SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ အာခါ တိုင်းရင်းသား ၂၅၇ ဦးအား ဂုဏ်ပြု

Tuesday, 15 August 2017 11:21 font size decrease font size decrease font size increase font size increase font size

တာချီလိတ်  သြဂုတ်  ၁၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ သွယ်ဟော့ပေါ့စား သောက်ဆိုင်ခန်းမ၌ ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ် ၁၂ မြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူ အာခါတိုင်းရင်းသား ၂၅၇ ဦးအား ဂုဏ်ပြုပွဲ ကျင်းပသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ် အာခါတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးအာဗေလှက အဖွင့်အမှာစကား ပြော ကြားပြီး နယ်မြေခံတပ်မှ ဗိုလ်မှူးကြီးအေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် တာဝန်ရှိသူများက ဂုဏ်ပြု စကားပြောကြားပြီး၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်း သား၊ ကျောင်းသူ၂၅၇ ဦးအား ဆုများပေးအပ်ကြသည်။၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့သူ အာခါတိုင်းရင်းသား ၅ ဘာသာဂုဏ် ထူးရှင် တစ်ဦး၊ ၄ ဘာသာ ဂုဏ်ထူးရှင်နှစ်ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင်ငါးဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၅၆ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၁၉၃ ဦးတို့အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ကျိုင်းတုံမြို့၌ ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Read 449 times Last modified on Tuesday, 15 August 2017 11:22