SJ WorldNews - шаблон joomla Авто

အာဟာရဖွံ့ဖြိုးရေး ရက် သတ္တပတ် လှုပ်ရှားမှုဟောပြော

Tuesday, 15 August 2017 10:37 font size decrease font size decrease font size increase font size increase font size

လိပ်သို  သြဂုတ်  ၁၄

ကရင်ပြည်နယ် ဘားအံခရိုင်  လိပ်သိုမြို့တွင်   အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ် လှုပ်ရှားမှု ဟောပြော ပွဲကို

ယမန်နေ့ နံနက် ၉ နာရီက  အမှတ် (၄) ရပ်ကွက် ကျေးလက် ကျန်းမာ ရေးဆေး ပေးခန်း၌ ကျင်းပသည်။ရှေးဦးစွာ လိပ်သိုမြို့တိုက်နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်း မာရေး ဝန်ထမ်းများက အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု အနေဖြင့်  အသက်ခြောက်လနှင့် ငါးနှစ်အောက် ကလေးငယ်များ၊ မိခင်များ၊ ကိုယ်ဝန်ဆောင် မိခင်လောင်း များ အား  အာဟာရတိုက် ကျွေး နည်း၊   ဖြည့်စွက်အစာအာဟာရအစားအစာများ၊ ကာကွယ်ဆေးစနစ် တကျအချိန် မှန်ထိုး နှံခြင်းနှင့်  ကိုယ်ဝန်ဆောင်မိခင်များ ဆောင်ရန်၊  ရှောင်ရန်နည်းလမ်းများအကြောင်းကို   ရှင်းလင်း ဟောပြောသည်။

ဆက်လက်၍ တက်ရောက်လာကြသောကိုယ်ဝန်ဆောင်မိခင်များအား မိခင်လောင်းများသိရှိ ထားသင့်သည့် ကျန်းမာရေးအသိပညာပေးမေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြား ခြင်း များဆောင် ရွက် ပေးပြီး ကိုယ်ဝန်ဆောင်အားဆေးများကိုလည်းကောင်း၊ အသက်ခြောက်လနှင့်  ငါးနှစ် အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သန်ချဆေး များကို လည်းကောင်း တိုက်ကျွေး ကြောင်း သိရသည်။

Read 507 times Last modified on Tuesday, 15 August 2017 10:39