SJ WorldNews - шаблон joomla Авто

ရန်ကုန်တွင် COVID-19 ရောဂါပိုး တွေ့ရှိ လူနာသစ် တစ်ဦး ထပ်တိုး

Wednesday, 25 March 2020 09:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မတ်  ၂၄

အင်္ဂလန်နိုင်ငံမှ (၂၁-၃-၂ဝ၂ဝ) ရက်တွင် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ လေဆိပ်မှ တစ်ဆင့် လေကြောင်း ခရီးဖြင့် ဝင်ရောက်လာခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တွင်နေထိုင်နေသည့် မြန်မာ နိုင်ငံသား အသက် ၂၆ နှစ်အရွယ် အမျိုး သားသည် ကိုယ်ပူဖျားနာခြင်းနှင့် ချောင်းဆိုးခြင်း ရောဂါ လက္ခဏာများဖြင့် (၂၃-၃-၂ဝ၂ဝ)ရက်၌ အင်းစိန် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ (Isolation) စောင့်ကြပ် ကုသမှု ခံယူခဲ့သည်။

အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာအား (၂၄-၃-၂ဝ၂ဝ)ရက်တွင် ရယူခဲ့ပြီး အမျိုးသား ကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ပေးပို့ခဲ့ရာ (၂၄-၃-၂ဝ၂ဝ)ရက်တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ)ရ သည်။

အဆိုပါလူနာအား အင်းစိန်ပြည်သူ့ဆေးရုံတွင် သီးခြားထားရှိ (Isolation)၍ စနစ်တကျ စောင့်ကြပ်ကုသလျက်ရှိပြီး (၂၄-၃-၂ဝ၂ဝ)ရက် ညတွင် စစ်ဆေးချက်အရ ၎င်း၏ ကျန်းမာရေး အခြေအနေမှာ သက်သာလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအရ အဆိုပါ အမျိုးသား ထံမှ ဓာတ်ခွဲနမူနာအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရည်ညွှန်းဓာတ်ခွဲခန်းသို့ ဆက်လက်ပေးပို့၍ အတည်ပြုချက်ရယူ သွားမည်ဖြစ်သည်။

အဆိုပါအမျိုးသားနှင့် ထိတွေ့ခဲ့သူများ အားလုံးကို စုံစမ်းဖော်ထုတ်၍ အသွားအလာကန့် သတ်ကာ စောင့်ကြပ် ကြည့်ရှု သွားမည် ဖြစ်သည်။

အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန(ရန်ကုန်)မှ ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ ဇယား(၂)တွင်ပါဝင်သော စောင့်ကြည့်လူနာနှစ်ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါ ပိုးမရှိကြောင်း(မရှိ ကြောင်း) တွေ့ရှိရသည်။

ထို့ပြင် ဝေဘာဂီအထူးကုဆေးရုံတွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ခံယူနေသူ ၁၂ ဦး၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတ ဇေတဝန်တောရ  ဆေကိန္ဒာရာမ ကျောင်းတိုက်တွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှုခြင်း (Quarantine) ခံယူနေသူ ၆ဝ ဦး၊ တာမွေမြို့နယ်ရှိ AYA Bank သင်တန်းကျောင်းတွင် အသွားအလာ ကန့်သတ် စောင့်ကြပ် ကြည့်ရှုခြင်း (Quarantine) ခံယူနေသူ ၃၇ ဦးနှင့် ညောင်ရွှေမြို့နယ် ပြည်သူ့ ဆေး ရုံတွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်း (Quarantine) ခံယူနေသူတစ်ဦးတို့၏ ဓာတ်ခွဲ အဖြေ များတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။   

 

Read 40 times Last modified on Wednesday, 25 March 2020 10:01