SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လားရှိုး-မူဆယ် ကားလမ်းမကြီးဘေး၌ ဒေသန္တရ ရှေ့ထွက် မိုင်းတစ်လုံး တွေ့ရှိ

Monday, 14 August 2017 11:31 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မော်တောင်းကျေးရွာ အနီးတွင် ယနေ့ နံနက် ၁ဝ နာရီခန့်၌ မသင်္ကာဖွယ် အရာဝတ္ထု တစ်ခုတွေ့ရှိကြောင်း မူဆယ်သစ်တော ဦးစီးဌာနမှ တောခေါင်း ဦးမျိုးမှ နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော တပ်မတော် စစ်ကြောင်းအား လာရောက် သတင်းပေးသဖြင့် သွားရောက် ရှင်း လင်းရာ လားရှိုး-မူဆယ်ကားလမ်းမကြီး မိုင်တိုင်အမှတ်၊ ၂၇၃/၁ ၏ ညာဘက်ခြမ်း ၁၅ ပေခန့်အကွာ ချုံအတွင်း၌ အလျား ၆ လက်မ၊ အနံ ၃ ဒသမ ၅ လက်မ၊ အမြင့် ၅ ဒသမ ၅ လက်မခန့်ရှိ အစိမ်းရောင် ဟန်းကောဖြင့် ပြုလုပ်ထားသော ဒေသန္တရ ရှေ့ထွက်မိုင်း တစ်လုံးအား တွေ့ရှိခဲ့သည်။

အဆိုပါ ဒေသန္တရ ရှေ့ထွက်မိုင်းအား တပ်မတော် စစ်ကြောင်းမှ မိုင်းရှင်းလင်းရေး အဖွဲ့များဖြင့် နံနက် ၁၁ နာရီခန့်တွင် သက်မဲ့ ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါနေရာ တစ်ဝိုက်အား နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိ သည်။

Read 1210 times Last modified on Thursday, 17 August 2017 09:04