SJ WorldNews - шаблон joomla Авто

၂ဝ၃ဝ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး ဆွေးနွေး

Wednesday, 16 August 2017 09:18 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  သြဂုတ်  ၁၅

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်သည် ကုလသမဂ္ဂလက်ထောက် အတွင်းရေးမှူးချုပ်နှင့်အာရှပစိဖိတ်ဆိုင်ရာ  စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ESCAP)၏အမှုဆောင် အတွင်းရေးမှူး Ms. Shamshad  Akhtarအား

ယနေ့နံနက် ၁၁ နာရီခွဲတွင်လည်းကောင်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr. Bhim K. Udas အား မွန်းလွဲ ၂ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့ လွှတ်တော်ဆောင် ဧည့်ခန်းမ၌ သီးခြားစီ လက်ခံ တွေ့ဆုံသည်။

ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ်နှင့် အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင် (ESCAP)၏ အမှုဆောင် အတွင်းရေးမှူးနှင့် တွေ့ဆုံစဉ် ESCAP နှင့် မြန်မာနိုင်ငံလွှတ်တော်တို့ အကြား ပူးပေါင်းဆောင်ရွက်ရေး၊ ကုလသမဂ္ဂ၏ ''၂ဝ၃ဝ ပြည့်နှစ်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး   ရည်မှန်းချက်များ (2030 SDGs)''  အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေး၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒနှင့်     လူမှုဘဝဖွံ့ဖြိုးတိုး တက်ရေး၊   စာရင်းအင်း ကဏ္ဍဖွံ့ဖြိုးရေးတို့ အတွက် နည်းပညာနှင့် အကူအညီများ ပေးအပ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

နီပေါနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နီပေါ-မြန်မာ နှစ်နိုင်ငံအစိုးရ အချင်းချင်း၊ လွှတ်တော်အချင်းချင်း၊  ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အတွေ့အကြုံများ၊ ငြိမ်းချမ်းရေး ဆောင်ရွက်မှုနှင့် ဖက်ဒရယ်စနစ် ကျင့်သုံးရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့    ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

Read 548 times Last modified on Wednesday, 16 August 2017 09:19