SJ WorldNews - шаблон joomla Авто
ကေတု

ကေတု

ရန်ကုန်  သြဂုတ်  ၃ဝ

ဂျပန်နိုင်ငံမှ  ODA ချေးငွေဖြင့် တည်ဆောက်နေသော ဆိပ်ကမ်းတံတားနှစ်စင်း အပါအဝင် ကုန်သေတ္တာတင်  ဆိပ်ကမ်းတံတား လေးစင်းကို    လာမည့်နှစ်တွင်   အသစ်ဖွင့်လှစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း  မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့  ဌာနမှူး ဦးဇော်ထွန်းလွင်ထံမှ  သိရသည်။

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာ- တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အနေဖြင့်  ယခုပညာသင်နှစ်တွင် တရုတ်နိုင်ငံမှ ပညာတော်သင်ဆုများ ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအား တရုတ်နိုင်ငံသို့ မသွားရောက်မီ ဂုဏ်ပြုနှုတ်ဆက်ပွဲကို  ယနေ့ နံနက် ၁ဝ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံဆိုင်ရာ   တရုတ်သံရုံးရှိ  ယဉ်ကျေးမှုဌာန၌ ကျင်းပကြောင်း သိရသည်။

ရန်ကုန်   သြဂုတ်  ၃ဝ

ရန်ကုန်မြို့ပတ်ရထားလမ်း   ပလက်ဖောင်းမြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်မှုမှာ ဘူတာရုံခြောက်ခုအထိ  ပြီးစီးနေပြီဖြစ်ကြောင်း မြန်မာ့မီးရထား စီမံကိန်းအင်ဂျင် နီယာ ဦးမင်းအောင် ထံမှသိရသည်။

ရန်ကုန်   သြဂုတ်  ၃ဝ

မြန်မာနိုင်ငံ   ဝါးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍    မြန်မာနိုင်ငံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ အသင်း၏ စီစဉ်မှုဖြင့် ကမ္ဘာ့ဝါး အထိမ်းအမှတ်နေ့ပွဲကို စက်တင်ဘာ  ၁၈ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး   သန်လျင်မြို့ရှိ Excel  River View ဟိုတယ်၌ ကျင်းပမည်ဖြစ်ကြောင်း  အဆိုပါအသင်း ဥက္ကဋ္ဌ  ဦးကျော်သူထံမှ သိရသည်။

ရန်ကုန် သြဂုတ် ၃ဝ

မြန်မာ့ရိုးရာ  အစားအသောက်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ ဦးစီးပြီး စားသောက် ဆိုင်များ စုပေါင်း၍  မြန်မာ့ရိုးရာ  အစားအသောက်မျိုးစုံ ရောင်းချမည့်ပွဲကို နိုဝင်ဘာ လအတွင်း   ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ သုံးရက်ကြာ ကျင်းပမည်ဖြစ် ကြောင်း အသင်းဥက္ကဋ္ဌ ဦးဆန်နီအောင်ခင် ထံမှ သိရသည်။

ရန်ကုန်   သြဂုတ်   ၃ဝ

Young Developer Holding Limited နှင့်  iMyanmarHouse.com တို့ပူးပေါင်း၍ ကွန်ဒိုအရောင်းပြပွဲ တစ်ခုကို စက်တင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံမိုးတွင်းကာလ၌ မြစ်ချောင်းအင်းအိုင်များ အတွင်း ငါးမျိုးစိုက်ထည့်သည့် လုပ်ငန်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ

Page 1785 of 1843