SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အိန္ဒိယ ယဉ်ကျေးမှု အကအဖွဲ့ မန္တလေး အမျိုးသား ကဇာတ်ရုံ၌ ဖျော်ဖြေ

Tuesday, 15 August 2017 11:45 font size decrease font size decrease font size increase font size increase font size

မန္တလေး  သြဂုတ်  ၁၄

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံ ယဉ်ကျေးမှု ဝန်ကြီးဌာနတို့ ပူးပေါင်း၍ အိန္ဒိယသမ္မတ နိုင်ငံ နှစ်(၇ဝ)ပြည့် လွတ်လပ်ရေးနေ့ အကြိုဟိုက်ဒရာဘတ် ပြည်နယ် Kuchipudi ယဉ်ကျေးမှုအဖွဲ့၏ ဖျော်ဖြေ တင်ဆက်ပွဲ ကို ယမန်နေ့ ညနေ ၆ နာရီ က မန္တလေးမြို့ ၆၆ လမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် မန္တလေးမြို့ရုံးစိုက် အိန္ဒိယသမ္မတနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora၊ Kuchipudi ယဉ်ကျေးမှုအဖွဲ့မှ Mr.P.Girish Chandra နှင့်တာဝန်ရှိသူများက ဆီမီးထွန်း၍ ကပွဲကို ဖွင့်လှစ်ပေးပြီး ကောင်စစ် ဝန်ချုပ်က ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။ ထို့နောက် Kuchipudi ယဉ်ကျေးမှုအကအဖွဲ့က အိန္ဒိယရိုးရာ ယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေ တင်ဆက်သည်။ ထို့နောက် ဖျော်ဖြေတင်ဆက်ပွဲ အပြီးတွင် Kuchipudi ယဉ်ကျေးမှုအကအဖွဲ့အား အိန္ဒိယသမ္မတ နိုင်ငံ ကောင်စစ် ဝန်ချုပ် Mr.Nandan Singh Bhaisora နှင့်တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

Read 366 times Last modified on Tuesday, 15 August 2017 11:50