SJ WorldNews - шаблон joomla Авто

ထီးလိုမင်းလို ဘုရားကြီး အထက်ဌာပနာတော် သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နား တော်၊ ရွှေထီးတော်တင် လှူပူဇော်ပွဲနှင့် ဗုဒ္ဓါ ဘိသေက အနေ ကဇာတင် မဟာမင်္ဂလာ အခမ်းအနား ကျင်းပ

Thursday, 27 February 2020 19:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၇

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ၂၀၁၆ခုနှစ်၊ သြဂုတ် ၂၄ ရက်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးမှု များဖြစ်ပေါ်ခဲ့သည့် ထီးလိုမင်းလိုဘုရားကြီးကို ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင်ပြီး အထက် ဌာပနာတော်သွင်းလှူခြင်း၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်တင်လှူ ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားအား ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇ မဟာရဠဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဗန်းမော်ဆရာတော် ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များကရောက်ချီးမြှင့်တော်မူကြသည်။