SJ WorldNews - шаблон joomla Авто

ဓမ္မဒူတ ဆေကိန္ဒာ ရာမ ကျောင်းတိုက်၌ ပိုးသတ်ဆေး ဖျန်းခြင်းများဆောင်ရွက်

Wednesday, 25 March 2020 08:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက် ချောင်းကျေးရွာရှိ ဓမဒူတ ဆေကိနာ ရာမကျောင်းတိုက်သို့ ပြည်ပနိုင်ငံ များမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား ၁၀၇ ဦးအား COVID-19 Quarantine ဆောင် ရွက်ရန် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် မတ် ၂၂ ရက် ညပိုင်းတွင်  လှည်းကူး မြို့နယ်၊ ပြည်သူ့ ကျန်းမာရေး ကွင်းဆင်း သင်တန်းကျောင်း မှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ရောက်ရှိလာသူ ၁၀၇ ဦးအနက် အင်္ဂလန်နိုင်ငံမှ လေကြောင်း ခရီးဖြင့် ပြန်လည်ဝင်ရောက်လာသည့် အသက် ၂၆ နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားသည် ကိုယ်ပူဖျားနာခြင်းနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါ လကဏာများ မရှိသော်လည်း မတ် ၂၃ ရက်တွင် ဓာတ်ခွဲ နမူနာယူခဲ့ပြီး အမျိုးသားကျန်းမာရေး  ဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ည ၁၁ နာရီခန့်တွင်  မြောက်ဥကလာပမြို့နယ်ရှိ ဝေဘာဂီ အထူးကုဆေးရုံသို့ အဆိုပါ အမျိုးသားနှင့် တစ်ခန်းတည်း နေသူ ငါးဦး တို့အား လူနာ တင်ယာဉ်ဖြင့် ပို့ဆောင်ခဲ့ပြီး ဆေးရုံတွင် သီးခြား စောင့်ကြည့် ကုသလျက် ရှိကြောင်း သိရှိရသည်။

အဆိုပါ ဓမဒူတ ဆေကိနာ ရာမကျောင်းတိုက်သို့ ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်၊ မှော်ဘီတပ်နယ်ရှိ နယ်မြေခံ ဆေးတပ်ရင်းမှ ပါရဂူများ ပါဝင်သောအဖွဲ့က COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် အမျိုးသား၏ အခန်းနှင့် အခြား နေထိုင်သူများ၏ အခန်းများ၊ ကျောင်းဝင်း အတွင်း/ အပြင်နှင့် ပတ်ဝန်းကျင် နေရာများအား ပိုးသတ် ဆေးဖျန်း ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

။။။။။။။။။။။။

Read 33 times Last modified on Wednesday, 25 March 2020 08:43