SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

ကြက်ခြေနီအသင်း လုပ်ငန်းညှိနှိုင်း စည်းဝေး ကျင်းပ

Tuesday, 15 August 2017 11:55 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၄

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပ ရပ်ကွက်ရှိ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ ရုံးခန်း၌ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီနှင့် ပုဗ္ဗသီရိမြို့နယ် ကြက်ခြေနီ အသင်းခွဲတို့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ဥတ္တရခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်က မိတ်ဆက်စကား ပြောကြားသည်။ ဆက်လက်၍ ပုဗ္ဗသီရိမြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးတင်အောင်က ကြက်ခြေနီ တပ်ဖွဲ့၏ အခြေခံ မူ(၇)ချက် နှင့်အညီ ဆောင်ရွက်ပေးနိုင် ရန်နှင့် မြို့နယ်ကြက်ခြေနီရုံး တည်ဆောက်ရန် လိုအပ်လျက်ရှိသော ရန်ပုံငွေရရှိရေး အ ကြံဥာဏ်တောင်းခံပြီး ပံ့ပိုးကူညီပေးရန် ကိစ္စတို့ကိုလည်းကောင်း၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူး ဦးနိုင်ဝင်းစိုးက တပ်ဖွဲ့၏ စည်းမျဉ်းဥပဒေနှင့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် လှုပ်ရှားမှု ပြိုင်ပွဲရွေးချယ် လေ့ကျင့်ရေး ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးကြသည်။

အခမ်းအနားသို့ ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသက်လွင်၊ ခရိုင်ရဲတပ် ဖွဲ့မှူးရုံးမှ ယာယီဒုတိယရဲမှူးကြီး ဦးခင်မောင်သန်း၊ ခရိုင်ပညာရေးမှူး ဦးကြည်ရွှင်၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်   သုတေသနဌာန (DAR) မှ ဒေါက်တာ ဒေါ်ခင်မာဌေး၊ပုဗ္ဗသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ဦးစီး မှူး ဒေါ်နုနန္ဒာအောင်၊ မြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယ ဦးစီးမှူးဒေါ်သီရိဝေ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ခုတင် ၅ဝ ဆံ့ဆေးရုံမှ မြို့နယ်သူနာပြု အဆင့်(၁)ဒေါ်မိုး မိုးခိုင်နှင့် ပုဗ္ဗသီရိမြို့နယ် သဗ္ဗသုခ အလုံးစုံ အခမဲ့နာရေးကူ ညီမှုအသင်း ဥက္ကဋ္ဌ ဦးကိုထိုက်တို့  တက်ရောက်ကြောင်း သိရသည်။

 

 

Read 418 times Last modified on Tuesday, 15 August 2017 11:59