SJ WorldNews - шаблон joomla Авто

ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ပေးရန် ဒေသခံများလိုလား

Sunday, 27 August 2017 10:57 Written by  font size decrease font size decrease font size increase font size increase font size

ရေတာရှည် သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းအနောက်ဘက်ရှိ ညောင်ပင်ကိုင်းကျေးရွာသည် နှစ်စဉ် မိုးရာသီကာလရောက်ရှိပါကရေဝင်နစ်မြုပ်လေ့ရှိရာ ကျေးရွာအတွင်းရေစီးရေလာ ကောင်းမွန်စေရန်အတွက်ဆောင်ရွက်ပေးရန် ဒေသခံပြည်သူများလိုလားလျက်ရှိကြောင်း သိရသည်။

''မိုးအဆက်မပြတ် ရွာလာပြီဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်က လယ်တွေအားလုံးရေမြုပ်တယ်။ ရွာထဲကိုလည်း ၂ ပေ၊ ၃ပေအထက်ရေဝင်တယ်။ ဒီနှစ်ဆို မျိုးစပါးအိတ်တွေအများကြီးဆုံးရှုံးတယ်။ ရေအဝင်များပြီး ရေအနုတ်နည်းတဲ့အတွက် အောက်ပိုင်းက တူးမြောင်းတွေကို ဖော်ပေးနိုင်ရင်ကောင်းပါတယ်။ ဒါမှမဟုတ် ရွာရဲ့အရှေ့ဘက်ခြမ်းတစ်လျှောက် မြေထိန်းနံရံတည်ဆောက်ပေးနိုင်ရင်တော့ ရေဝင်နစ်မြုပ်မှုသက်သာရာရမှာပါ''ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါရေကြီးရေလျှံမှုကို ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆည်မြောင်းဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်ရှိပြီး နွေရာသီတွင် အကောင်အထည် ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ဒီနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေနဲ့ ညောင်ပင်သာရွာဘက်ကနေ ကျီးအောင်းရိုးအထိ မြောင်းတွေဖော်ဖို့ရှိပါတယ်။ ဆည်မြောင်းဦးစီးဌာနကိုလည်း ပြောထားပါတယ်။ မိုးကာလဆိုတော့ ဘက်ဟိုးယာဉ်တွေသယ်ဖို့က အခက်အခဲရှိလို့ပါ''ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read 882 times
Rate this item
(0 votes)
Last modified on Sunday, 27 August 2017 11:01