပုဒ်မ ၅၉၊ ၆၀၊ အခန်း(၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁၊ အခန်း(၅)ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆၊ အခန်း(၆)ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀၊ အခန်း(၁၁)ပုဒ်မ ၄၁၀ မှ ၄၃၂ အထိ၊ အခန်း (၁၂) ပုဒ်မ ၄၃၆ တို့ရှိ ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုလျှင် ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၃ပုံ၂ ပုံကျော်နှင့် တပ်မတော်သား ကိုယ်စားလှယ်အားလုံးက ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆနခံယူပွဲကျင်းပ၍ ဆန္ဒမဲ ပေးသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲ ဖင့်သာ ပြင်ဆင် ရမည်””ဖြစ်ကြောင်း၊

၄၃၆(ခ)မှာလည်း    ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်အစား   ““ရွေးကောက်တင်မြှောက်ခံ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်အားလုံး၏ ၃ ပုံ ၂ ပုံကျော်နှင့် တပ်မ တော်သားကိုယ်စားလှယ် အားလုံး၏ ထောက်ခံဆနမဲဖြင့်သာ ပြင်ဆင်ရမည်”” ဖြစ်ကြောင်း ဆွေးနွေးသည်။

အောင်လင်းဦး(မြ၀တီ)၊ ကိုလတ်

 

         

 

Read 81 times Last modified on Wednesday, 26 February 2020 12:20