SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

ကွန်ကရစ်လမ်း အက်ကွဲ ပျက်စီးနေမှုကို အမြန်ပြုပြင် ပေးစေလို

Tuesday, 22 August 2017 08:21 Written by  font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အတွင်းရှိ နန့်ပတဲကျေးရွာမှ အင်းတော်ကြီးအင်းနှင့် ရွှေမဉ္ဇူ ရေလယ်ဘုရားသို့ သွားသော ကွန်ကရစ်လမ်းမှာ အောက်ခံမြေသား ကျွံကျ၍ အက်ကွဲပျက်စီး နေပါသည်။

ထိုသို့ လမ်းအက်ကွဲ ပျက်စီးနေခြင်းကြောင့် ရေလယ်ဘုရားသို့ သွားရောက်သော ဘုရားဖူး ပြည်သူများနှင့် ဒေသခံများမှာ သွားလာမှု အခက်အခဲ ဖြစ်စေနိုင်ပြီး အချိန်မီ ပြုပြင်ခြင်း မရှိပါက ပိုမိုပျက်စီး လာနိုင်ပါသည်။ သို့ဖြစ်ပါ၍ အက်ကွဲပျက်စီးနေသော ကွန်ကရစ်လမ်းကို အမြန်ဆုံးပြန်လည် ပြုပြင်ပေးပါရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ထံသို့ မြဝတီ သတင်းစာ၏ ပွင့်လင်းမြင်သာ ပြုပြင်စရာ ကဏ္ဍမှတစ်ဆင့် အသိပေး တင်ပြအပ်ပါသည်။       

အမြင်မတော်သူတစ်ဦး

Read 1319 times
Rate this item
(0 votes)
Last modified on Tuesday, 22 August 2017 08:25