SJ WorldNews - шаблон joomla Авто

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား အသက် ၁၈ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

Thursday, 03 August 2017 15:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ် ၂

၂ဝ၁၇ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား အသက် ၁၈ နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို   ယမန်နေ့ ညနေ ၃ နာရီခွဲက ပျဉ်းမနားမြို့ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း တက်ရောက်အဖွင့် အမှာစကား ပြောကြားပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ အဖွင့်ပွဲစဉ်အဖြစ် တပ်ကုန်းမြို့နယ် လက်ရွေးစင်အသင်းနှင့် ဥတ္တရသီရိမြို့နယ် လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။

ပြိုင်ပွဲဝင်အသင်းများ ယှဉ်ပြိုင်ကစားနေမှုကို နေပြည်တော် ကောင်စီဝင်များ၊ တိုင်း ဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ အားကစားနှင့်   ကာယပညာ ဦးစီးဌာနမှ ဝန်ထမ်းများနှင့်  ပြိုင်ပွဲဝင် အသင်းများဖြစ်ကြသည့်  နေပြည်တော်ကောင်စီ နယ်မြေ အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တို့မှ အသင်း အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုကြသည်။

၂ဝ၁၇ ခုနှစ်   နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား   အသက် ၁၈ နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲကို ပြည်သူများ အားကစားကို ပိုမိုစိတ်ဝင်စားလာစေရန်၊   မြို့နယ်အသီးသီးမှ  ထူးချွန် ထက်မြက်သော အားကစားလူရည်ချွန်များ ပေါ်ပေါက်လာစေရန်၊ လူငယ်အားကစား သမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှုများ တိုးတက်လာ စေရန်နှင့်     နိုင်ငံ့ဂုဏ်ဆောင်နိုင်သော မျိုးဆက်သစ် အားကစားသမားများ ရှာဖွေ ဖော်ထုတ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး သြဂုတ် ၁၇ ရက်တွင် ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Read 388 times Last modified on Friday, 04 August 2017 08:58