SJ WorldNews - шаблон joomla Авто

ကလေးစာပေပြိုင်ပွဲ (၂ဝ၁၇) ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

Tuesday, 15 August 2017 10:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   သြဂုတ်   ၁၄

မြန်မာနိုင်ငံ စာရေးဆရာအသင်း(MWA) နှင့် ဂျပန်နိုင်ငံ ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့ (SVA)တို့ပူးပေါင်းပြီး ကလေးစာပေပြိုင်ပွဲ (၂ဝ၁၇)ဆုချီးမြှင့်ပွဲ အခမ်းအနားကို   သြဂုတ် ၁၂ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ်ရှိ မြန်မာနိုင်ငံ စာရေးဆရာအသင်းရုံး၌ ကျင်းပခဲ့သည်။

''ကျွန်တော်တို့   အခုကျင်းပတဲ့ပွဲက နောက်ဆုံး ဆုပေးပွဲဖြစ်ပါတယ်။  ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူတွေကို သင်တန်းသဘောဆန်တဲ့   အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပပေးခဲ့ ပါတယ်။ ဂျပန်နိုင်ငံက ဝါရင့် ပန်းချီပညာရှင်တွေနဲ့ လက်မှုပညာရှင်တွေကို ဖိတ်ကြားပြီး    ကလေးစာပေ တိုးတက်ဖို့ ဆောင်ရွက်ပေးခဲ့တာပါ'' ဟု  မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးကျော်ဝင်း (မနုဿကျော်ဝင်း)ကပြောသည်။

ယင်းဆုပေးပွဲတွင်  မြန်မာနိုင်ငံစာရေးဆရာ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် ရှန်တီစေတနာ့ ဝန်ထမ်းအဖွဲ့  မြန်မာနိုင်ငံဆိုင်ရာ Country Director Ms.Aki Nakahara တို့က အဖွင့်အမှာစကား ပြောကြားပြီး မြတ်နိုးချစ်ခင် ပတ်ဝန်းကျင်ခေါင်းစဉ်ဖြင့် ရေးသားပေးကြသော အသက်သုံးနှစ်မှ ငါးနှစ်အဆင့် ကလေးစာပေပြိုင်ပွဲတွင် ပထမဆုရရှိသော ဒေါ်ခင်ဥမ္မာကြူ၊ အသက်ခြောက်နှစ်မှ ရှစ်နှစ်အဆင့် ကလေးစာပေပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်) နှင့် အသက်ကိုးနှစ်မှ ၁၁ နှစ်အဆင့် ကလေးစာပေပြိုင်ပွဲတွင် ပထမဆုရရှိသော ဦးမောင်မောင်ဦး(MGU)တို့အား တာဝန်ရှိသူများက ဆုများ ပေးအပ်ကြကြောင်း သိရသည်။

Read 445 times Last modified on Tuesday, 15 August 2017 10:38