SJ WorldNews - шаблон joomla Авто

စောင့်ကြည့်လူနာ ၄၀ ဦး၏ ယနေ့ ဓာတ်ခွဲ အဖြေများတွင် COVID-19 ရောဂါပိုးမတွေ့

Thursday, 26 March 2020 07:41 font size decrease font size decrease font size increase font size increase font size

အင်းစိန်မြို့နယ်မှ ဓာတ်ခွဲ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ ၁၁ ဦးအား စောင့်ကြပ်ကြည့်ရှုမှုကို တင်းကျပ်စွာ ဆောင်ရွက်ထား

နေပြည်တော်  မတ်  ၂၅

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍  ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာနက ယနေ့ည ၈ နာရီ၊ ၈ နာရီ ၁၅ မိနစ်နှင့် ၉ နာရီ ၄၅ မိနစ်အချိန်တို့တွင် သတင်းထုတ်ပြန်ချက် များထုတ်ပြန်လိုက်ကြောင်း သိရ သည်။

အဆိုပါထုတ်ပြန်ချက်များတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန(ရန်ကုန်)မှ (၂၅-၃-၂၀၂၀)ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ထုတ်ပြန်သည့် ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာ ၄၀ ဦး၏ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း(မရှိကြောင်း)တွေ့ရှိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသည်  ကမာ့နိုင်ငံများတွင်  ကူးစက်ပျံ့နှံ့လျက်ရှိသည့်  COVID-19 လတ်တ လော အသက်ရှူ လမ်းကြောင်းဆိုင်ရာ  ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်း များအား အပြည်ပြည် ဆိုင်ရာ ၀င်ပေါက်၊ ထွက်ပေါက်ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ် လည်းကောင်း၊ ပြည်သူလူထု အခြေပြုစောင့် ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့် လည်းကောင်း၊ ပုဂလိက ဆေးရုံ များနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် (၂၄-၃-၂၀၂၀)ရက် ည ၆ နာရီမှ (၂၅-၃-၂၀၂၀)ရက် ည ၆ နာရီအထိ စောင့်ကြည့်လူနာ အသစ် ၃၈ ဦးရှိသည်။

ယနေ့ (၂၅-၃-၂၀၂၀)ရက် ည ၈ နာရီ အချိန်အထိ စောင့်ကြည့်လူနာ ၅၉ ဦးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ် ကြည့်ရှုကုသမှု ပေးလျက်ရှိပြီး ဓာတ်ခွဲအဖြေများ ရရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်း ထုတ်ပြန်ပေး သွားမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှ ဓာတ်ခွဲအတည်ပြုလူနာ အသက် ၂၆ နှစ်အရွယ် အမျိုးသားနှင့် အနီးကပ် ထိတွေ့ခဲ့သူ မိသားစုဝင်နှစ်ဦးအား ဆေးရုံတွင် အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု၍ ကျန်ထိတွေ့သူ ကိုးဦးအား နေအိမ်တွင် အသွားအလာ ကန့်သတ်ခြင်းအား တင်းကျပ်စွာ ဆောင်ရွက်ထားရှိပြီး စောင့်ကြပ်ကြည့်ရှု လျက်ရှိသည်။

-အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာသည် (၂၁-၃-၂၀၂၀)ရက်တွင် ဘန်ကောက်မြို့ သုဝဏဘုမိလေဆိပ်မှ ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့  UB 701 ခုံတန်းအမှတ်(၃)တွင် စီးနင်း လိုက်ပါလာသဖြင့် ခုံတန်း အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆)တို့တွင် လိုက်ပါစီးနင်းခဲ့သည့် ခရီးသည်များအနေဖြင့်  နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး (အမြန်ဆုံး) အကြောင်းကြားပေးကြပါရန်နှင့်ထိုသူများသည် မိမိတို့၏နေအိမ်၌သာ နေထိုင်ကြရန်နှင့်-ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော COVID-19 ရောဂါဖြစ်ပွားသော ဒေသ၊ နိုင်ငံများမှ ပြန်လာ သူများအနေဖြင့် အိမ်တွင်အသွားအလာ ကန့်သတ်နေထိုင်စဉ် လိုက်နာရမည့် အချက်များကို လည်းကောင်း၊ ၎င်းတို့၏ မိသားစုဝင် များအနေဖြင့်လည်း လိုက်နာရန်တိုက်တွန်းနှိုးဆော်ချက်များကိုလည်းကောင်း တိကျစွာ လိုက်နာနေထိုင် ကြပါရန် အထူးအလေးထား တိုက်တွန်းအပ်ပါသည်။

https://mohs.gov.mm/Main/content/ publication/ 2019-ncov

ယခုအခါ COVID-19 ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိပြီး ကမာ့နိုင်ငံ ၁၉၅နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက် ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန် ထားသော ရောဂါကာကွယ် ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး အချက်အလက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်သည်။