SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ညောင်ရွှေမြို့၌ လူထုစုပေါင်းစက်ဘီးစီးနင်း

Tuesday, 28 May 2019 10:10 font size decrease font size decrease font size increase font size increase font size

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂ဝ၁၉ ခုနှစ် ဇွန် ၅ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုစုပေါင်းစက်ဘီးစီးနင်းခြင်း အခမ်းအနားအား မေ ၂၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့ ကျောက်တိုင်ကွင်း၌ ကျင်းပသည်။

လူထုစုပေါင်း စက်ဘီးစီးနင်းပွဲတွင်ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ ထွန်းလှိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပြီး အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ တာဝန်ရှိသူတို့က လူထုစုပေါင်း စက်ဘီးစီးနင်းပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ စက်ဘီးအားကစား သမားများက နေရာယူကြပြီး အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်က သေနတ်ပစ်ဖောက်တာ လွှတ်ပေးရာ စက်ဘီးစီးအားကစားသမား ၄၅ဝ ဦးခန့်က ကျောက်တိုင်ကွင်းမှ ညောင်ရွှေ-ရွှေညောင် လမ်းမကြီးအတိုင်း လယ်တောအိမ်-ရေဦးရွာ-ရွှေရန်ပြေမှ တစ်ပတ်ပတ်၍ ကျောက်တိုင်ကွင်းသို့ ပြန်လည်ပန်းဝင်ကြသည်။

လူထုစုပေါင်း စက်ဘီးစီးနင်းပွဲသို့ အင်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင်၊ ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မြင့်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်စိန်မမနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စက်ဘီးကလပ် အဖွဲ့များနှင့် စက်ဘီးဝါသနာရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 174 times Last modified on Tuesday, 28 May 2019 10:11