SJ WorldNews - шаблон joomla Авто

ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအနီး၌ ငွေကျပ် ၂၉ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ် ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Thursday, 26 March 2020 23:16 font size decrease font size decrease font size increase font size increase font size

 

နေပြည်တော် ၊ မတ် -၂၆

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ကောင်းခါးကျေးရွာ၏ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာရှိ အဆောက်အဦပျက်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၆၂၀၀၀၀၀ ပြား၊ 88/1 စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၀၀၀၀၀ ပြား၊ တံဆိပ်မပါသော စိတ်ကြွရူးသွပ်ဆေးပြား ၅၃၆၄၀၀၀ ပြား၊ ICE ၆၈ ကီလို၊ ကဖင်း ၄၈၀ ကီလိုနှင့် ဆေးပြား တံဆိပ်ရိုက်တံ ၁၅၀ ချောင်းတို့ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

 

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းတစ်မျိုး(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်၂၉ ဘီလီယံကျော်)တို့ကို ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

Read 26 times Last modified on Thursday, 26 March 2020 23:18