SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မယူတောင် အထက်နန်းရာ ချောင်းမှ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်ရန် ကြည့်ရှုစစ်ဆေး

Tuesday, 15 August 2017 11:30 font size decrease font size decrease font size increase font size increase font size

ရသေ့တောင်  သြဂုတ်  ၁၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မယူတောင်တွင် တည်ရှိသည့် အထက်နန်းရာချောင်းမှ ရေအားလျှပ်စစ် ထုတ်ယူ၍ ရနိုင်ခြေရှိ၊ မရှိကို လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက သြဂုတ် ၁၂ ရက်က သွားရောက် ကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရယူနိုင်သည့် အခြေအနေရှိသည့်အတွက် သြဂုတ် ၁၅ ရက်တွင် အင်ဂျင်နီယာ အဖွဲ့မှ ထပ်မံတိုင်းတာစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခြင်းနှင့် ပတ်သက်၍ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ''အခုအစီအစဉ်က မြန် မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိရေး အစီအစဉ်အရ လာရောက်တာပါ။ ရသေ့တောင်မြို့ပေါ်မှာ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် လျှပ်စစ်မီး ရမယ်ဆိုတော့ ဒီဒေသကိုလည်း လျှပ်စစ်မီးရစေချင်တဲ့အတွက် နိုင်ငံတော်မဟာဓာတ်အား လိုင်းမှမဟုတ်ဘဲ အခြားဒေသအတွင်းကနေ ရေအားလျှပ်စစ်နဲ့ရော ထုတ်လုပ်ရယူနိုင်မလားဆိုပြီး လာရောက်လေ့လာ စစ်ဆေးတာ ဖြစ်ပါတယ်''ဟု ပြောသည်။

အထက်နန်းရာချောင်းမှ ရေအားလျှပ်စစ် ဓာတ်အား ထုတ်ယူနိုင်ပါက မယူတောင်ရှိ ကျေးရွာအများအပြားကို ဈေးနှုန်း ချိုသာစွာ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနိုင်မည်ဖြစ်သည်။''အဓိကကတော့ အခုလို လျှပ်စစ်မီးရလာရင် ဒီဒေသတိုး တက်လာမယ်။ စက်မှုလက်မှု လုပ်ငန်းတွေ လုပ်ကိုင်လာနိုင်မယ်။ ပြီးရင် လျှပ်စစ်မီးကို အသုံးပြုခွင့်ရလာတဲ့အတွက် ထင်းအစား လျှပ်စစ်ကို အသုံးပြုလာနိုင်တဲ့အတွက် သစ်တောပြုန်းတီးမှုတွေ သက်သာသွားနိုင်ပါတယ်''ဟုသွား ရောက်စစ်ဆေးရာတွင် ပါဝင်ခဲ့သူ ဦးဦးကျော်ဝင်းက ပြောသည်။ 

အထက်နန်းရာချောင်းသည် စေတီပြင်နယ်မြေ ချွတ်ပြင်နှင့် အထက်နန်းရာအကြား မယူတောင်တွင် တည်ရှိပြီး   နွေရာသီတွင်လည်း ရေမခန်းခြောက်သည့် ချောင်းဖြစ်ကြောင်း သိရသည်။

Read 383 times Last modified on Tuesday, 15 August 2017 11:31