SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံတွင် ကင်းထောက် လုပ်ငန်းရပ်များ ပိုမိုတိုးတက် အောင်မြင်စေရန် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေး

Saturday, 29 February 2020 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဖေဖော်ဝါရီ  ၂၈

မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ်၏ အကြီးအကဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်မှ First Vice  Chairman  Mr. Hiroshi Shimada  နှင့်အဖွဲ့သည် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံကင်းထောက် အကြီးအကဲအား အာရှပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ကင်းထောက်အဖွဲ့ချုပ်၏    အာရှပစိဖိတ်ဒေသအတွင်း လူငယ်များအတွက် စခန်းသွင်းလေ့ကျင့်ပေးမှုများ၊ ကင်းထောက်လုပ်ငန်းစဉ် ရှင်သန်ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍   ရှင်းလင်းပြောကြားပြီး ၄င်းတို့ အဖွဲ့ချုပ်အနေဖြင့်  မြန်မာနိုင်ငံတွင် ကင်းထောက် လုပ်ငန်းရပ်များ ပိုမိုတိုးတက်အောင်မြင်စေရန် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး ပြောကြားကြကြောင်း သိရသည်။

Read 79 times Last modified on Saturday, 29 February 2020 09:43