SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း ဖွင့်လှစ်

Tuesday, 15 August 2017 11:33 font size decrease font size decrease font size increase font size increase font size

ဒီးမော့ဆို  သြဂုတ်  ၁၄

အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီ တွင် ကယားပြည်နယ်  ဒီး မော့ဆိုမြို့နယ် မီးသတ်တပ်ဖွဲ့စခန်း၌ ကျင်းပသည်။

ဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ဝင်းက အရန်မီးသတ် တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းမှပို့ချပေးမည့် လက်နက်မဲ့ စစ်ရေးပြ ဘာသာရပ်၊ မီးသတ်ပညာ ဘာသာရပ်၊ ရှာဖွေကယ်ဆယ်ရေး ပညာဘာသာရပ်များကို သေချာ သင်ယူမှတ်သားပြီး မိမိရပ် ကွက်/ကျေးရွာ၊ မိမိမြို့နယ်မှတစ်ဆင့် မိမိပြည်နယ်၊ မိမိနိုင်ငံတော် အဆင့်အထိ တစ် ထောင့်တစ်နေရာမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ တာဝန်ယူ ဆောင်ရွက်နိုင်ကြရန် ပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များအတွက် တူညီဝတ်စုံများ ပေးအပ် သည်။ဖွင့်ပွဲသို့  မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား ၅ဝ ဦး တက်ရောက်ပြီး သင်တန်းကို သြဂုတ် ၁၄ ရက်မှ စက်တင်ဘာ ၈ ရက် အထိ ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။

Read 367 times Last modified on Tuesday, 15 August 2017 11:34