SJ WorldNews - шаблон joomla Авто

ကမ္ဘာ့နိုင်ငံ အသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်မည့်ခရီးသွားများ အပေါ် ချမှတ်ထားသည့် ကြိုတင်ကာကွယ်ရေး ကန့်သတ် ချက်များ ထုတ်ပြန်ခြင်း

Wednesday, 25 March 2020 08:56 font size decrease font size decrease font size increase font size increase font size

၁။ COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်နိုင်ရန် ရှေးရှုလျက်၊  ကမာ့နိုင်ငံ အသီးသီးမှလာရောက်သော ခရီးသည်များမှ တစ်ဆင့် မြန်မာပြည်သူများအပေါ် ကျရောက်နိုင်သည့် ရောဂါ အနရာယ်ကို ထိန်းချုပ်၊ ကန့်သတ်သွားနိုင်ရန် အတွက် ပြည်ထောင်စု သမတမြန်မာနိုင်ငံ အစိုးရအနေဖြင့်  ကြိုတင်ကာကွယ်ရေး ထပ်တိုး အစီအမံများကို ချမှတ်လိုက်သည်။

၂။ အောက်ဖော်ပြပါ ယာယီကန့်သတ်ချက် အစီအမံများသည် မြန်မာနိုင်ငံသို့ လာရောက်မည့် ကမာ့နိုင်ငံ အားလုံးမှ  ခရီး သည်များအတွက် ၂၅-၃-၂၀၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀၀၀)နာရီမှ စတင်၍ အသက်ဝင်မည်ဖြစ် ပါသည်-

(က) ကမ္ဘာ့နိုင်ငံ အသီးသီးမှ  မြန်မာနိုင်ငံသို့လာရောက်ကြမည့် မြန်မာနိုင်ငံသားများအား  မြန်မာနိုင်ငံသို့  စတင် ရောက် ရှိချိန်မှ စတင်၍ ၁၄ ရက်သီးသန့် သတ်မှတ်ထားသည့် နေရာများတွင် ထားရှိ စောင့်ကြည့်မှု (Facility    Quarantine) ပြုလုပ် သွားမည်ဖြစ်ပါသည်။

(ခ) မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား ခရီးသွားများ အားလုံး အနေဖြင့် လေယာဉ်များပေါ် သို့ မတက် ရောက်မီ လွန်ခဲ့သော (၇၂)နာရီမတိုင်မီကရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ် ချက် အထောက်အထား ပြသရန် လိုအပ်ပါသည်။ ၎င်းတို့အား မြန်မာနိုင်ငံသို့  စတင်ရောက်ရှိချိန်မှစတင်၍ ၁၄ ရက်သီးသန့် သတ်မှတ်ထားသည့် နေရာများတွင် ထားရှိစောင့်ကြည့်မှု (Facility Quarantine) ပြုလုပ် သွားမည် ဖြစ်ပါသည်။

(ဂ) မြန်မာနိုင်ငံ ဆိုင်ရာ သံတမန်များ၊ မြန်မာနိုင်ငံအခြေစိုက် ကုလသမဂလက်အောက်ခံအဖွဲ့အစည်းများမှ  ၀န်ထမ်းများ အနေဖြင့် မြန်မာနိုင်ငံသို့လာရောက်မည့် လေယာဉ်များပေါ်သို့ မတက်ရောက်မီ လွန်ခဲ့သော (၇၂)နာရီ မတိုင်မီက ရရှိထားသည့် COVID-19 ရောဂါ ကင်းရှင်းကြောင်း ဓာတ်ခွဲခန်း ဆေးစစ်ချက် အထောက်အထား ပြသရန် လိုအပ်ပါသည်။ ၎င်းတို့အား မြန်မာနိုင်ငံသို့ စတင်ရောက်ရှိချိန်မှစတင်၍ ၎င်းတို့ နေအိမ်များတွင် ၁၄ ရက်သီး သန့် နေထိုင် စောင့်ကြည့်မှု (Home Quarantine) ပြုလုပ် သွားမည်ဖြစ်ပါသည်။

၃။ ယခုထုတ်ပြန်ချက်သည်  ယခင်ကထုတ်ပြန် ကြေညာခဲ့သည့် အစီအမံများ အားလုံးအပေါ် လွှမ်းမိုးလိုက်သည်။

နိုင်ငံခြားရေး ၀န်ကြီးဌာန

နေပြည်တော်

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၄ ရက်

 

 

 

 

Read 38 times Last modified on Wednesday, 25 March 2020 08:57