SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

မန္တလေးဖက်ရှင် ရက်သတ္တပတ်နှင့် မင်္ဂလာ ဝတ်စုံပြပွဲ ကျင်းပမည်

Tuesday, 15 August 2017 14:22 font size decrease font size decrease font size increase font size increase font size

မန္တလေး သြဂုတ် ၁၄

ပြည်တွင်း ထိပ်တန်း ဒီဇိုင်နာများ ဖန်တီးထားသော မင်္ဂလာဝတ်စုံ ဒီဇိုင်းဆန်းများကို ပြသမည့်   မန္တလေးဖက်ရှင် ရက်သတ္တပတ်နှင့် မင်္ဂလာဝတ်စုံ ပြပွဲကို သြဂုတ် ၂၆ ရက်  နံနက် ၁ဝ နာရီမှ ည ၈ နာရီအထိ မန္တလေးမြို့ Hotel Marvel ၌ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူ  မတင်မိုးလွင် ထံမှ သိရသည်။

အဆိုပါပွဲတွင် ဝါကျွတ်ကာလအတွက် ရည်ရွယ် ဖန်တီးထားသော ဒီဇိုင်နာများ၏ မင်္ဂလာ ဝတ်စုံများကို alents & Models Agency မှ မော်ဒယ်လ်များက ဝတ်ဆင်ပြသမည်ဖြစ်ပြီး စိတ်ဝင်စားသူများ အခမဲ့ ဝင်ရောက် ကြည့်ရှုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းပွဲသို့   နာမည်ကျော် တေးသံရှင်များ လာရောက် ဖျော်ဖြေမည် ဖြစ်သည့်အပြင် အကအဖွဲ့များ၏ ကပြဖျော်ဖြေ တင်ဆက်မှုများ ပါဝင်မည်ဖြစ်ပြီး ကံစမ်းမဲ ဖောက်ပေးမည့် အစီအစဉ် များကိုလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ ''ပွဲမှာပြသမယ့် မင်္ဂလာဝတ်စုံ ဖက်ရှင်တွေက ဒီဇိုင်းဆန်း ဖက်ရှင်ဝတ်စုံတွေ ဖြစ်တာကြောင့် ကြည့်ရှုသူတွေ အနေနဲ့ သဘောကျမှာပါ။ ပွဲကိုလည်း နိုင်ငံတကာ အဆင့်မီ ပုံစံနဲ့ ပြသမှာဖြစ်လို့ ပရိသတ်ရဲ့အားပေးမှု ရမယ်လို့လည်း ယုံကြည်ပါတယ်'' ဟု ၎င်းက ဆက်လက်ပြောသည်။

Read 502 times Last modified on Tuesday, 15 August 2017 14:28