SJ WorldNews - шаблон joomla Авто

ကျိုးပေါက်နေသော တာတမံအား ပြုပြင်ပေးစေလို

Wednesday, 19 February 2020 09:05 Written by  font size decrease font size decrease font size increase font size increase font size

မြိတ် ဖေဖော်ဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် မိုးရာသီက ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သောကြောင့် ကလွင်ကျေးရွာအုပ်စုနှင့် စန္ဒ၀တ်ကျေးရွာ အုပ်စုအတွင်းရှိ ရေတားတာတမံ ကျိုးပေါက်ခဲ့ရာ ယင်းတာတမံကို အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်ကြောင်း   ဒေသခံ တောင်သူများထံမှ သိရသည်။

အဆိုပါ တာတမံ ကျိုးပေါက်ခဲ့သည့်အတွက် ပင်လယ်ဆားငန်ရေများ ၀င်ရောက်လာသောကြောင့် မိုးစပါးစိုက်ဧက ၁၀၀ ခန့် ထိခိုက်ပျက်စီး ဆုံးရှုံးမှု ရှိကြောင်း ကလွင်မော်ကျေးရွာရှိ တောင်သူများထံမှ သိရသည်။

““ဒီတာတမံကပြီးခဲ့တဲ့ မိုးရာသီမှာ ကျိုးပေါက်သွားတာဖြစ်တယ်။ ဒီနှစ် မိုးစပါးစိုက်ပျိုးချိန်ကလည်း နီးကပ်နေတယ်။ ဒီအတိုင်းသာ ဆက်ထားမယ်ဆိုရင် ပင်လယ်ထဲက ဆားငန်ရေတွေ ထပ်မံဝင်ရောက်လာနိုင်တာကြောင့် တောင်သူတွေအနေနဲ့ စပါးစိုက်ဧက ၂၀၀ ခန့်စိုက်ပျိုးဖို့အခက်အခဲတွေ အများကြီး ရှိလာနိုင်တယ်””ဟု ကလွင်မော်ကျေးရွာရှိ ဒေသခံ တောင်သူဦးမျိုးက ပြောသည်။

ကလွင်ကျေးရွာအုပ်စု ကလွင်မော်ကျေးရွာရှိ တောင်သူဦးရေ ၂၀ ကျော်မှာ လယ်ယာမြေဧက၂၀၀ ကျော်ကို နှစ်စဉ်မိုးစပါး စိုက်ပျိုးကြောင်း၊ ပြီးခဲ့သည့် မိုးရာသီက တာတမံ ကျိုးပေါက်ပျက်စီးခဲ့သောကြောင့် လာမည့်မိုးရာသီအမီ မိုးစပါး စိုက်ပျိုးနိုင်ရန်အတွက်   အဆိုပါတာတမံကို အမြန်ဆုံးပြုပြင်ပေးရန်   ဒေသခံတောင်သူများ လိုလားလျက် ရှိကြောင်း သိရသည်။

Read 106 times
Rate this item
(0 votes)
Last modified on Wednesday, 19 February 2020 09:06