SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

လုပ်သား ရှားပါးလာ၍ မိုးစပါး စိုက်ပျိုးရန် ပျိုးနုတ်သူများကို ဈေးကြီး ပေးခေါ် နေရ

Tuesday, 15 August 2017 11:53 font size decrease font size decrease font size increase font size increase font size

အမရပူရ  သြဂုတ်  ၁၄

မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်၌ အလုပ်သမား ရှားပါးလာခြင်းကြောင့် မိုးစပါး စိုက်ပျိုးနိုင်ရန် ပျိုးနုတ်ရာ တွင် အလုပ်သမားခကို ဈေးကြီးပေး ငှားရမ်းနေရကြောင်း သိရသည်။

လယ်လုပ်သားရှားပါးလာခြင်း၊ ကောက်စိုက်သူ ရှားပါးလာခြင်းတို့ကြောင့် တောင်သူများမှာ ကောက်စိုက်ခ၊ ပျိုးနုတ်ခ တို့ကိုကြိုတင်ပေးရကာ ရက်ချိန်းယူနေကြရပြီး ပျိုးနုတ်ရာတွင် ပျိုးချေးမပါရေး၊ ပျိုးပင်မပြတ်ရေးအတွက် ကျွမ်းကျင်သူများကိုသာ ရွေးချယ်ခေါ်ကြရ သည့်အတွက် ပျိုးနုတ်သူတို့မှာ ဝင်ငွေကောင်းနေကြောင်း၊ ပျိုး ၁ဝဝ လျှင် ငွေကျပ် ၁၅ ဝဝ ပေး၍ ငှားရမ်းကြရပြီး ပျိုးနုတ်သူ တစ်ဦးလျှင် တစ်နေ့ပျိုး ၈ဝဝ  အထိ နုတ်နိုင်ကြောင်း၊ ယခင်နှစ်များကပျိုး  ၁ဝဝ နုတ်လျှင်နုတ်ခ ငွေကျပ်  ၉ဝဝ သာပေးကြရပြီး အမရပူရမြို့ နယ် ရွာသစ်ကျေးရွာ တောင်သူ ဦးအောင်ကြည်ထံမှ သိရသည်။

ထယ်ရေးပြင်မှုတွင် လယ်ထွန်စက်ကြီးများကို ငှားရမ်းအသုံးပြုကြရပြီး နွားတစ်ရှဉ်းလျှင် ငွေကျပ် ၈ဝဝဝ၊ လက်တွန်း လယ်ထွန်စက်ခ တစ်ဧကလျှင် ငွေကျပ် ၁၇ဝဝဝ၊ လယ်ထွန်စက်ကြီးများမှာ တစ်ဧကလျှင် ငွေကျပ် ၂၅ဝဝဝ ဖြင့် အငှားထွန်ယက်ကာ မိုးစပါးစိုက် ပျိုးကြရကြောင်း၊ ထွန်စက်ကြီးဖြင့် အငှားလိုက်သူ ပေါများလာသည့်အတွက် အချို့ထွန်စက်များမှာ တစ်ဧကငွေကျပ်၂ဝဝဝဝ ဖြင့် အငှားလိုက်ကြောင်း သိရသည်။ အမရပူရမြို့နယ် ဓနုံးကွင်းမှ လယ်စိုက်သူများသည် ဧရာမင်းစပါးမျိုးကို အားထားစိုက်ပျိုးပြီး ပျိုးထောင် စိုက်ပျိုးသည့် စနစ်ကို အဓိက လုပ်ဆောင်ကြကြောင်း သိရသည်။

Read 339 times Last modified on Tuesday, 15 August 2017 11:54