SJ WorldNews - шаблон joomla Авто

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အိန်္ဒိယနိုင်ငံသို့ ထွက်ခွာ

Thursday, 27 February 2020 09:45 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  ဖေဖော်ဝါရီ  ၂၆

 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို ဦးဆောင်သော   ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် အိန်္ဒိယသမ္မတနိုင်ငံ သမ္မတ ရှရီ ရမ် နက်သ် ကိုဗင့်ဒ်၏ ဖိတ်ကြားချက်အရ အိန်္ဒိယသမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့နံနက် ၁၁ နာရီတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်မှ ထွက်ခွာကြသည်။

 နိုင်ငံတော်သမ္မတနှင့်ဇနီး   ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်မော်၊ မြန်မာနိုင်ငံဆိုင်ရာ အိနိ္ဒယနိုင်ငံ သံရုံးမှ သံရုံးယာယီ တာဝန်ခံ Dr.Sumit Seth နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။

 နိုင်ငံတော်သမ္မတနှင့်ဇနီး   ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့တွင်  အဖွဲ့ဝင်များအဖြစ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊    ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး  ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသန့်စင်မောင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပု၊ နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာနတို့မှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြသည်။

 နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် အိန်္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့ Palam လေတပ်စခန်းသို့ ရောက်ရှိကြရာ အိနိ္ဒယသမ္မတနိုင်ငံ အစားအသောက် ထုတ်လုပ်ရေး စက်မှုလုပ်ငန်းဆိုင်ရာ ဒုတိယ၀န်ကြီး ရှရီ ရာမစ်ရှ်ဝါတီလီ၊ အိန်္ဒိယနိုင်ငံ ဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့်ဇနီး၊ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် သိန်းဇော်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ အိန်္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမားနှင့်ဇနီး၊ မြန်မာသံရုံးနှင့် အိန်္ဒိယ သမ္မတနိုင်ငံ ပြည်ပရေးရာ ၀န်ကြီးဌာနမှ တာဝန်ရှိသူများက Palamလေတပ်စခန်း၌ ရင်းရင်းနှီးနှီးကြိုဆိုနှုတ်ဆက်ကြသည်။

 ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် မော်တော်ယာဉ်များဖြင့် ခေတ္တတည်းခိုမည့် Taj Palace ဟိုတယ်သို့ ရောက်ရှိကြသည်။

 ညနေပိုင်းတွင်   နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့်အတူ Akshardham ဟိန်္ဒိုဘုရားကျောင်းသို့ ရောက်ရှိရာ Sadhu Gnanmunidasနှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

 ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ ဟိန္ဒူဘုရားကျောင်းအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ အနုပညာလက်ရာများနှင့် အိနိ္ဒယနိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ ပြခန်းများအား လှည့်လည်ကြည့်ရှု လေ့လာရှာ Sadhu Gnanmunidas နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် အဖွဲ့ဝင်များ၊ ဘုရားကျောင်းမှ တာဝန်ရှိသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဘုရားကျောင်း၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ် ရေးထိုးကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။

 

ညပိုင်းတွင် နိုင်ငံတော်သမ်္မတ ဦးဝင်းမြင့် နှင့်ဇနီးဒေါ်ချိုချိုတို့သည် အဖွဲ့ဝင်များနှင့် အတူ  နယူးဒေလီမြို့ရှိ  မြန်မာသံရုံးသို့ သွားရောက်ပြီး မြန်မာသံရုံးနှင့် စစ်သံရုံးတို့ မှ သံရုံးဝန်ထမ်းများ၊ ၀န်ထမ်းမိသားစုများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားကာ သံရုံးနှင့် စစ်သံရုံးဝန်ထမ်းများ၊ ၀န်ထမ်းမိသားစုများအတွက် လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များသည် အိနိ္ဒယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်ဇနီးတို့က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် သည်။

 

(သတင်းစဉ်)

 

Read 68 times Last modified on Thursday, 27 February 2020 11:08