SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

နောင်ဘို ပညာအလင်း စာကြည့်တိုက်သို့ စာအုပ် လှူဒါန်း

Tuesday, 15 August 2017 11:27 font size decrease font size decrease font size increase font size increase font size

သထုံ  သြဂုတ်  ၁၄

မွန်ပြည်နယ် သထုံမြို့ ပညာဒါန ငယ်ရိပ်ဟောင်း ပညာရေး ဖောင်ဒေးရှင်းမှ ယနေ့ နံနက် ၁ဝ နာရီတွင် သထုံမြို့နယ်  နောင်ဘိုကျေးရွာ ရေပြွန်/မဝိုင်းစုပိုင်းရှိ ပညာအလင်း စာကြည့်တိုက်သို့ စာအုပ်စာပေများ လှူဒါန်းကြောင်း သိရသည်။

အဆိုပါ စာအုပ်စာပေ အလှူရှင်များဖြစ်သော ဆရာမ ဒေါ်အိပန်ပန်နှင့် ဒေါ်မေခိုင်ဦးတို့သည် သုတစာအုပ်များနှင့် ဝတ္ထု၊ ရုပ်ပြစာအုပ်များကို လှူဒါန်းကြရာ စာကြည့်တိုက် ကော်မတီဝင် ဦးမြင့်သိန်းက လက်ခံရယူသည်။ ''လူငယ်တွေကို စာဖတ်စေချင်တယ်။ ဒါေ ကြာင့် အခုလိုလာလှူတာပါ''ဟု ပညာရေး ဖောင်ဒေးရှင်းမှ ဆရာမ ဒေါ်မေခိုင်ဦးက ပြော သည်။''ကိုယ်လှူတဲ့စာအုပ်ကို အခုလို ကိုယ်ရှေ့မှာတင် ငှားဖတ်ကြတာတွေ့ရလို့ ပျော်ပါတယ်။ အရင်ကလည်း လှူဖူးတယ်။ နောက်လည်းလှူဦးမှာပါ။ မွေးနေ့တို့၊ ဘာတို့ လိုတွေမှာပေါ့''ဟု ဆရာမ ဒေါ်အိပန်ပန်ကပြောသည်။

Read 432 times Last modified on Tuesday, 15 August 2017 11:27