SJ WorldNews - шаблон joomla Авто

Coronavirus Disease 2019 (COVID- 19) ရောဂါနှင့် စပ်လျဉ်းသည့် အစည်းအဝေး ကျင်းပ

Thursday, 26 March 2020 08:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ်  ၂၅

Coronavirus Disease 2019 (COVID- 19) ရောဂါနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် သမတ အိမ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ Coronavirus Disease 2019 (COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာ စကားပြောကြားသည်။          

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ၀န်ကြီးချုပ်များနှင့် ၀န်ကြီးများ၊ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသူများက မြန်မာနိုင်ငံတွင် တွေ့ရှိသည့် COVID- 19 လူနာ သုံးဦး၏ ရောဂါဖြစ်ပွားမှု၊ ထိန်းချုပ် ကုသပေးနေမှု၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံခဲ့သူများ၊ သွားလာခဲ့သည့် နေရာ များတွင် ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်နေမှု၊ ထိုင်းနိုင်ငံတွင် အလုပ်သွားရောက် လုပ်ကိုင်သည့် မြန်မာနိုင်ငံ သားများ ပြန်လည်ဝင် ရောက်လာမှုနှင့်ပတ်သက်ပြီး ၎င်းတို့အား နေရပ်ပြန်လည် ပို့ဆောင်ရေး အစီအစဉ်၊ စတင်ဝင် ရောက်ချိန်မှစပြီး နေရပ်ပြန်ချိန်အထိ ၎င်းတို့၏ နေထိုင် စားသောက်ရေး အစီအမံများ၊ နေရပ်ပြန်လည် ရောက်ရှိချိန်တွင် ပြည်သူလူထု၏ ၀ိုင်းဝန်းပူးပေါင်းကူညီ စောင့်ရှောက်ပေးမှုဖြင့် သက်မှတ်နေရာ အဆောက်အအုံ များတွင် ထားရှိပြီး အသွား အလာကန့်သတ်ခြင်း အစီအစဉ် (community  based  facility  quarantine)များနှင့် Coronavirus Disease 2019 (COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် ဗဟိုကော်မတီ ဥကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ်္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က တင်ပြချက်များအပေါ် ဆုံးဖြတ် လမ်းညွှန်မှုများ ချမှတ်ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

 

 

Read 27 times Last modified on Thursday, 26 March 2020 08:49