SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြော

Tuesday, 15 August 2017 11:19 font size decrease font size decrease font size increase font size increase font size

လွယ်ဂျယ်  သြဂုတ်   ၁၄

ကချင်ပြည်နယ် လွယ်ဂျယ်မြို့ ဆိုင်းဂျာရပ်ကွက်ရှိ အမှတ်(၄) လီဆူကယ်ဆယ်ရေး စခန်း၌ ယမန်နေ့ ညနေ ၄ နာရီ က လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်စိတ်(၂) လွယ်ဂျယ်မှ ရဲအုပ်နိုင်လင်းက လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများနှင့် ပြည်ပအလုပ် အကိုင်ဆိုင်ရာ အကြောင်းများကို ရှင်းလင်းပြောကြားပြီး လွယ်ဂျယ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းနိုင်က စာဖတ်ခြင်း၏အကျိုး ကျေး ဇူးများအကြောင်းကို အသိပညာပေး ဟောပြောကာ ကချင်/မြန်မာဘာသာများဖြင့် ရိုက်နှိပ်ထားသည့် လူကုန်ကူးမှု အသိပညာပေး လက်ကမ်းစာစောင် ၃ဝဝ ကို ဖြန့်ဝေပေးသည်။

ဟောပြောပွဲသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းထွန်းနိုင်၊ အမှတ်(၁၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု တပ်စိတ်(၂)လွယ်ဂျယ်မှ ရဲအုပ်နိုင်လင်းနှင့် တပ်ဖွဲ့ဝင်များ၊ အမှတ်(၄) လီဆူကယ် ဆယ်ရေးစခန်း တာဝန်ခံ ဒေါ်ေ အးအေးနှင့် ကယ်ဆယ်ရေးစခန်းရှိ မိသားစုဝင်များ စုစုပေါင်းအင်အား ၁၅ဝ ဦးခန့် တက်ရောက်ကြောင်း သိရသည်။

Read 386 times Last modified on Tuesday, 15 August 2017 11:19