SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံသတင်း စာ ဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပ

Tuesday, 15 August 2017 11:37 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် 

မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ရန်ကုန် တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်ရှိ 

Orchid  Hotel ၌  ကျင်းပရာ မြန်မာနိုင် ငံသ တင်း စာ ဆရာအသင်း ဗဟိုစည်းမျဉ်းနှင့်  ကျင့်ဝတ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းက သဘာပတိ အဖြစ်ဆောင် ရွက် သည်။

ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း  နာယက   ဦးခင်မောင်လေး (ဖိုးသောကြာ) က ဗီဒီယို ရုပ်သံမှ  ထပ်ဆင့်နှုတ်ခွန်းဆက် စကားပြောကြားသည်။ ယင်းနောက် အသင်းနာယက ဦးကို ကိုနှင့် အသင်းဥက္ကဋ္ဌ ဦးသီဟစောတို့က အဖွင့်အမှာစကားပြောကြားပြီး အသင်းဒု တိယ ဥက္ကဋ္ဌ ဦးမြတ်ခိုင်က အစည်းအဝေး ကျင်းပရသည့်ရ ည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် အသင်းအထွေထွေအတွင်းရေးမှူး ဦးကျော်စွာမင်းက မြန်မာနိုင်ငံသတင်းစာ ဆရာ အသင်း   နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။ ဆက်လက်၍ ဗဟိုအလုပ် အမှု ဆောင်များက နိုင်ငံတကာ ဆက်ဆံရေးအခြေအနေ၊ အသင်း၏ ကိစ္စရပ်များ၊ ဘဏ္ဍာရေး၊ စည်းရုံး ရေးအခြေအနေနှင့် ရှေ့လုပ် ငန်း စဉ်များကို ရှင်းလင်းတင်ပြကြသည်။ ထို့နောက် စစ်ကိုင်း၊ ပဲခူး၊ မကွေး၊မန္တလေး၊ ရန်ကုန်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကချင်၊ ကရင်၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် တို့ရှိ သတင်းစာ ဆရာများ၏ စည်းရုံးရေး၊ဘဏ္ဍာရေးအခြေအနေ၊  ရှေ့လုပ်ငန်းစဉ်များ၊ အခက် အခဲများနှင့် အကြံပြုချက်များကို ဖတ်ကြားတင်ပြခဲ့ကြောင်း သိရ သည်။

အောင်သူရ

Read 377 times Last modified on Tuesday, 15 August 2017 11:40